NHK News
ဗုဒ္ဓဟူး မေလ 6
ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သီတင်းပတ်အတော်ကြာ ကမ်းမကပ်နိုင်ဘဲ ပင်လယ်ပြင်မှာ ရှိနေ ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့ကို လူမနေတဲ့ ကျွန်းတစ်ကျွန်းဆီ ပို့လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင် လာနိုင်ခြေရှိတယ် ဆိုပြီး မြန်မာနိုင်ငံက လူနည်းစု မွတ်စလင်တွေ စီးနင်း လာတဲ့ လှေတွေဟာ ကမ်းကပ်ခွင့် မရဘဲ ပင်လယ်ထဲမှာပဲ နေခဲ့ရတာဖြစ်ပါတယ်။
စနေနေ့တုန်းက ရိုဟင်ဂျာ ၂၉ ယောက် ပါတဲ့ လှေတစ်စင်း ကို ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းဆီ အာ ဏာ ပိုင်တွေက ပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာက ဆိုပါတယ်။ ဒါဟာ ဒုက္ခသည် စခန်းတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကို တားဆီးဖို့ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

အဲဒီကျွန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀၀၀ လောက်အတွက် အိမ်နဲ့ တခြား အဆောက်အအုံတွေကို တည် ဆောက်ဖို့ စီမံကိန်းတစ်ခုကို ဘင်္ဂလားဒေ့ရှ် အစိုးရက စတင်ခဲ့ ပြီးဖြစ်ပါတယ်။
ဒီကျွန်းဟာ ဆိုင်ကလုန်း ဒါမှမဟုတ် မုန်တိုင်းကြောင့် ဒီရေတက်ပြီး ရေလွှမ်းမိုး နိုင်တယ်လို့ ကုလသမဂ္ဂ အ ပါ အဝင် အဖွဲ့အစည်းတွေရဲ့ စိုးရိမ်မှုတွေကြောင့် ပြောင်းရွှေ့ နေရာချထားရေး အစီအစဉ်ကိုတော့ အကောင်အထည် မဖော်သေးပါဘူး။
ဘင်္ဂလားဒေ့ရှ်အစိုးရက ပင်လယ်ထဲမှာ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အဲဒီကျွန်းဆီ ရွှေ့ပြောင်း ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ သင့်လျော်တဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုမရှိဘဲ ရေလွှမ်းမိုးမှု အန္တ ရာယ် ရှိတဲ့ ကျွန်းတစ်ကျွန်းဆီကို ပို့ဆောင်တာဟာ နည်းလမ်း မကျဘူးလို့ ဆိုပြီး အခုလို လုပ်ဆောင်မှုကို ကမ္ဘာ့လူ့အခွင့်အရေး အုပ်စု တစ်စုက အပြစ်တင် လိုက် ပါတယ်။

Link : Here
No comments:
Post a Comment