VOA
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းက မူဆလင်အယောက် ၈၀ ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လှဖိုးခေါင် စခန်းမှာ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပြီး လက်ရှိ COVID-19 ရောဂါပိုးရှိ၊ မရှိ သီးခြားခွဲပြီး ဆေးစစ်မှု ခံနေရတဲ့ အကြောင်းသတင်းပေးပို့သွားမှာပါ။
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
02 ဧပြီ၊ 2020
ကိုနိုင်ကွန်းအိန်
02 ဧပြီ၊ 2020
ရခိုင်ပြည်နယ်က ထွက်ပြေးသွားသည့် ဒုက္ခသည်တချို့။ (နိုဝင်ဘာ ၀၂၊ ၂၀၁၇)
တဘက်နိုင်ငံကနေ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာတဲ့ မူဆလင်တွေကို ဘင်္ဂလားဒေ့ရ်ှ ဒုက္ခ သည်စခန်းတွေမှာ COVID-19 ရောဂါဖြစ်ပွါးနေမှုကြောင့် ကြိုတင်တားဆီးတဲ့အနေနဲ့ လှဖိုးခေါင်စခန်းမှာ သီးခြားခွဲထားပြီး ဆေးစစ်နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဗွီအိုအေကို ပြော ပါတယ်။
“အဲ ၈၁ ယောက်ရှိတယ်ခင်ဗျ။ ဘယ်လိုအခြေအနေ ရှိတယ်တော့ ကျနော်တို့ အခုဟာ Facility Quarantine ပေါ့။ ဟိုဘက်မှာ COVID ဖြစ်ပြီး သေတဲ့လူနာတွေလည်း များနေပြီးတော့ ဘင်္ဂလားဒေ့ရ်ှမှာ။ အဲဒီကပြန်လာ တာဖြစ်တဲ့အတွက် Facility Quarantine လောလောဆယ် လုပ်ထားတယ် ၁၄ ရက်။ နောက် ၁၄ ရက်စောင့် ကြည့်ပြီးတော့မှ ရောဂါလက္ခဏာ မတွေ့ဘူးဆိုရင်တော့ အစီစဉ်အတိုင်း ဆက်လုပ်မှာပေါ့။”
ဒီဒုက္ခသည် ၈၀ ကျော်ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲကနေ မနေ့ကနဲ့ ပြီးခဲ့တဲ့ရက် တွေတုန်း က မောင်တောမြို့ လှဖိုးခေါင်ကြိုဆိုရေးစခန်းကို ဝင်ရောက်လာတာပါ။
တဘက်နိုင်ငံက ဝင်ရောက်လာသူတွေကို ရောဂါပိုးရှိ၊ မရှိ သီးသန့်ခွဲစစ်ဆေးနေပေမဲ့ စခန်းနေ ဝန်ထမ်းတွေ ကတော့ စိုးရိမ်ကြပါတယ်။
“ဘင်္ဂလားက ဝင်လာတဲ့ ဘင်္ဂလီတွေဆို အထက (၂) တွေ အလယ်တန်းကျောင်းတွေမှာသူတို့နေနေ။ သူ တို့မှာ ဗိုင်းရပ်စ်ပါတယ်ဆိုရင် ဘယ်လိုထားမလဲ။ ကိုရိုနာဗိုင်းရပ်စ် ပါလာမယ်ဆိုရင် ဘယ်လိုထားမလဲ အဲ တာ စိုးရိမ်တာ။”
ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ပြောခွင့်ရဒေါက်တာစိုးဝင်းပိုင်ကတော့ လှဖိုးခေါင်ကြိုဆိုရေးစခန်းက ဝင်လာသူတွေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ရခိုင်တပြည်နယ်လုံး COVID-19 ရောဂါကြိုတင်ကာကွယ် တား ဆီးနေတဲ့ အခြေအနေကို အခုလိုပြောပါတယ်။
“ကျနော်တို့ လှဖိုးခေါင်စခန်းကပေါ့နော်။ အဲဒီမှာ ကျနော်တို့ စောင့်ကြည့်နေတာ ရှိတယ်။ ရခိုင်တပြည် နယ် လုံးအနေနဲ့ မြို့နယ် ၁၇ မြို့နယ်မှာ စစ်တွေကတော့ ကျနော်တို့ ပြင်ဆင်နေတုန်းရှိတယ်။ ၁၆ မြို့နယ်မှာ ကျနော်တိုပ တမြို့နယ် တမြို့နယ်က ကျနော်တို့ နေရာသတ်မှတ်ထားတာ ရှိတယ်။ အခု ၂၀ လောက်ရှိ တယ်။ အဲဒီမှာ လူပေါင်း ၈၆၀ လောက်ကိုကျနော်တို့ Quarantine လုပ်နိုင်တယ်။

စောင့်ကြည့်နိုင်တာပေါ့နော်။ ပြည်နယ်ကို နိုင်ငံခြားကဝင်လာတဲ့ လူတွေပါလာရင် ဘယ်လိုစောင့်ကြည့်မလဲ စစ်တွေလေဆိပ်တို့ ကျောက်ဖြူလေဆိပ်တို့ သံတွဲလေဆိပ်တို့မှာ ခရီးသွားပြည်သူတွေကို ကျနော်တို့ နိုင်ငံ ခြားကပြန်လာတဲ့ လူတွေရှိလား။ အဲတာတွေ စမ်းစစ်နေတယ်။ အမ်း၊ တောင်ကုတ်၊ ဂွမှာ ကျနော်တို့ နိုင်ငံ ခြားကပြန်လာတဲ့လူဆိုရင် ၁၄ ရက် Quarantine ထားပါတယ်။ ရခိုင်ပြည်နယ်မှာ Home Quarantine ပေါ့နော် ... ၁,၄၀၀ ကျော်ရှိပါတယ်။”
လက်ရှိ COVID-19 ဗိုင်းရပ်စ်ရောဂါဟာ ကူးစက်မှု မြန်ဆန်လို့ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ချုပ် WHO က ထုတ်ပြန်ထားပါတယ်။
တခြားနိုင်ငံတွေက လူအဝင်ထွက်အသွားအလာ ထိန်းချုပ်တာ နယ်စပ်ဂိတ်ပိတ်ပင်တာ လုပ်ဆောင်နေပေမဲ့ ရခိုင်ပြည်နယ် နယ်စပ်ဂိတ်ကို မပိတ်သေးတဲ့အပေါ် စိုးရိမ်ကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
“အဲဒီဘက်မှာ အဲဒီရောဂါဖြစ်နေတယ်ဆိုတော့ ဒီဘက်ကို ပိတ်ထားရမှာလေ။ အမှန်ကနယ်စပ်ကို အကုန် လုံး ပိတ်ရမှာလေ။ ကြားထဲမှာ သူက လက်ခံတယ်။ ဝင်လာတဲ့လူတွေကို အဲတာပဲ ကျနော်တို့ စိုးရိမ်တာ။ ပြည်သူတွေကလည်း အလွန့်အလွန် စိုးရိမ်နေကြတာပေါ့ ဒီဘက်မှာ။”
COVID-19 ဗိုင်းရပ်စ်ရောဂါဖြစ်ပွါးမှု များနေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ ထိစပ်နေတဲ့ မောင်တောမြို့နယ်က နယ်စပ်ကြိုဆိုရေး စခန်းတွေကတော့ ပိတ်ပင်တာ မရှိသေးတဲ့ အခြေအနေမှာ ဒေသခံတွေ စိုးရိမ်နေ ကြ ပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေးအတွက် နိုင်ငံတကာက ဖိအားပေးသလို၊ မြန်မာအစိုးရဘက်ကလည်း ရိုဟင်ဂျာအသုံးအနှုန်း လက်မခံပေမဲ့လို့ ဘင်္ဂလားဒေ့ရ်ှနဲ့ သဘောတူထားတဲ့အတိုင်း တရားဝင် ကြိုဆိုလက်ခံရေးတွေကို မြန်မြန် ဆန်ဆန်လုပ်သွားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အစီအစဉ်တွေစဖို့ အခု အချိန်အထိ အဆင်မပြေသေးပေမဲ့လို့၊ တဦးစ၊ နှစ်ဦးစ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြန်ဝင်လာကြတဲ့ ဒုက ္ခသည်တွေ ရှိနေတာပါ။
Link : Here
No comments:
Post a Comment