ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးThomas L Vajda
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်အဖြစ် သမ္မတ Donald Trump အဆိုပြုထားတဲ့တောင် အာ ရှဒေသဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Thomas L Vajda ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင်သိထားလဲ၊ သူ့အရင် သံအမတ်တွေ စွမ်းဆောင်ခဲ့တတာမျိုး ထက်နှစ်နိုင်ငံဆက်ဆံရေးမှာ ဘာတွေပိုပြီး ဆောင်ရွက်နိုင်မလဲ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင် Priscilla Clapp ကို ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။
ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးThomas L Vajda ကိုမြန်မာနိုင်ငံဆိုင်ရာ သံအမတ် အသစ်ခန့်အပ်ဖို့သမ္မတ Trump ကရွေးချယ် အဆိုပြုခဲ့တာဟာ သူ့အစိုးရသက်တမ်းတလျှောက် ဒီတကြိမ် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်သူအဖြစ်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန် ဟောင်း Priscilla Clapp က ဗွီအိုအေကို ပြောပါတယ်။
"သူဟာ လွန်ခဲ့တဲ့နှစ်အတော်ကြာက ရန်ကုန် အမေရိကန်သံရုံး မှာ ဒုတိယ တာဝန်ခံသံမှူးကြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက် တာဝန်ပေးရွေးချယ်ခန့်အပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီတကြိမ်မှာတော့ အကောင်းဆုံး၊ အ သင့်တော်ဆုံးလူကို သမ္မတက ရွေးချယ်ခဲ့တာပါ။"
SEE ALSO:
"သူဟာ လွန်ခဲ့တဲ့နှစ်အတော်ကြာက ရန်ကုန် အမေရိကန်သံရုံး မှာ ဒုတိယ တာဝန်ခံသံမှူးကြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက် တာဝန်ပေးရွေးချယ်ခန့်အပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီတကြိမ်မှာတော့ အကောင်းဆုံး၊ အ သင့်တော်ဆုံးလူကို သမ္မတက ရွေးချယ်ခဲ့တာပါ။"
SEE ALSO:
ဒါအပြင် သမ္မတ ထရမ့်လက်ထက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေအတွက် အဓိက လုပ်ဆောင်နေရတဲ့ ရန် ကုန် အမေရိကန်သံရုံးမှာ Thomas L Vajda လို ပုဂ္ဂိုလ်မျိုးအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ ကျွမ်းကျွမ်းကျင် ကျင် ဆောင်ရွက်နိုင်တဲ့သူဖြစ်လိမ့်မယ်လို့လည်း Priscilla Clapp က အခုလိုပြောပါတယ်။
"အရေးကြီးဆုံး မှတ်သားရမယ့်အချက်က ဒီအစိုးရလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် မူဝါဒဟာ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကပဲ ချမှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သံရုံးမှာ တာဝန်ရှိတဲ့ သူတဦးအနေနဲ့ မြန်မာနိုင်ငံ အခြေအနေကို ကောင်းကောင်းသိထားပြီး ကျွမ်းကျင်လိမ္မာမှု အပြည့်ရှိတဲ့သူ ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အခုလို နိုင်ငံရေးအရ ခန့်အပ်မယ့် ရာထူးနေရာအတွက် မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့ ဘာမှ မသိတဲ့သူကို သမ္မတ ထရမ့် အစိုးရဘက်က စေလွှတ်ဖို့ မကြိုးစားတဲ့အပေါ်မှာ ကျမ အလွန်ပဲ အားရကျေနပ်မိပါတယ်။ Tom က ဒီနေရာကို အပြည့်အ၀ ထမ်းဆောင်နိုင်သူဖြစ်ပါတယ်။ သမ္မတအနေနဲ့ အကောင်းဆုံးကို တကယ်ရွေးချယ်နိုင်ခဲ့တာပါ။"
Thomas L Vajda ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ အမေရိကန်ကောင် စစ်ဝန်ချုပ် မဖြစ်ခင် မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဒုတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒါ ကြောင့်လည်း တောင်အာရှနိုင်ငံတွေနဲ့ ပတ်သက်လို့ ကောင်းကောင်းသိထားတဲ့သူတဦးကို မြန်မာနိုင်ငံအ တွက် ပထမဦးဆုံး သံအမတ်အဖြစ် ခန့်အပ်တာမျိုး ဖြစ်လာဖွယ်ရှိတယ်လို့လည်း Priscilla Clapp က သုံး သပ်ပါတယ်။
"သူ့မှာ ကမ္ဘာတဝှမ်း နိုင်ငံအနှံ့ အတွေ့အကြုံအများကြီးရှိနေတာပါ။ ဒါအပြင် မကြာသေးခင်ကပဲ အမေရိ ကန်နိုင်ငံခြားရေးဌာန တောင်အာရှ ဗျူရိုရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ သူတာဝန်ယူရတဲ့ အပိုင်းက ဘင်္ဂလားဒေ့ရှ်ကနေ အာဖဂန်နစ္စတန် နိုင်ငံအထိတလျောက်လုံး ပါ ဝင် ပါတယ်။ဒါကြောင့်သူဟာ တောင်အာရှအတွေ့အကြုံတွေသာမက အရှေ့တောင်အာရှ အတွေ့အကြုံ တွေရှိတဲ့ ပထမဆုံး သံအမတ်ကြီးဖြစ်လာဖို့ရှိပါတယ်။ အဲတော့ သူ့အနေနဲ့အနောက်ဘက်ခြမ်း နယ်စပ်ဘက် ရော အရှေ့ဘက်ခြမ်းကိုပါ သုံးသပ်ကြည့်နိုင် ပါလိမ့်မယ်။"
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး Scott Marcial ရဲ့နေရာမှာ အစားထိုး ဝင်ရောက်မယ့် သူ တဦး အနေနဲ့ အရည်အချင်းအပြည့်အ၀ လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးရှိနေကြောင်းလည်း Priscilla Clapp ကပြောပါတယ်။
"သံအမတ်ကြီး Scott Marcial ဆိုရင် ဥပမာ အရှေ့တောင်အာရှဒေသရေးရာ အကြောင်း ကျွမ်းကျွမ်း ကျင် ကျင်နဲ့ ကောင်းကောင်းသိထားသူဖြစ်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ အင်ဒိုနီးရှားနဲ့ အခြားအရှေ့ တောင် အာရှမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း အလွန် တော် တဲ့ သံအမတ်တဦးဖြစ်ပါတယ်။ သူတာဝန်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် သူ့ကို ဆုံးရှုံး ရာမှာ ကျမ အလွန်စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု သူ့နေရာမှာ အဆိုပြုခံထားရတဲ့ Tom ကလည်း ခိုင်ခိုင်မာမာ ရပ်တည်သူတဦးဖြစ်ပါတယ်။ ကျမ အမြင်အရပြောရရင် အလွန်ကောင်းတဲ့ အနေအထားဖြစ်ပါတယ်။
မေး။။ သမ္မတ ထရမ့်က အဆိုပြုထားတဲ့ သံအမတ်အသစ် တယောက်အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ဘာတွေ အပြောင်းအလဲလုပ်နိုင်မလဲ လို့ မျှော်လင့်ပါသလဲ။
ဖြေ။ ။ဘယ်သံအမတ်မဆို ကိုယ်သွားရောက်ထမ်းဆောင်မယ့် နိုင်ငံနဲ့ ပတ်သက်လို့ ကောင်းကောင်း နား လည်ထားသူ ဖြစ်ပြီး အဲဒီနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိဖို့ ဆက်လက် လုပ်ဆောင်ကြတာပါ။ ဒါပေမယ့် ရိုဟင်ဂျာကိစ္စလိုမျိုး နဲ့ ပတ်သက်တာ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့နေရာမှာတော့ အ မေရိကန်အစိုးရရော၊ သံအ မတ်ကပါ တစုံတရာ အပြောင်းအလဲ အကျိုးသက်ရောက်တာမျိုး ရှိမှာ မဟုတ် ပါ ဘူး။ ဆိုလိုတာက ဒါတွေနဲ့ပတ် သက်ရင် ဘာအပြောင်းအလဲမှ ရှိမှာ မဟုတ်ပါဘူး။ဒီပြဿနာတွေ ရုတ်တ ရက် ဖြေရှင်းဖို့ သံအမတ်တယောက်ဆိုတာမျိုး ရှိမှာမဟုတ်ပါဘူး။ ဒီပြသနာတွေက မြန်မာအနေနဲ့ ကိုယ်တိုင်ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။”
တနင်္လာနေ့က ပြန်လည်စတင်တဲ့ အမေရိကန်အထက်လွှတ်တော် လုပ်ငန်းစဉ်တွေထဲက အဓိက လုပ်ငန်း စဉ်တခုဟာ ရာထူးခန့်ထားရေးအတွက် အမည်စာရင်း တင်သွင်းထားသူတွေကို သက်ဆိုင်ရာ ကော်မတီ အသီးသီးက အတည်ပြုပေးမယ့် အစီအစဉ်လဲ ပါဝင်တာမို့ သမ္မတ ထရမ့် အဆိုပြုထားတဲ့ မြန်မာနိုင်ငံ ဆိုင် ရာ သံအမတ်လောင်း Thomas L Vajda ကိုလည်း မကြာခင် ရက်ပိုင်းအတွင်း အတည်ပြုကောင်း ပြုပေးနိုင်ပါတယ်။ အတည်ပြုလိုက်ပြီဆိုရင်တော့ သက်တမ်းကုန်ဆုံးတော့မယ့် လက်ရှိ သံအမတ်ကြီး Scot Marciel နေရာမှာ တာဝန်ယူရမှာဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment