Friday, June 12, 2020

ICC အရာရှိတချို့အပေါ် သမ္မတ Trump ပိတ်ပင် အရေး ယူမှုတွေ ချမှတ်

VOA
 ဗွီအိုအေ (မြန်မာပိုင်း)
12 ဇွန်၊ 2020  
The Hague ရှိ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး
 
ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက အမေရိကန်စစ်တပ် တပ်သားတွေနဲ့ ထောက်လှမ်းရေးတွေရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်စဉ် အမှားကျူးလွန်မှု ရှိမရှိ စုံစမ်း စစ်ဆေးနေတဲ့အတွက် ICC အရာရှိတွေကို သမ္မတဒေါ်နယ်ထရမ့်က ခရီးသွားနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ပိတ်ပင် အရေးယူမှုတွေ ကြာသပတေးနေ့မှာ ချမှတ်လိုက်ပါတယ်။
ICC ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသာလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအတွက် ကြုံရ လေ့မရှိတဲ့ ထူးခြားတဲ့ ခြိမ်းခြောက်မှု တခု လို့ သမ္မတထရမ့်က ခေါ်ဆိုပြီး အရေးပေါ်အခြေနေအဖြစ် ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံတွင်းကို ICC အရာရှိတွေ ဝင်ရောက်ခွင့် ပိတ်ပင်တဲ့အပြင် သူတို့ကို အမေရိကန်နိုင်ငံတွင်း ငွေကြေးနဲ့ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအတွက်ပါ တားမြစ်လိုက်တာပါ။ ဒါပေမယ့် ICC အရာရှိ ဘယ်နှစ်ယောက်ကို အရေးယူတယ်၊ ဘယ်သူ့ကို အရေးယူတယ် ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

ICC ဖွဲ့စည်းတဲ့ Rome စာချုပ်ကို အမေရိကန်ပြည်ထောင်စုက လက်မှတ်ရေးထိုးထားတာ မဟုတ်တဲ့အတွက် အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေး အရာရှိတွေကို ICC စုံစမ်းစစ်ဆေးခွင့် မပေးနိုင်ဘူးလို့ သမ္မ တထရမ့်နဲ့ သူ့ရဲ့ထိပ်တန်းအရာရှိတွေက ပြောပါတယ်။

နိုင်ငံတော် ရှေ့နေချုပ် William Barr ကလည်း ICC ကို ရုရှားလို နိုင်ငံတွေက အသုံးချနေတာကြောင့် အမေရိကန် တွေ မမှန်တာလုပ်တယ်လို့ စွပ်စွဲပြီး ICC ရဲ့ စုံစမ်းမှုဟာ ကမ္ဘာ့အလယ် အမေရိကန်ရဲ့ ရပ်တည် ချက်ကို ထိခိုက်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ အတွက် ၂၀၁၇ မှာ ICC က စတင်စုံစမ်း ခဲ့တာ ဖြစ်ပါတယ်။ 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */