Sunday, September 6, 2020

ရိုဟင်ဂျာခေါင်းဆောင်တချို့ Bhashan Char ကျွန်းကို သွားရောက်လေ့လာ

VOA
 ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
06 စက်တင်ဘာ၊ 2020   
 Bhasan Char ကျွန်းကို သွားရောက်လေ့လာမယ့် ရိုဟင်ဂျာခေါင်းဆောင်များ။ (စက်တင်ဘာ ၆၊ ၂၀၂၀။ ဓာတ်ပုံ - Refugees from Rohingya Camps)
ရိုဟင်ဂျာဒုက္ခသည်တွေကို ပြောင်းရွှေ့ပို့ဖို့ ဘင်္ဂလားဒေ့ရ်ှအစိုးရက စီစဉ်ထားတဲ့ Bhashan Char ကျွန်း ဆီကို ရိုဟင်ဂျာခေါင်းဆောင်တွေ သွားရောက်လေ့လာကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်း တင်ပြ ထားပါတယ်။

Bhashan Char ကျွန်း ဆိုတာကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံ က တိမ်းရှောင် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ်များပြား လွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ရွှေ့ပြောင်းနေရာချထားဖို့ စီစဉ်ထားတဲ့ ပင်လယ် ထဲက ကျွန်းတကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာတော့ မုန်တိုင်းဒဏ် ရာသီဥတု ဆိုးဝါးတဲ့ဒဏ်နဲ့ ဒုက္ခသည်တွေ အတွက် ဆက်သွယ်ရေး နေထိုင်ရေး လုံခြုံရေး အခက်အခဲ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် ဒုက္ခ သည်တွေကလည်း မသွားလိုကြသလို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘက်က လည်း လူမနေသင့်တဲ့ နေရာတခုအဖြစ်နဲ့ စိုးရိမ်နေကြတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

SEE ALSO:  
ဒီ Bhashan Char ကျွန်းမှာ သူတို့စီမံဆောင်ရွက်ထားတဲ့ အခြေအနေကို ကိုယ်တိုင်သွားရောက် လေ့ လာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အစီအစဉ်ဖြစ်တဲ့ “Go and See Visit” ခရီးစဉ်မှာ ရိုဟင်ဂျာဒုက္ခ သည် စခန်း အသီးသီးက ဘာသာရေးခေါင်းဆောင်တွေ၊ စခန်းတာဝန်ခံ ခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသား ၃၈ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ ပေါင်း ၄၀ ဦး လိုက်ပါသွားခဲ့ကြတာပါ။ ဒီကျွန်းခရီးစဉ် မတိုင်ခင်မှာတော့ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်မို့ ဒီကျွန်းကို လိုက်ပါမယ့်သူတွေကို အရင်ဆုံး ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးပြီးမှ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ရိုဟင်ဂျာကိုယ်စားလှယ်တွေဟာကျွန်းပေါ်မှာ ဆောက်လုပ်ထားတဲ့ လူနေ အဆောက် အဦတွေ၊ ဗလီအပါအဝင် ဘာသာရေးကျောင်းတွေ၊ ဆေးရုံတွေ စိုက်ပျိုးခင်းတွေကို လေ့လာခဲ့ ကြသလို ကျွန်းပေါ်က လက်ရှိစခန်းမှာ ခိုလှုံနေကြရတဲ့ လှေစီးပြေးဒုက္ခသည် ၃၀၀ ကျော်နဲ့လည်း တွေ့ဆုံ ခွင့်ရခဲ့တယ်လို့ လိုက်ပါသွားသူတွေက ပြောပါတယ်။
                                                                  


Bhasan Char ကျွန်းကို သွားရောက်လေ့လာမယ့် ရိုဟင်ဂျာ ခေါင်းဆောင်တွေကို ရှင်းပြနေတဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင် များ။ (စက်တင်ဘာ ၆၊ ၂၀၂၀။ ဓာတ်ပုံ - Refugees from Rohingya Camps)


ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ဘာလုခါလီစခန်းရဲ့ ခေါင်းဆောင်၊ အရင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ က အထက် တန်း ပြဆရာ ဆရာနုရ်မာမတ်က ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ ကျွန်းတာ ဝန်ရှိသူတွေ လိုက်လံပြ သ ခဲ့တဲ့ ကျွန်းလေ့လာရေး ခရီးစဉ် အကြောင်း ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“ဒီနေ့မနက် ၉ နာရီခွဲကနေ စပြီးတော့ ကျနော်တို့ကို ခေါ်ထားတယ်၊ ရေတပ်အရာရှိကနေပြီးတော့။ နောက် ဒီမှာရှိနေတဲ့ အဆောက်အဦတွေ လေ့လာကြည့်ကြတယ်။ ဆိုင်ကလုန်းစင်တာ ၁၂၀ တွေ့တယ်။ ဗလီကြီး က ၃ ခုရှိတယ်။ ဆေးရုံကြီး ၂ ခုရှိတယ်။ နောက် မိသားစုနေအိမ်တွေက ၁,၀၀၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ တဝက်လောက် ကျနော်တို့ လေ့လာကြည့်ကြပါတယ်။ ဒီမှာ လူတွေနေနိုင်မလား မနေနိုင်ဘူးလား၊ မိသားစုတွေ ခေါ်လာမှာဆိုရင် အဆင်ပြေမလား မပြေဘူးလား အဲ့ဒါကို လေ့လာခိုင်းတာပါ။

“အစိုးရကတော့ အတင်းခေါ်မယ်မထင်ဘူး။ သူတို့ ပြောတာက မိသားစုတွေ လာချင် လာနေနိုင်တယ်၊ မ လာချင်ရင် သူတို့က အတင်းဆွဲခေါ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ နောက် အဲ့ကျွန်းမှာရှိတဲ့သူတွေနဲ့ တွေ့ပါတယ်။ အစိုးရထားထားတဲ့ ၃၀၆ ယောက်ပါ၊ ကလေးတွေလည်းပါတယ်။ ယောက်ကျားလေးတွေ ရှိတဲ့နေရာကို သွားတွေ့ပြီး ဆွေးနွေးခိုင်းတယ်။ သူတို့နဲ့ အပြန်အလှန် ပြောလို့ရခဲ့ပါတယ်။ နောက် အမျိုး သမီးတွေကို အမျိုးသမီးရှိတဲ့နေရာ သွားခိုင်းတယ်။ သူတို့လည်း ကျနော်တို့လို အပြန်အလှန် ပြောလို့ရ ပါတယ်။”

Bhashan Char ခရီးစဉ်မှာ လိုက်ပါသွားသူ နောက်တဦးဖြစ်တဲ့ မော်လဝီ ဘာသာရေးခေါင်းဆောင် တဦး က လည်း သူမြင်တွေ့ခဲ့သမျှ ဗွီအိုအေကို ပြောပြပါတယ်။

“မနက်စာစားပြီးတော့ ကျနော်တို့ကို ကားတွေနဲ့ တင်ခေါ်ပြီး ဒီမှာဆောက်ထားတဲ့ နေအိမ်တွေကို လိုက်ပြ ရှင်းပြတယ်။ ခင်ဗျားတို့ ဒီမှာနေရမယ်၊ ဒီမှာ ထမင်းချက်တဲ့အခန်း၊ ဒီမှာ ရေချိုးခန်း၊ ဒီလို စသဖြင့် အဲ့ဒါတွေ ကို ကျနော်တို့ကို ရှင်းပြတယ်။ နောက် ဆေးရုံကိုလည်း ကျနော်တို့ကို သွားကြည့်ခိုင်းတယ်။ ဆေးရုံကို လေ့ လာပြီးတော့ ငါးကန်၊ ပုဇွန်ကန်ကို သွားလေ့လာတယ်။ နောက် ဝတ်ပြုဆုတောင်းတဲ့ ဗလီကို သေချာသွား ကြည့်ပါတယ်။ နောက် ကမ့်ပ်ထဲမှာ လူ ၃၀၆ ယောက်ကိုတွေ့တော့ သူတို့အခြေအနေ ဘယ်လိုလဲ၊ ဘယ် လိုစားသောက်နေရလဲ ဆိုတာတွေ သူတို့ အပြန်အလှန်ဆွေးနွေးပြီး စကားတွေပြောပြီးတော့မှ အခု ကျေ နာ် တို့ ပြန်လာတယ်။”

မဆုမွန် - ဟုတ်ကဲ့၊ အခု ဒီနေ့စပြီးတော့ ကျွန်းကိုသွားလေ့လာကြတယ်ပေါ့နော်။ ဒီကျွန်းမှာ ဒုက္ခသည် တွေေ နဖို့ သင့်တော်တဲ့နေရာတခုလို့ မြင်လား။ ဒါမှမဟုတ် တကယ်လို့ သူတို့နေဖို့ သူတို့အတွက် ဘယ် လိုအခက်အခဲတွေ ရှိနေမယ်လို့ မြင်ပါလဲရှင့်။

မော်လဝီ ဘာသာရေးခေါင်းဆောင် - “ကျနော်တို့က ပြောဖို့ကတော့ ခက်တယ်။ ပြောဖို့ခက်တယ်ဆိုတာက အခု ကျွန်းမှာမြင်ခဲ့ရသလောက်ကတော့ အခုဆောက်ထားတဲ့ အဆောက်အဦတွေ ကျနော်တို့ လူနေဖို့ ကတော့ မပြည့်စုံသေးဘူးလို့ပဲ အဲ့လိုပဲ ကျနော်ပြောချင်တယ်။”

အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်တဲ့ ဒီကျွန်းခရီးစဉ်အတွင်း လေ့လာတွေ့ရှိခဲ့တာတွေ၊ သူတို့ရဲ့ သုံးသပ် ချက် အမြင်တွေကို သူတို့ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်း ပြန်ရောက်ချိန်မှာမှ စခန်းက ဒုက္ခသည်တွေကို ပြန်လည်ရှင်းပြ ဆွေးနွေးမှာပါလို့ လိုက်ပါသွားသူ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါပေမယ့်လည်း လက်ရှိ COVID-19 ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာပဲ ဒုက္ခသည်စခန်းတွေထဲ စခန်းတွင်း မှာတောင် လူစုလူဝေးနဲ့ အပြင်ထွက်သွားလာခွင့် ပိတ်ပင်ခံထားရတဲ့ ဒုက္ခသည်တွေက သူတို့ကို လူသူ မနီး တဲ့ ဒီ Bhashan Char ကျွန်းဆီကို ပြောင်းရွှေ့ခိုင်းမှာကို အတော်လေး စိုးရိမ်နေကြတာပါ။ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်က သူ့စိုးရိမ်ချက်ကို ပြောပြပါတယ်။

“ဒီခရီးစဉ်က အစိုးရရဲ့ အစီအစဉ်ပါပဲ။ အဲဒီကျွန်းမှာ တိုက်တို့ ဆိုင်ကလုန်းစင်တာတို့ ဆောက်ထားတာ ရှိ တယ်လေ။ သူတို့အစီအစဉ်ကို အောင်မြင်စေချင်လို့ပေါ့နော်။ ဆိုင်ကလုန်းစင်တာတွေ ဆောက်ပေးထား တာ အကုန်လုံးက သိပြီးသားပါ။ ဒါပေမယ့် ဒီကျွန်းရဲ့ လေးဖက်စလုံးက ပင်လယ်ပေါ့နော် ရေတွေချည်းပဲ။ နောက် ကုန်းမြေရဲ့ ခိုင်မြဲမှု တည်ငြိမ်မှုက သွားလေ့လာတဲ့လူတွေက ဆုံးဖြတ်လို့မရဘူးလေ။ ဒါက တ ကယ့် ပညာရှင်တွေ နိုင်ငံတကာပညာရှင်တွေရဲ့ အဆုံးအဖြတ်လိုတယ်။ နောက်ပြီး ဒီမှာရှိတဲ့ လူအများက အဲ့ကျွန်းကို သွားမယ့်ဟာကို လက်မခံပါဘူး။ သူတို့က သဘောမကျပါဘူး။ လူအနည်းငယ်တော့ ရှိကောင်း ရှိနိုင်တယ်။ ဒါလည်း သေသေချာချာ ပြောလို့မရပါဘူး။ အများစုက မသွားချင်ကြဘူး၊ မြန်မာနိုင်ငံကိုပဲ ပြန် လိုချင်ကြတယ် အကုန်လုံးက။”
                                                              
 SEE ALSO:
ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေအကြား Bhasan Char ကျွန်းပို့မယ့်အရေး စိုးရိမ်မှုဖြစ် 


ဦးအောင်မြိုင်ပြောသလိုပဲ ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကလည်း ကျွန်း ကိုသွားမယ့်အစား နေရပ်ရင်းကိုပဲ ပြန်လိုတာပါ။

“ဒီမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်တွေက မိမိတို့ရဲ့ နေရပ်ရင်းကိုပဲ ပြန်ချင်နေ ကြ တာပါ။ ကျနော်တို့ရဲ့ မူလ နိုင်ငံသားအခွင့်အရေး ရတာနဲ့ နေရပ်ကိုပဲပြန်ဖို့ အစီအစဉ် ချထားပါတယ် ခင် ဗျ။ တကယ်တော့ ဒီ Bhashan Char ကျွန်းဆိုတာ ပင်လယ်ရဲ့အလယ်မှာ ရှိနေတာ။ နောက် ကမ္ဘာကြီး နဲ့ ဆက်သွယ်တာရော၊ နောက် ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ဆက်သွယ်တာရော ကျနော်တို့ အားလုံးနဲ့ အ ဆက် အသွယ် ပြတ်တောက်သွားနိုင်ပါတယ်။ နောက် ပိုဆိုးတာ အဲ့မှာ ဆိုင်ကလုန်းမုန်တိုင်း၊ နောက် ဆူ နာမီတို့ အဲ့လိုမျိုးတွေဖြစ်လာရင် လူတွေရဲ့အသက် ဆုံးရှုံးနိုင်တာ ရှိတဲ့အတွက်ကြောင့် ကျနော်တို့က အရမ်းကို အင်မတန်မှ စိုးရိမ်နေကြတာပါခင်ဗျာ။”

ဒုက္ခသည်တွေကို Bhasan Char ကျွန်းမှာ ပြောင်းရွှေ့ဖို့ အရင်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက စီ စဉ်ခဲ့ဖူးပေမယ့် ဝိုင်းဝန်းကန့်ကွက်မှုတွေနဲ့ အောင်မြင်မှု မရခဲ့တဲ့နောက် အခုတကြိမ်ကတော့ ပထမဆုံး အကြိမ် ရိုဟင်ဂျာခေါင်းဆောင်တွေကို ကျွန်းကိုလေ့လာဖို့ အာဏာပိုင်တွေက စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေဘက်က နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်လိုတယ်လို့ ဆိုပေမယ့် နှစ်နိုင်ငံ သဘောတူညီ ထား တဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေကတော့ နှောင့်နှေးနေဆဲ ရှိပါတယ်။ မြန်မာအစိုး ရ ဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်လက်ခံသွားမယ်လို့တော့ ပြောထားပြီးသား ဖြစ်ပါတယ်။

   
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */