VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်
07 ဇူလိုင်၊ 2020
ကိုဉာဏ်ဝင်းအောင်
07 ဇူလိုင်၊ 2020
လူ့အခွင့်အရေး ချိုးဖေါက်ကျူးလွန်တဲ့ စပွ်စွဲချက်နဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက တနင်္လာနေ့မှာ ဒဏ်ခတ်အရေး ယူလိုက်တဲ့ အကြောင်းကို ကိုဉာဏ်ဝင်းအောင် က တင်ပြပေးမှာပါ။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် အခြားတိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့ တဲ့ လူအခွင့်အရေး ချိုးဖေါက်မှုတွေအတွက် တာဝန်အရှိဆုံး မြန်မာစစ်ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ကာကွယ် ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက ပိတ် ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဇူလိုင်(၆)ရက် တနင်္လာ နေ့မှာ ကြေညာသ ွားပါတယ်။
" မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို အစီအစဉ်တကျနဲ့ ကျုးလွန်ခဲ့တဲ့ အတွက် သူတို့ကိုလည်း အခု အရေးယူဒဏ်ခတ်မှုမှာ ထည့်သွင်းပါတယ်" လို့ ဗြိတိန်ဝန်ကြီးက ပြောသ ွား တာပါ။
မြန်မာ ထိပ်တန်းစစ်ခေါင်းဆောင် နှစ်ဦးကို ဗြိတိန်အစိုးရက Magnitsky Act အရ အရေးယူလိုက်တာ ဖြစ် ပါတယ်။ စစ်တပ်ကရော မြန်မာအစိုးရကပါ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။
ဗြိတိန်နိုင်ငံဟာ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်နေချိန်တုန်းက EU တခုလုံးရဲ့မူဝါဒအရ မြန်မာစစ်တပ်နဲ့ စစ် ခေါင်း ဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး အဆိုဟာ ရှုံးနိမ့်ခဲ့ရတာကြောင့် အခုအခါ ဗြိတိန်က EU ကနေ ခွဲထွက်လာပြီမို့ မြန်မာ စစ်ခေါင်းဆောင်တွေကို အခုလို အရေးယူလာတာဖြစ်တယ်လို့ Burma Campaign UK မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ Mark Farmaner က VOA မြန်မာပိုင်းကို ပြောပါတယ်။ ဒါပေမဲ့ ဗြိတိန်ရဲ့ အခုပိတ်ဆို့မှုဟာ ဟန်ပြသက်သက်သာ ဖြစ်တယ်လို့ သူက ဝေဖန်လိုက်ပါတယ်။
" ဗြိတိသျှအစိုးရရဲ့ ဆုံးဖြတ်ချက်က ဟန်ပြ အရေးယူ ပိတ်ဆို့မှုသာဖြစ်ပြီး လုံလောက်တဲ့ အရေးယူမှု မဟုတ် ပါ ဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဒီနိုင်ငံကို အလည်အပတ်ခရီး လာရောက်မှာ မဟုတ်သလို၊ ဒီနိုင်ငံမှာ သူ့စီးပွားရေးလုပ်ငန်းတွေလည်း မရှိပါဘူး။ သူ့ ဘဏ်ငွေစာရင်းလည်း မရှိပါဘူး။ ဒါကြောင့် ထိ ရောက်မှု မရှိနိုင်ပါဘူး။ "
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေ အပေါ်မှာသာမက တိုင်းရင်းသားဒေသတွေမှာပါ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေဆဲ ဖြစ်တာကြောင့် ဒါကို ထိရောက်စွာ တားမြစ်ဖို့လိုတယ်လို့ Mark Farmaner က ထောက်ပြပါတယ်။
" ကျနော်တို့အနေနဲ့ကတော့ မြန်မာစစ်တပ်အပေါ် ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုမျိုးကို ချမှတ်စေချင် တာ ပါ။ မြန်မာစစ်တပ်နဲ့ ပတ်သက်သမျှ စီပွားရေးလုပ်ငန်း အားလုံးကို ပိတ်ဆို့ဖို့ လိုပါတယ်။ ဥပမာ- မြန်မာစစ် တပ်ပိုင် ဦးပိုင်လီမီတက်လိုဟာမျိုး၊ MEC (မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း)၊ Mytel ၊ မြန်မာဘီယာ စတဲ့ လုပ် ငန်းတွေက မြန်မာစစ်တပ်နဲ့ ခေါင်းဆောင်တွေအတွက် ဝင်ငွေ ရနေတာပါ။ ဒီဝင်ငွေတွေနဲ့ မြန်မာစစ် တပ်က လက်နက်သစ်တွေ စုဆောင်းပြီး တိုင်းရင်းသားဒေသ စစ်ပွဲတွေမှာသုံးရင်း လူ့အခွင့်အရေး ချိုးဖေါက် မှုတွေ ဖြစ်လာတာပါ။ "
ဗြိတိသျှအစိုးရက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့ ပေမယ့် ၊ ဗြိတိသျှကုမ္ပဏီတွေ က တော့ မြန်မာစစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်နေတာကိုတော့ မတား ဆီးဘူးလို့ Mark Farmaner ကထောက်ပြ အပြစ်တင်ပါတယ်။ အဲဒီထဲမှာ ထင်ရှားတာက ရန်ကုန်မြို့က မြန် မာစစ်တပ်ပိုင် TMT ဆိပ်ကမ်းလည်ပတ်မှုမှာ Portia Management Services ဆိုတဲ့ ဗြိတိန်ကုမ္ပဏီက အကျိုး တူလုပ်ခဲ့တာကို ထောက်ပြပါတယ်။
Global Magnitsky Human Rights Accountability Act (Magnitsky Act) ဟာ ကမ္ဘာလုံးဆိုင်ရာ ဥပဒဖြေစ် ပြီး လူ့အခငွ့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ ဥပဒအေဖြစ် သမ္မတ အိုဘားမားလက်ထက် ၂၀၁၂ ဒီဇင်ဘာလက အမေရိကန် အောက်လွှတ်တော်မှာ ပြဌာန်းခဲ့တာဖြစ်ပါတယ်။
ရုရှားအာဏာပိုင်တွေရဲ့ အခွန်ရှောင်လွဲမှုကို ဖေါ်ထုတ်ခဲ့တဲ့ ရှေ့နေ Sergei Magnitsky အကျဉ်းထောင်တွင်း မှာ သေဆုံးခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ရုရှားအစိုးရ တာဝန်ရှိသူတွေကို အရေးယူဖို့ ပြဌာန်းခဲ့ ရာက ၂၀၁၆ မှာ ကမ္ဘာလုံးဆိုင်ရာ ဥပဒေအဖြစ် ကျင့်သုံးလာကြတာပါ။ Magnitsky Act ပြဌာန်းချက်အရ လူ အခွင့် အရေးချိုးဖေါက်မှု ကျူးလွန်သူတွေရဲ့ ပိုင်ဆိုင်မှု၊ ဘဏ်စာရင်းတွေကို ထိန်းချုပ်တာ သိမ်းဆည်းတာ တွေ လုပ်ပိုင်ခွင့်ရှိပြီး ၊ အဲဒီလူတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။
၂၀၁၉ ဒီဇင်ဘာလတုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် ၉၉ ခြေ လျင် တပ်မမှူး ဗိုလ်ချုပ်သန်းဦးနဲ့ အမှတ် ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ် အောင်အောင်တို့ကို ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်ဆိုပြီး Magnitsky Act နဲ့ အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူမှု ချမှတ်ထားပါတယ်။
အလားတူ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွပ် ကဲမှု ဌာန ချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့် တပ်ဖွဲ့မှူးအဖြစ် ကွပ်ကဲခဲ့ရတဲ့ ရဲမှူးချုပ် သူရ စန်းလွင် ၊ ခြေမြန်တပ်မ ၉၉ နဲ့ ၃၃ တို့ကို Magnitsky Act အရ ၂၀၁၈ သြဂုတ်လမှာ အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူခဲ့ပါတယ်။
ဇူလိုင်လ(၆)ရက် တနင်္လာနေ့တုန်းက Magnitsky Act နဲ့ ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့တဲ့အထဲမှာ မြန်မာ စစ်ခေါင်းဆောင် နှစ်ဦးသာမက ရုရှား ၊ ဆော်ဒီ၊ မြောက်ကိုရီးယားနိုင်ငံတွေက လူပုဂ္ဂိုလ်တဦးချင်းနဲ့ အဖွဲ့ အစည်း အားလုံးစုစုပေါင်း ၄၉ ခု ပါဝင်တာဖြစ်ပါတယ်။ ရုရှားအာဏာပိုင်တွေကိုတော့ ရှေ့နေ Sergei Magnitsky သေဆုံးခဲ့မှုမှာ ပတ်သက် ဆက်နွှယ်မှု အတွက် အရေးယူတာဖြစ်ပြီး ၊ ဆော်ဒီ ထိပ်တန်း ထောက် လှမ်းရေးအရာရှိတွေကိုတော့ သတင်းထောက် Khashoggi သေဆုံးခဲ့မှုမှာ ပါဝင်ခဲ့တဲ့အတွက်လို့ အကောင်း ပြပါတယ်။ မြောက်ကိုရီးယား နိုင်ငံတော် လုံခြုံရေးဗျူရိုနဲ့ ပြည်သူ့လုံခြုံရေး အကျဉ်းဦးစီးဌာန တွေကိုတော့ အကျဉ်းစခန်းတွေဖွင့်ပြီး အဓမ္မ လုပ်အားခိုင်းစေမှု တွေကြောင့် ဖြစ်ပါတယ်။
Link : Here" မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို အစီအစဉ်တကျနဲ့ ကျုးလွန်ခဲ့တဲ့ အတွက် သူတို့ကိုလည်း အခု အရေးယူဒဏ်ခတ်မှုမှာ ထည့်သွင်းပါတယ်" လို့ ဗြိတိန်ဝန်ကြီးက ပြောသ ွား တာပါ။

No comments:
Post a Comment