Monday, September 7, 2020

လှေစီးပြေးရိုဟင်ဂျာ ၃၀၀ နီးပါး အင်ဒိုနီးရှားကမ်းခြေ ရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 စက်တင်ဘာ၊ 2020 
 အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်ထဲက ပင်လယ်ကမ်းခြေတခုကို ရောကလာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာများ။ (စက်တင်ဘာ ၀၇၊ ၂၀၂၀)  

အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်ထဲက ပင်လယ်ကမ်းခြေတခုကို လှေစီးပြေး ရိုဟင်ဂျာ ၃၀၀ နီးပါးရောက် လာတဲ့အတွက် ကယ်တင်ထားတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ စက်လှေတစီးနဲ့ Ujong Blang ကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဒေသခံတွေ တွေ့ရှိတဲ့အတွက် တာဝန်ရှိသူတွေ ကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ Banda Sakti ရဲချုပ်က ပြောပါတယ်။
စက်လှေနဲ့ ရောက်လာကြသူတွေ အစားအသောက်ရောင်းတဲ့ ဆိုင်တွေနား ယောင်လည်လည်လုပ်နေတာ ကို ဒေသခံတွေ တွေ့ခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ကြတာဖြစ်တယ်လို့ Banda Sakti ခရိုင် ရဲချုပ် Iptu Irwansya ကပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်ထဲက ပင်လယ်ကမ်းခြေတခုကို ရောက်လာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာများ။ (စက်တင်ဘာ ၀၇၊ ၂၀၂၀) 

စက်လှေနဲ့ရောက်လာကြသူ စုစုပေါင်း ၂၉၇ ယောက်ဖြစ်ပြီး၊ အမျိုးသမီး ၁၈၁ ယောက်၊ ကလေး ၁၄ ယောက်ပါတယ်လို့ သူကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါစိုးရိမ်မှု ရှိနေချိန်မို့ သူတို့ကို လောလောဆယ် ယာယီနေရာချထားပေးတယ်လို့ Lhokseumawe မြို့ကြက်ခြေနီအဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဇွန်လတုန်းကလည်း Aceh ပြည်နယ်ထဲမှာ စက်လှေနဲ့ မျောလာတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို အင်ဒိုနီးရှား အာဏာ ပိုင်တွေက အစပိုင်းမှာ ကမ်းကပ်မခံခဲ့တာကြောင့် ငါးဖမ်းသမားတွေ ကယ်ဆယ်ခဲ့ကြရပါတယ်။

မြန်မာအစိုးရစစ်တပ်ရဲ့ နှိမ်နှင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ က တချို့ဟာ ပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းတွေကနေ ပိုကောင်းမယ့် နေရာသစ်ဆီမှာ ခိုလှုံနိုင်ဖို့သွားနေ ကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို စိစစ်လက်ခံသွားမယ်လို့ ပြောထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */