Thursday, May 28, 2020

စစ်တွေက မွတ်ဆလင်ရပ်ကွက် ကျူးကျော်တွေ ဖယ်ရှားဖို့ အမိန့် ပြန်ရုပ်သိမ်း

VOA
ဗွီအိုအေ (မြန်မာဌာန)
28 မေ၊ 2020
ကိုနိုင်ကွန်းအိန်
စစ်တွေမြို့ စက်ရုံစုရပ်ကွက် (ဓာတ်ပုံ - Morn Kaung)

ယခင်က ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို ဖယ် ရှားဖို့ အမိန့် ထုတ်ပြီးနောက်မှပဲ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်တဲ့အပေါ်ဝေဖန်မှုတွေ ရှိနေတဲ့အကြောင်း ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးချင်ပါတယ်။
စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ကျူးကျော်အိမ်ယာ ၁,၂၅၀ ကျော်ကို အချိန်သုံးလအတွင်း ဖယ်ရှားဖို့ မြို့ နယ်အာဏာ ပိုင်တွေက ဒီလ ၁၄ ရက်နေ့က အမိန့်ထုတ်ပြန်ထားပေမဲ့ မေလ ၁၉ ရက်နေ့မှာ အမိန့်ပြန် ရုပ်သိမ်းလိုက်တယ်လို့ စစ်တွေမြို့မိမြို့ဖတဦးဖြစ်သူ ဦးမောင်သာစိန်ကပြောပါတယ်။

“အဲဒီစက်ရုံစုရပ်ကွက်မှာ ကျူးကျော်တွေကို ဖယ်ရှားဖို့အတွက် ၁၄ ရက်နေ့က စာထုတ်တယ်။ အခုတခါ အဲဒီ မြို့ နယ် အုပ်ချုပ်ရေးမှူးကိုယ်တိုင်ပဲ ၁၉ ရက်နေ့မှာပဲ သူကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ ရုံးထုတ် တယ်ဆိုတဲ့ဟာမျိုး ထုတ် ထားတာတွေ့ရတယ်။”


စစ်တွေမြို့ စက်ရုံစုရပ်ကွက် (ဓာတ်ပုံ - Morn Kaung)
 
အမိန့် ပြန်လည် ရုပ်သိမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်လို့ ရှင်းရှင်းလင်း လင်းမသိရပေမဲ့ ကျူးကျော်တွေ ဖယ် ရှားရေး အမိန့်စာကို ရပ်ကွက်ရုံးကြော်ငြာဘုတ်မှာ ကပ်ခဲ့တဲ့၊ စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးတဦး အသတ် ခံရတဲ့ ကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ ဦးမောင်သာစိန်က ယူဆပါတယ်။

“အဲဒီစာထုတ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ စက်ရုံစုရပ်ကွက်ကလေ အဲဒီကျူးကျော်အိမ်တွေရှိတဲ့ ရပ် ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်လည်း အသတ်ခံရတယ်လေ။ အဲဒီအကြောင်းအရာနဲ့ ပတ် သက်တယ်လို့ ယူဆရတဲ့ သဘောရှိတယ်။”

ပြီးခဲ့တဲ့မေလ ၁၉ ရက်နေ့က စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသိန်းလှှိုင်ဟာ အမည်မသိသူတွေရဲ့ လက် ချက်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။ လုပ်ကြံခံရတဲ့ အကြောင်းအရင်းကလည်း ကျူးကျော်တွေ ဖယ်ရှား aရးကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ မြို့ခံတွေကယူဆနေကြတာပါ။

စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို ဖယ်ရှားဖို့ အမိန့်ထုတ်ပြန်တာဟာ ရိုဟင်ဂျာမူဆလင်တွေအပေါ်လူ မျိုးတုံး သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာအစိုးရဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို မကြာခင် ပထမ ဆုံး အစီရင်ခံစာ ပေးပို့ရမယ့်အချိန်နဲ့လည်း တိုက်ဆိုင်ခဲ့ပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းကို လက် မခံတဲ့ မြန်မာအစိုးရကတော့ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကပဲ ပထမဆုံးအစီရင်ခံစာကို ICJ ထံ တင်သွင်း ခဲ့ပြီးပါပြီ။ ဒါပေမဲ့ အစီရင်ခံထဲ ဘာတွေပါဝင်သလည်းဆိုတာ အများပြည်သူကို ထုတ်ပြန်တာမရှိပါဘူး။

စစ်တွေမြို့ ရိုဟင်ဂျာရပ်ကွက်ဟောင်းမှာ နေထိုင်သူတွေ ဖယ်ရှားဖို့ အမိန့်ထုတ်
 
စစ်တွေမြို့က ကျူးကျော်တွေကို ဖယ်ရှားခိုင်းတာနဲ့ အမိန့်ပြန်ရုပ်သိမ်းတာဟာ ICJ ရဲ့ဖိအားကို ရှောင်လွှဲ တာလို့လည်း အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်း ဆောင်ဦးအောင်ဌေးက သုံးသပ် ပါတယ်။

“ဒီ ICJ ကိစ္စကြောင့်လည်း ဒီဥစ္စာတွေကို နည်းနည်းဖန်တီးတဲ့သဘောလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့။”

အမိန့် ပြန်လည်ရုပ်သိမ်းသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းရင်းသိနိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်လို့ မရခဲ့သလို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ကလည်း ဖြေကြားခြင်း မရှိခဲ့ပါဘူး။

စက်ရုံစုရပ်ကွက်ကနေ သက္ကယ်ပြင်ကျေးရွာမှာ ထွက်ပြေးခိုလှုံနေရတဲ့ မူဆလင်အမျိုးသားတဦးကတော့ ကျူးကျော် အိမ်ဖယ်ရှားရေးအမိန့် ပြန်ရုပ်သိမ်းလိုက်တာကြောင့် သူတို့အနေနဲ့ နေရပ်ရင်းကိုပြန်ဖို့ မျှော်လင့် ချက်မရှိတော့ဘူးလို့ပြောပါတယ်။

“အစိုးရက သူတို့ကျူးကျော်မယ်၊ ဖယ်ရှားဖယ်လိုက်တာနဲ့ ကျနော်တို့ ပြန်ရမယ်လို့ထင်တယ်လေ။ အခုက ဖယ်မိန့် ရုပ်သိမ်းလိုက်တာနဲ့ ကျနော်တို့နယ်ကို ကျနော်တို့ ဘာမှမရဘူးပုံစံမျိုး တမျိုးဖြစ်သွားတယ်လေ။”

သက္ကယ်ပြင်ကျေးရွာနေ မူဆလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်လှအောင်ကတော့ ကျူးကျော်တွေ ဖယ်ရှားရေး အမိန့်ထုတ်ပြန်ပြီး အခုလိုပြန်ရုပ်သိမ်းတဲ့အပေါ် အစိုးရအနေနဲ့ ဥပဒေစိုးမိုးရေးအား နည်း ကြောင်းပြောပါတယ်။

“ပြောရမယ်ဆိုရင် ဥပဒေစိုးမိုးမှု မရှိသလို ဖြစ်နေတယ်။ ကျနော်တို့နိုင်ငံမှာ အဲဒီလိုပဲကျနော်မြင်တယ်။”

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့ မူစလင် ၁၀၀,၀၀၀ ကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က ဒုက္ခသည်စခန်းအသီးသီးမှာ ပြောင်းရွှေ့နေထိုင် နေ ကြရပါတယ်။

တိမ်းရှောင်သွားတဲ့ မွတ်စလင်တွေ နေထိုင်ခဲ့တဲ့ အဲဒီစက်ရုံစုရပ်ကွက်မှာ အနယ်နယ်အရပ်ရပ်က လူတွေဝင်ရောက်နေထိုင်ခဲ့တာ အခုဆိုအိမ်ခြေ ၃,၀၀၀ ကျော်နေပြီးဖြစ်ပါတယ်။

လူမျိုး ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေကြောင့် စစ်တွေ ကျောက်ဖြူ မြေပုံ ပေါက်တော ရသေ့ တောင်မြို့နယ်က မူဆလင် ၁၅၀,၀၀၀ ကျော်ဟာ သက္ကေပြင် ဘောဒူဖ သဲချောင်း အုန်းတောကြီး ချမ်းသာ ကုန်းအစရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပြီး မူလနေရပ်ရင်းကို မပြန်နိုင်ကြသေးပါဘူး။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */