နိရဉ္စရာ
နိရဉ္စရာ၊ စက်တင်ဘာ ၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ဒုချရားတန်းရွာတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည့် စစ်ကြောင်း တစ်ခုနှင့် ဘင်္ဂလီ အကြမ်းဖက်သမားများ အကြား စက်တင်ဘာ ၄ ရက်နေ့ ညနေက ပြင်း ထန်စွာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နိရဉ္စရာ၊ စက်တင်ဘာ ၅
“ တိုက်ပွဲ ဖြစ်ပွားတာက ညနေ ၃ နာရီမှာ စဖြစ်တာပါ။ သူတို့က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ် ကြောင်းကို ရွာထဲကနေ ခံချတယ်။ ဗလီထဲကနေ စပစ်တယ်လို့ သိရပါတယ်။ တပ်ကပြန်ပစ်ပြီး ရွာထဲကို ဝင်ရှင်းတော့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပါတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားရပါတယ်” ဟု တိုက်ပွဲ ဖြစ်ပွားရာ အနီးမှ ကျေးရွာသား တစ်ဦးက ပြောသည်။
တိုက်ပွဲ ဖြစ်ပွားမှုမှာ ညနေ ၇ နာရီကျော်မှ ရပ်သွားခဲ့သည်ဟု ဆိုသည်။
“ အဲဒီ ဘင်္ဂလီ အကြမ်းဖက်သမားတွေဘက်ကလည်း လက်နက်တွေနဲ့ ပြန်ပစ်တယ်။ တပ်ကလည်း တော်တော်ကို ရှင်းယူရပုံရပါတယ်။ တိုက်ပွဲက သုံးနာရီထိကြတော့ အနီးဝန်းကျင်တစ်ခုလုံး ပစ်ခတ်သံ တွေနဲ့ ဆူညံနေတော့တာပါဘဲ။ နောက်တော့ ဒုချရားတန်းရွာ မီးလောင်တာကို မြင်ရပါတယ်” ဟု သူက ဆက်ပြောသည်။
ဘယ်သူက မီးရို့တာပါလဲဟု မေးမြန်းရာ သူက “ သူတို့ ဘင်္ဂလီတွေကဘဲ ကိုယ့်ရွာကို ကိုယ်မီးရှို့ပြီး ထွက်ပြေးကြတာ။ မီးရှို့တယ်။ နောက်ဆုတ်တယ်။ ပစ်ခတ်တယ်။ ဒီလိုဘဲ လုပ်နေကြတာ” ဟု ပြောဆို သည်။
ယမန်နေ့ ညနေက နရုလာ၊ ဇော်မတက် ကျေးရွာ အပါအဝင် အနီးအနားရှိ ဘင်္ဂလီကျေးရွာ ၅ ရွာခန့် မီးလောင်ခဲ့သည်ဟု သိရသည်။
ယခုတိုက်ပွဲ ဖြစ်ပွားခဲ့သည့် ကျေးရွာသည် ဒုတပ်ကြပ် အောင်ကျော်သိန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ကျေးရွာ ဖြစ်သည်။
Link : Here
No comments:
Post a Comment