Tuesday, June 9, 2020

ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည် ၂၆၀ ကျော် မလေးကို ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇွန်၊ 2020
၂၀၁၈ ခုနှစ်အတွင်း Langkawi ကျွန်းကိုရောက်လာသည့် ရိုဟင်ဂျာဒုက္ခသည်များ (မှတ်တမ်းဓာတ်ပုံ) 

မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် လှေစီးပြေးဒုက္ခသည်တွေကို တားမြစ်နေတဲ့ကြား ကပဲ ၊ ရိုဟင်ဂျာ ၂၆၀ ကျော်ဟာ လှေစီးခရီးနဲ့ တနင်္လာနေ့မှာ မလေးရှားနိုင်ငံကို ရောက်လာတယ်လို့ တာ ဝန်ရှိသူတွေက ပြောပါတယ်။

မလေးရှား အနောက်မြောက်ဘက် လမ်ကာဝီကျွန်းနားမှာ တနင်္လာနေ့တုန်းက သံသယရှိဖ ွယ် လှေတစင်း ကို မလေးရှားကမ်းရိုးတန်းစောင့် သင်္ဘောက ရှာတွေ့ခဲ့ပြီး နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်မောင်းထုတ်ဖို့ လုပ် ရင်း ၊ အနားကိုချဉ်းကပ်သ ွားချိန်မှာ ရိုဟင်ဂျာ (၅၃)ဦး ပင်လယ်ထဲ ခုန်ချပြီး အဖမ်းခံခဲ့တယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။ စစ်ဆေးတေ ွ့ရှိတဲ့ အခြားလှေတစင်းပေါ်မှာ နောက်ထပ် ရိုဟင်ဂျာ( ၂၁၆)ဦ းပါဝင်ပြီး ၊ လှေပေါ်မှာ အမျိုးသမီး တဦး သေဆုံးနေတာ တွေ့ရတယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန် ချက်မှာ ဖေါ်ပြပါတယ်။

သူတို့စီးလာတဲ့ လှေကလည်း ပျက်စီးနေပြီး ပြန်ပြင်သုံးနိုင်တဲ့အနအေထားမှာ မရှိတာကြောင့် ပြန်မောင်း ထုတ်ရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း အဲဒီြကေညာချက်က ဆိုပါတယ်။ အခုဖမ်းမိထားတဲ့ ရို ဟင်ဂျာ စုစုပေါင်း (၂၆၉)ဦးနဲ့ သူတို့လှေကို လာကာဝီကျွန်းပေါ် ခေါ်ထားပြီး အစားအသောက်နဲ့ ရေကို ထောက်ပံ့ထားပါတယ်။ ဒီ     ရိုဟင် ဂျာတွေဟာ ဘယ်အချိန်တုန်းက ဘယ်နေရာကနေ ထွက်လာခဲ့ကြသလဲ ဆိုတာကိုတော့ မလေး ကမ်းခြေစောင့်တပ်က ထုတ်ပြောတာ မရှိပါဘူး။



SEE ALSO:
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ကိုဗစ်ကူးစက်သူ အရေအတွက်တိုး 




ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ရိုဟင်ဂျာတွေဟာ လှေစီးခရီးနဲ့ မလေးရှားနိုင်ငံကို ဝင်ဖို့ကြိုးစားခဲ့ပေမဲ့ ကိုရို နာဗိုင်းရပ်စ်အန္တရာယ်ကို အကြောင်းပြပြီး ဒီလိုတရားမဝင် ဝင်လာသူတွေကို ပြန်မောင်းထုတ်ခဲ့တာြကောင့် ရိုဟင်ဂျာတွေ ပင်လယ်ပြင်ထဲမှာ မျောနေခဲ့တာပါ။ အဲဒီထဲက တချို့လည်း ပင်လယ်ပြင်မှာ သေဆုံးခဲ့ပြီး တချို့ကိုကတော့ ဘင်္ဂလားဒေ့ရှ်က ပြန်လက်ခံခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်နောက်ပိုင်း သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးလာကြတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

နိုင်ငံတကာက ခေါ်နတေဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လုံးဝလက်မခံပမေဲ့ ဒီလူတွေ သူတို့မူလဒသေမှာ ပြန်လည် အခြေချခ ွင့်ရရေးကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းလုပ် ဆောင်နေပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */