မြန်မာတိုင်းမ်နေ့စဉ်
ဆွေလဲ့မွန်
03 MAY 2020
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို အကြောင်းပြု၍ အင်တာနက် အသုံးပြုခွင့်ပိတ် ထား သည် မြို့နယ် ကိုးမြို့နယ်အနက်မှ မောင်တောမြို့နယ်တွင် အင်တာနက်အသုံးပြုခွင့်ကို ယနေ့မေ ၃ ရက်၌ ပြန် လည်ခွင့်ပြုပေးလိုက်ကြောင်း မောင်တောဒေသခံများထံမှ သတင်းရရှိသည်။
ဆွေလဲ့မွန်
03 MAY 2020
မောင်တောမြို့နယ်အတွင်း အင်တာနက်ပြန်ဖွင့်ပေးခြင်းကြောင့် မောင်တောမြို့နယ်နှင့်ကပ်လျက် ဘူးသီး တောင်မြို့နယ်အတွင်းမှ ကျေးရွာအချို့လည်း အင်တာနက်သုံးခွင့်ရနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ် စုများအစည်း အရုံးမှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
“ကျန်မြို့နယ်တွေတော့ မရသေးပါဘူး။ ဒီရက်ပိုင်းမှာ အိုင်စီဂျေအစီရင်ခံစာလည်း ထွက်လာဖို့ရှိနေတယ်။ WHO ယာဉ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းရေးတွေလည်း ရှိနေတာတွေကြောင့် မောင်တောကို ဦး တည်ပြီးဖွင့်တယ်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်ပြီး အစိုးရက ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ မြေပုံ၊ ကျောက် တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့ နယ် တို့တွင် အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။
၂၀၁၉ စက်တင်ဘာလအတွင်းက ယင်းမြို့နယ်များအနက်မှ မြို့နယ် ငါးခုကို အင်တာနက်ပြန်လည်ဖွင့် လှစ် ပေး ခဲ့သော်လည်း ၂၀၂၀ ဖေဖော်ဝါရီလတွင် အားလုံးကို ပြန်လည်ပိတ်ပင်ခဲ့သည်။
Link : Here
No comments:
Post a Comment