" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 7, 2020

ရိုဟင်ဂျာစခန်းတွင်း ကိုဗစ်ကူးစက်မှုတိုးလို့ ဒုက္ခသည်တွေ စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
07 ဇူလိုင်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ Kutupalong ဒုက္ခသည်စခန်းအနီးမှာ တွေ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့။ (ဧပြီ ၀၁၊ ၂၀၂၀)

သိန်းချီတဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက COVID 19 ကူးစက်ခံရမှု နောက်ဆုံးအခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေကို စုစည်းတင်ပြချင်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။                                                                                                  
   
                                                                                
 သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်း တွေ ထဲ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်နေကြချိန်မှာပဲ အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၇၂၄ ဦးကို ကိုဗစ်ရောဂါပိုးရှိ-မရှိ စစ်ဆေးခဲ့ပြီးတဲ့နောက် COVID-19 ရောဂါပိုးကူးစက်ခံထားရသူ ဒုက္ခသည် ၅၄ ဦးအထိရှိနေပြီး ဒုက္ခသည်စခန်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် မပြန့်ပွားအောင် အောင်မြင်စွာ ထိန်း ချုပ်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်ကို ကိုးကားပြီး AFP သတင်းက ဇူလိုင်လ ၇ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြပါရှိပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ Kutupalong ဒုက္ခသည် စခန်းအနီးမှာ အစားအသောက်တွေ ယူဖို့ တန်းစီနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့။ (ဧပြီ ၁၅၊ ၂၀၂၀)

ဒါပေမဲ့လည်း သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ စုပြုံနေထိုင်ရာ စခန်း အသီး သီးမှာတော့ အခုအချိန် စည်းကမ်းချက်တွေ တင်းကျပ်စွာ ချမှတ်ထားဆဲဖြစ်ပြီး စခန်းတွင်းနဲ့ စခန်း ပြင်ပ ကူးလူးဆက်ဆံမှု ပိတ်ပင်တာ လူစုလူဝေး လုပ်ခွင့်မပေးတာ ငါးဦးထက် ကျော်လွန်ပြီး ဝတ်ပြုဆု တောင်း ခွင့်မပြုတာအပါအဝင် အခုအချိန်ထိ ဒုက္ခသည်စခန်းတွေထဲမှာလည်း လူစုလူဝေးနဲ့ လှုပ်ရှားသွား လာ မှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

အခုအချိန်အထိ ကိုဗစ်ရောဂါစစ်ဆေးတာအပါအဝင် Quarantine နေထိုင်ဖို့ အသွားအလာကန့်သတ် မှုတွေ ကို ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ စိုးရိမ်တကြီးကြောက်လန့်မှုတွေနဲ့ ပုန်းရှောင်နေကြတာကြောင့် မလိုလား အပ်တတွေ မဖြစ်အောင် ဘာသာရေးခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်အချင်းချင်းကပဲ ပညာပေး စည်းရုံးမှုတွေ လုပ်သင့်ပါတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦး အောင်မြိုင်က အကြံပြုပါတယ်။

"စခန်းတွေကို အသံချဲ့စက်နဲ့ လိုက်လံပြီးတော့ အသိပညာပေးတာရှိပါတယ် ပြီးတော့-NGO INGO တွေ ဘက်က လည်း အသိပညာပေးတာလည်းရှိပါတယ်။ ဒါပေမဲ့ ဒီ့ထက်အများကြီး ပညာပေးဖို့ လည်းလိုတယ်။ ပြီးတော့ isolation အပိုင်း Quarantine အပိုင်းတွေလည်း လူတွေကို ဥပမာအားဖြင့် ဘာသာရေးခေါင်း ဆောင်တွေပေါ့နော် စစ်တကောင်းတို့ ဒါကာတို့ကနေ မော်လဝီခေါင်းဆောင်တွေရော ဒီက ဘာသာရေး ခေါင်းဆောင်တွေကိုလည်းခေါ်ပြီးတော့ အဲ့လိုဆွေးနွေးမှုတွေပေးမယ်ဆိုရင် အသိပညာပေးမယ် ဆိုလို့ရှိရင် ပိုပြီးတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေကိုလည်း ခေါ်လာရမှာ။ နောက်နောက် ကမ့် တွေထဲမှာ တချို့တွေရှိတယ် မြန်မာပြည်မှာတုန်းက NGO တွေ အလုပ် လုပ်ခဲ့တဲ့သူတွေရှိတယ်။ သူတို့က ဒီမှာ ဒုက္ခသည်စခန်းတွေမှာကျတော့ စေတနာ့ဝန်ထမ်းအနေနဲ့ အဲ့လိုမျိုး ကျွမ်းကျင်မှုရှိတဲ့လူတွေကို ခန့်မယ် ဆိုရင်လည်း သူတို့က လူတွေကို နားလည်အောင် ရှင်းပြလို့ရမှာပါ။"


SEE ALSO:

အထူးသဖြင့် ကိုဗစ်ရောဂါပိုးရှိခဲ့မယ်ဆိုရင် စခန်းတွေနဲ့ဝေးရာ ကျွန်းတွေ ဆီ သီးခြားပို့ဆောင်ခံရမှာကိုလည်း စိုး ရိမ် တာကြောင့် ဒုက္ခသည်တွေက အစစ်မခံရဲဘဲ ပုန်းရှောင်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလအတွင်း အသွားအလာတွေကန့်သတ်ထားတာ တဦးနဲ့ တဦး ခပ်ခွာခွာနေဖို့SocialDistancing တွေ ကမ့်ထဲမှာ တင်းကြပ်စွာ စည်းမျဉ်းထုတ်ထားတဲ့အချိန်မှာ ဒုက္ခသည်တွေကြား အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ မိသားစုထဲအဆင်မပြေမှုတွေ များလာတဲ့အတွက် ဦးအောင်မြိုင်တို့လို စေတနာ့ဝန် ထမ်းတွေဘက်က ကျားမတန်း တူရေးနဲ့ အိမ်တွင်းအကြမ်းဖက်မှု မဖြစ်အောင် ပညာပေး ဖြောင်းဖြဆွေးနွေး မှုတွေ လုပ်နေပါတယ်။

"အဓိက ကိုဗစ်ကာလမှာ Domestic Violence ဖြစ်တာများတယ်။ ဘာကြောင့်လဲဆိုတော့ ယောက်ကျား မှာ လည်း အလုပ်မရှိဘူး အိမ်ထဲမှာပဲနေရတယ်ဆိုတော့-စိတ်က Pressure တွေ များတာပေါ့နော်။ ဒါကြောင့် ဒီမှာ Domestic Violence တွေ များလာတယ်။ များတယ်ဆိုတော့ဒီကိုဗစ်ကာလမှာ ဒီလိုအန္တရာယ်တွေကနေ ကင်းလွတ်အောင် ကျားရော၊ မရော အလုပ်ကို ခွဲဝေပြီးတော့ လုပ်ရမယ်။ အဖွားအို၊ အဖိုးအို အိမ်မှာရှိမယ် ဆို ရင် နှစ်ဘက်စလုံးက မိန်းမရော၊ ယောကျ်ားရောက ခွဲဝေပြီးတော့ တာဝန်ယူ အလုပ်လုပ်ဖို့။ ပြီးတော့ က လေးလေးတွေရှိတယ်ဆိုရင် အဲ့ဒီ့ကလေးတွေကို နှစ်ယောက်စလုံးက အတူတကွ ကာကွယ်စောင့်ရှောက် ဖို့ ကျနော်တို့က အဲ့လိုစနစ်တွေနဲ့ပညာပေးတာရှိပါတယ်။"

SEE ALSO:
ဒုက္ခသည်စခန်းတွေထဲမှာ ကိုဗစ်ကူးစက်မှု အခြေအနေ ဆိုးလာမှာကို နဂိုကမှ ဒုက္ခသည်တွေက စိုးရိမ်နေ ကြရတဲ့အထဲ အခုလိုကူးစက်မှုတွေဖြစ်လာချိန် စစ်တပ်နဲ့ ရဲလုံခြုံရေးတွေအပါအဝင် ကမ့်တာဝန်ရှိသူတွေ ဘက်က ဒုက္ခ သည်တွေကြား အသွားအလာ အဝင်အထွက် ပိတ်ပင်တားဆီးမှုတွေနဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေဆဲအခြေ အနေကြောင့် ဒုက္ခသည်တွေက ပိုပြီးတော့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည် ကိုကာမေလ်က ပြောပြပါတယ်။

"COVID 19 ကာလမှာကတော့ စခန်းတွေထဲမှာ အကုန်လုံး Lockdown နဲ့နေနေကြရတာ ဒုက္ခသည် စခန်းထဲ အပြင်ကို လုံးဝ ထွက်လို့မရဘူး။ ဒုက္ခသည်စခန်းထဲ အင်မတန်ကို ကျဉ်းကြပ်တဲ့ နေရာတနေရာမှာ နေ ကြရတယ်ဆိုတော့ ကျနော်တို့က ဒီမှာ သိပ်ကြာကြာ မနေချင်ကြတော့ဘူး။ကလေးတွေလည်း ပညာရေးစ နစ်က မရတော့ တော်တော်ပျက်စီးနေကြပြီ။ ဒီမှာနေကြရတာ သုံးနှစ်တောင်ကျော်ပြီ။ အဲ့တာကြောင့်မို့လို့ မြန်မာနိုင်ငံ အစိုးရအ နေ နဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုချင်တာ တခုပဲရှိပါတယ်။ အမြန်ဆုံး တန်းတူအခွင့်အ ရေးပေးပြီးတော့ ပြန်ခေါ်မယ်ဆိုရင် ပိုပြီးတော့ ကျနော်တို့အတွက် အဆင်ပြေ မယ်လို့။"

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ဆက်တွဲ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တာကြောင့် အဲဒီ မှာရှိတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရတာပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ လက်ခံရေး ဆောင် ရွက်ချက်သဘောတူညီမှုတွေနဲ့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

အခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဇူလိုင်လ ၇ ရက်နေ့အထိ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ COVID 19 ကူးစက်သူပေါင်း ၁၇၀,၀၀၀ နီးပါးနဲ့ သေဆုံးသူပေါင်းက ၂,၁၀၀ ကျော်အထိ ရှိသွားပြီဖြစ် ပါ တယ်ရှင်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */