VOA
ဗွီအိုအေ (မြန်မာပိုင်း)
16 မေ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
16 မေ၊ 2020
မလေးရှားရေပိုင်နက်အတွင်း ဖမ်းဆီးမိသည့် ရိုဟင်ဂျာဒုက္ခသည်များ တင်ဆောင်လာသည့် လှေတစီး။ (ဧပြီ ၅၊ ၂၀၂၀)
ရိုဟင်ဂျာ ၁,၀၀၀ ထက်မနည်းဟာ ဘယ်ကမ်းမှ ကပ်ခွင့်မရဘဲ ပင်လယ်ထဲမှာပဲ ရှိနေကြတယ်လို့ AI နိုင်ငံ တကာ လူ့အခွင့်အရေးအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။
ဒီလူတွေ ပင်လယ်ပြင်ထဲမှာ အသက်မဆုံးရှုံးရအောင် နိုင်ငံတွေအနေနဲ့ လုပ်ဆောင်ပေးကြဖို့လည်း တိုက် တွန်ထား ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နံှံ့ကူးစက်မှုကို တားဆီးတဲ့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက သူတို့ရဲ့ နယ်စပ်တွေ ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့အတွက် ဒီရိုဟင်ဂျာတွေ ကမ်းကပ်ခွင့်မရဘဲ ဖြစ်နေကြတာပါ။
SEE ALSO:
ရိုဟင်ဂျာစက်လှေ ၂ စင်း ဘင်္ဂလားဒေ့ရှ် ကမ်းကပ်ခွင့်ပြုဖို့ HRW ပန်ကြား
ရိုဟင်ဂျာတွေကို တင်ဆောင်ထားတဲ့ စက်လှေ ၂ စင်းထက်မနည်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်း လွန်မှာ ရှိနေတယ်လို့ ယူဆရကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီး ရှား အာဏာပိုင်တွေကတော့ သူတို့ဆီမှာ ဘာသတင်းအချက် အ လက်မှ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ပြော ပါတယ်။
အင်ဒိုနီးရှားရေတပ် အနောက်ပိုင်း စစ်သင်္ဘောအုပ်စု ပြောခွင့်ရလည်းဖြစ်၊ အာချေးပြည်နယ် ဘေးဒုက္ခကယ် ဆယ်ရေးဌာနရဲ့ ပြောခွင့်ရတွေကလည်း အဲဒီစက်လှေတွေရဲ့ နေရာအတိအကျကို သိနိုင်ဖို့ ကြိုးပမ်းနေ တယ် လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တခြားစက်လှေ ၂ စင်းမှာပါတဲ့ ဒုက္ခသည်တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းက ရောက်သွားခဲ့ပါတယ်။ သူတို့ဟာ ပင်လယ်ထဲမှာ သီတင်းပတ် အတော်ကြာခဲ့တာကြောင့် အတော်များ များ ဟာ အစာရေစာ ငတ်ပြတ်တာနဲ့ ချည့်နဲ့တဲ့ဒဏ်တွေကို ခံခဲ့ရပြီး သူတို့ထဲက ဒါဇင်နဲ့ချီပြီး ပင်လယ်ထဲမှာ သေဆုံးခဲ့တယ်လို့ စက်လှေပေါ်မှာ ပါတဲ့သူတွေက ပြောပါတယ်။
AI အဖွဲ့ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ Saad Hammadi ကတော့ ဒုက္ခ သည် တွေဟာ စက်လှေပေါ်မှာ အစားအစာနဲ့ ရေမရဘဲ သီတင်းပတ်ပေါင်းများစွာ မျောနေတာ ဖြစ်နိုင်တယ်လို့ လူသားချင်းစာနာမှု ကူညီပေးရေး အဖွဲ့တွေနဲ့ ဒေသခံသတင်းတွေကို ကိုးကားပြီး ပြောပါတယ်။

Link : Here
No comments:
Post a Comment