VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 မေ၊ 2020
14 မေ၊ 2020
မြန်မာ အာဏာပိုင်တွေအနေနဲ့ နိရဉ္စရာ သတင်း Website အယ်ဒီတာ ခိုင်မြတ်ကျော်ကို တရားစွဲဆို ထား တာကို ရုပ်သိမ်းပေးဖို့နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သတင်းတွေကို ရေးသား တင်ပြနေတဲ့ သတင်း ထောက်တွေကို ခြိမ်းခြောက်နေ တာတွေကိုရပ်ဆိုင်းဖို့ သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ( Committee to protect Journalists-CPJ) က မနေ့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
မတ်လကုန် ၃၁ ရက်နေ့က အယ်ဒီတာခိုင်မြတ်ကျော်ကို AA အဖွဲ့ပြောခွင့်ရတဲ့ ဆက်သွယ် အင်တာဗျူး လုပ်ခဲ့ တာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စစ်တွေမြို့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သလို သူ့ရဲ့ သတင်းဌာနကိုလည်း ရဲတပ်ဖွဲ့က စီးနင်း ဝင်ရောက်ခဲ့ပြီး ဝန်ထမ်း ၃ ဦးကို စစ်ဆေးမေးမြန်းဖို့ ခေတ္တ ထိန်း သိမ်းခဲ့တာကို CJP က သတင်းရရှိကြောင်းနဲ့ အဲဒီနောက် အယ်ဒီတာ ခိုင်မြတ်ကျော် ရှောင်ပုန်း နေခဲ့ ရ ကြောင်း သတင်းသမားတစ်ဦးကို ကိုးကားပြီး CJP က ပြောပါတယ်။
အကြမ်းဖက်ဥပဒေတွေနဲ့ သူ့ပေါ်တရားစွဲဆိုထားတာကို ချက်ချင်း ရုပ် သိမ်းသင့်ကြောင်းနဲ့ သတင်းသမားတွေကို အကြမ်းဖက်သမား အဖြစ် မသတ်မှတ်ဘဲ မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားရာနေရာတွေမှာ သတင်းယူဖို့ ခွင့်ပြုရမှာ ဖြစ်ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ ဒေသ ကိုယ်စား လှယ် Shawn Crispin က ပြောပါတယ်။
မတ်လ ၃၁ ရက်နေ့တစ်နေ့တည်းမှာပဲ မြန်မာ အာဏာပိုင်တွေက အလားတူ စွဲချက်နဲ့ VOICE OF MYANMAR အယ်ဒီတာ ကိုနေလင်းကို AA ပြောခွင့်ရ ခိုင်သုခနဲ့ အင်တာဗျုးကို ထုတ်ဝေမှုအတွက် တရား စွဲ ဆိုခဲ့ပေမယ့် ဧပြီ ၁၀ ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာ သတင်း တရပ်မှာ ပါရှိပါတယ်။
No comments:
Post a Comment