Saturday, May 9, 2020

အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေရာကလွဲလို့ ကျန်ဒေသေ တွ အပစ်ရပ်မယ်လို့ တပ်မတော်ကြေညာ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 မေ၊ 2020  
 ရခိုင်ပြည်နယ် မောင်တောမြို့တွင် လုံခြုံရေးအတွက် ကင်းလှည့်နေသည့် တပ်မတော်သားများ။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)

မြန်မာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့ နေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ် ရပ်စဲသွားမှာဖြစ် တယ်လို့ မြန်မာ့တပ်မတော်က မေလ ၉ ရက် စနေနေ့မှာ ကြေညာပါတယ်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အခုလို အပစ်အခတ် ရပ်စဲတာလို့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
 
SEE ALSO: လက်ရှိမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာထားတာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အဖွဲ့တို့ရှိပြီး တိုက်ပွဲတွေ အများဆုံးဖြစ်နေတာကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည် နယ်၊ ပလက်ဝမြို့နယ် ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။

အခုလို အပစ်အခတ် ရပ်စဲထားတဲ့ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ အချက် ၆ ချက်ထဲက ၄ ချက်ကို အလေးအနက်လိုက်နာ ဖို့ တိုက်တွန်းထားပါတယ်။

အဲဒီ ၄ ချက်ကတော့ သဘောတူစာချုပ်တွေအတိုင်း ကတိတည်ဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အမြတ်မထုတ်ဖို့၊ ဒေသခံ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့တွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း အင်အားသုံး တိုက်ခိုက်တာတွေ၊ ဒေသခံတွေအပေါ် အနိုင် ကျင့်တာတွေ မလုပ်ဖို့နဲ့ အုပ်ချုပ်မှုယန္တရား၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လူထုရဲ့ အကျိုးစီးပွားတွေ မ ထိခိုက်ရအောင် တာဝန်ယူဖို့ တိုက်တွန်းထားပါတယ်။

အဲဒီအချက်တွေကို လိုက်နာခြင်းမရှိဘူး ဆိုရင်တော့ တပ်မတော်အနေနဲ့ လိုအပ်သလို အရေးယူသွား မယ် လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဘယ်လိုအရေးယူ လုပ်ဆောင်မယ် ဆိုတာကိုတော့ အတိအ ကျ ပြောမထားပါဘူး။

ဒါ့အပြင် တပ်မတော်အနေနဲ့ နိုင်ငံတွင်း COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အင်တိုက်အားတိုက် ကူ ညီဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ COVID-19 ကျန်းမာရေး စစ်ဆေးရေးဂိတ် ၂ ခုကို မြန်မာအစိုးရတပ်တွေဘက်က ဖယ်ရှားခဲ့ပြီး တဲ့နောက် အဲဒီမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ရေးအရ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

မေလ ၈ ရက်၊ သောကြာနေ့က COVID-19 တိုက်ဖျက်ရေးဆိုင်ရာ အစိုးရရဲ့ ညှိနှိုင်းပူးပေါင်းရေး ကော်မတီ နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပြီးတဲ့နောက် ဒီဂိတ်တွေ ဖယ်ရှားတဲ့ကိစ္စ သီးခြားဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။

ကမ္ဘာတဝန်း အခုလို ကပ်ရောဂါဆိုးကြီး ဖြစ်နေချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မတ်လ ၂၃ ရက်နေ့မှာ တိုက်တွန်းထားပြီး တပ်မတော်ရဲ့ ထုတ် ပြန် ချက်ထဲမှာလည်း အဲဒီတိုက်တွန်းချက်ကို ကိုးကား ဖော်ပြထားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */