" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "

Monday, May 11, 2020

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ မလေးရှားအစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 မေ၊ 2020
မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာ စေတနာရှင်များက အစားအသောက်တွေ ဝေပေးနေတာကို ယူဖို့ တန်းစီနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့ (ဧပြီ ၇၊ ၂၀၂၀) 
COVID-19 ကပ်ရောဂါ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် အစိုးရက အကာအ ကွယ်ပေးဖို့ နိုင်ငံတကာနဲ့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့ ၈၀ ကျော်က ဒီကနေ့ပဲ တောင်းဆိုလိုက်ကြပါ တယ်။



မလေးရှား ဝန်ကြီးချုပ် Muhyiddin bin Yassin

မလေးရှား ဝန်ကြီးချုပ် Muhyiddin bin Yassin ကို ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာတော့ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာ
တွေ အပေါ် အမုန်းတရားတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ခြိမ်းခြောက်ပြောဆိုတာတွေကို မလေးရှားအစိုးရက အရေး ယူ ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မလေးရှားအစိုးရကို အိတ်ဖွင့်ပေးစာပူးတွဲပေးပို့ခဲ့တဲ့ အထဲက နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ဖြစ် တဲ့ Human Rights Watch ကတော့ မလေးရှား အစိုးရက အကာအကွယ်ပေးဖို့ ပျက်ကွက်နေတဲ့အတွက်၊ ရိုဟင်ဂျာဒုက္ခသည်တွေကြား စိုးရိမ်ကြောက်လန့်နေကြပြီး COVID-19 ကပ်ရောဂါကြောင့် သွားလာလှုပ် ရှားမှုတွေ ကန့်သတ်ထားချိန်မှာ ရပ်တည်ရေးအတွက် အခြေခံ လိုအပ်ချက်တွေကိုတောင် မယူရဲလောက် အောင် ဖြစ်နေတယ်လို့ ပြောဆိုထားတာပါ။
SEE ALSO:
ကိုဗစ်ကာလ မလေးရှားမှာ ရိုဟင်ဂျာတွေနဲ့ တရားမ၀င်နေထိုင်သူတွေ ဖမ်းဆီးခံနေရ




ဧပြီလ တတိယပတ်ကစလို့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကို ဆန့်ကျင်တဲ့ အမုန်းစကားတွေ မလေးရှား လူမှု မီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ရာမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခွဲခြားဆန့်ကျင်တဲ့စကားတွေနဲ့ ရုပ်ပုံတွေ ဖော်ပြ ရေးသားကြတဲ့အပြင် တချို့က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်နှင်ထုတ်ဖို့အထိ တောင်းဆိုတာတွေ ရှိ ခဲ့ကြောင်းလည်း စာထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ထဲတုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့ မြန်မာ စစ် တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမယ့်အကြောင်း ကတိပြုထားပါတယ်။
လင့်၊ https://burmese.voanews.com/a/rohingya-malaysia-hrw/5414686.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */