Friday, April 17, 2020

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

 ၂၀၂၀ ဧပြီလ ၁၇ ရက်။
 
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ရခိုင်ပြည်နယ်  ကျောက်ဖြူ အကျဉ်းထောင်ကနေအကျဉ်း သား/အကျဉ်းသူ ၁၆၉ ဦး ဒီနေ့မနက်က ပြန်လည်လွတ်မြောက်လာပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ရခိုင်ပြည်နယ်နဲ့ တခြားအနယ်နယ်အရပ်ရပ်က အကျဉ်းသားတွေအပြင် ရိုဟင်ဂျာမွတ်ဆလင် ၆၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦးတို့ ပါဝင်တယ်လို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိ သူ တစ်ဦးက ပြောပါတယ်။

“ဒီနေ့လွတ်တာ အကုန်လုံး ၁၆၉ ဦး ယောက်ပေါ့။  ရခိုင်ပြည်နယ် မြို့နယ်အစုံပါတာပေါ့။ ရိုဟင်ဂျာ မွတ်ဆ လင် အမျိုးသား ၆၅ ယောက်နဲ့ အမျိုးသမီး တစ်ယောက်ပေါ့။ ဘင်္ဂလားဒေ့ရှ်  နိုင်ငံသားတစ်ဦး လည်းပါ တယ်။ သူတို့ကို ကစ္စပနဒီသင်္ဘောနဲ့ ဒီနေ့ပို့လိုက်ပါပြီ။ ရိုဟင်ဂျာတွေက မောင်တော၊ ဘူးသီးတောင်၊ စစ် တွေ၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏးကျွန်း၊ မြောက်ဦးစတဲ့မြို့နယ်တွေကပါ”

တခြားမြို့နယ်တွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက လွတ်မြောက်လာသူတွေကိုတော့ အစိုးရအစီအစဉ်နဲ့  ပြန်ပို့ ဆောင်ပေးခဲ့ပြီး အမ်းမြို့နယ် လဝကက လွှဲပြောင်းထားတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၁၁ ဦးလည်းပါဝင် တယ်လို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့က သိရပါတယ်။

ဧရာဝတီမှ-

ယနေ့မနက်ပိုင်းကလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် ရခိုင်ပြည် နယ် မြောက် ပိုင်းမှ မွတ်ဆလင် ဦးရေ ၇၀၀ ကျော်အား နေရပ်သို့ပြန်ပို့ရန် အင်းစိန်အကျဉ်းထောင်အတွင်းမှ ခေါ်ဆောင်သွားခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါ နေရပ်ပြန်ပို့မည့်သူများနှင့် ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်ပေးခြင်း ဟုတ်/မဟုတ်ကို မှု အစိုး ရဌာန တာဝန်ရှိသူများက တိကျရှင်းလင်းစွာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့က ပုသိမ် မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး အမှုဖြင့် ဖမ်းဆီးခံထားရသည့် မွတ်ဆလင် များအား လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနက အမှုရုတ် ကာ နေရပ်ပြန်ပို့ခဲ့သေးသည်။


ကိုးကား- ဧရာဝတီ၊ ဒီဗွီဘီ၊

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */