VOA
ဗွီအိုအေ (မြန်မာဌာန)
06 မတ်၊ 2020
ကိုဉာဏ်ဝင်းအောင်
06 မတ်၊ 2020
ကိုဉာဏ်ဝင်းအောင်
၂၀၁၇ မေလတုန်းက Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံစဉ် (Ministry of Foreign Affairs Myanmar)
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London လွတ်မြောက်ရေး ဂုဏ်ထူး ဆောင်ဆုကို ပြန်လည်ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက် စီးနင်းလုပ် ရပ်တွေကို ရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့တာအတွက် ဒီဂုဏ်ထူးဆောင်ဆုရုပ်သိမ်းဖို့ လန်ဒန်မြို့ တော်ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပေမဲ့ ယာယီဆိုင်းငံ့ထားရာက ဒေါ်အောင်ဆန်းစုကြည်ဘက်က အကြောင်းပြန်ကြားဖို့ပျက် ကွက်ခဲ့ပြီးနောက်မှာ အခုလို အပြီးတိုင် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင် က စုစည်း တင်ပြထားပါတယ်။
လန်ဒန်မြို့တော် ကော်ပိုရေးရှင်း(City of London Corporation)က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထား တဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မတ်လ (၅) ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
ကြေညာချက်ထဲမှာ အဖွဲ့ဥက္ကဌ Sir David Wooton က အခုလိုပြောဆိုထားပါတယ်။
“ ဒီနေ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက်စီးနင်းလုပ်ရပ်တွေကို ကျနော် တို့အဖွဲ့က ပြစ်တင်ရှုတ်ချကြောင်း ပြသလိုက်တာဖြစ်ပါတယ်။ အဲဒါတွေကို မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးတက်ရောက်တဲ့ နယ်သာလန်နိုင်ငံ The Hague မြို့တရားရုံးမှာ လူမျိုး တုန်းသတ် ဖြတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ် ကြားနာခဲ့ပြီဖြစ်သလို၊ အထောက်ထားတွေလည်း သိရှိခဲ့ရပြီ ဖြစ်ပါတယ်။ ဒီကြားနာမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရနဲ့အတူ ပူးတွဲရပ်တည်ခဲ့ပြီး လန်ဒန်မြို့ တော် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ လွတ်လပ်မှုဆိုင်ရာကော်မတီရဲ့ အကြောင်းကြားစာတွေကို ပြန်ကြားဖို့ ပျက်ကွက်ခဲ့တဲ့အ တွက် ဒီဆုကို ပြန်လည်ရုပ်သိမ်းရေး သဘောထား ပိုမို ခိုင်မာသွားပါတယ်။”
ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းဖို့ ဖြစ်လာရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ ဒါရိုက်တာ Mark Farmaner က ခုလိုသုံးသပ်ပါတယ်။
“ ၂၀၁၇ ခုနှစ်တုန်းက လန်ဒန်မြို့တော် ကော်ပိုရေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် လွတ် မြောက်ရေးဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အကောင်းမြင်နေကြပါတယ်။ ဒါပေမဲ့ လန်ဒန်မြို့ရဲ့ စီးပွားရေးလုပ် ငန်းကြီးတွေ၊ ဘဏ်လုပ်ငန်းကြီးတွေနဲ့ ကုမ္ပဏီကြီးတွေ တည်ရှိရာ City of London ရဲ့ Corporation ကတော့ မြန်မာနိုင်ငံကို စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလန်းတရပ်အဖြစ် ရှုမြင်ခဲ့ကြပြီး၊ ဒီဆု ချီးမြှင့်လိုက် ခြင်းအားဖြင့် စီးပွားရေးဆက်ဆံမှု ပိုမို အဆင်ပြေ လာလိမ့်မယ် လို့လည်း ယူဆခဲ့ကြတာပါ။”
“ ဒါပေမဲ့ နောက်ပိုင်း ၂၀၁၇ သြဂုတ်လမှာ ရိုဟင်ဂျာပြဿနာပေါ်ပေါက်ခဲ့တာ၊ လူ့အခွင့်ရေး ချိုးဖောက်မှု တွေရှိလာတာ၊ နိုင်ငံရေးအကျဉ်းသား တွေ ဆက်ရှိနေတာ .. ဒါတွေကို တွေ့လာရတော့ လန်ဒန်မြို့တော် ကော်ပိုရေးရှင်း အဖွဲ့ဝင်တချို့က ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ပေးသင့်သလားဆိုပြီး မေး ခွန်းထုတ်လာကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်စုဆီကို စာနှစ်ကြိမ် ရေးသားပြီး သူတို့ရဲ့ စိုးရိမ်ကြောင့်ကြ မှုတွေနဲ့ ဒီကိစ္စကို အကြောင်းပြန်ကြားပေးဖို့ မေးမြန်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်လည်ဖြေ ကြားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ခုခါမှာ သူတို့က ဒီဆုကို ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ”
Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်သိမ်းဖို့ ၂၀၁၉ ဇန်နဝါရီလထဲမှာ ကောင်စီအဖွဲ့ ဝင်တွေ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် မရုပ်သိမ်းသေးပဲ ဆိုင်းငံ့ထားခဲ့တာပါ။ အဲဒီလို ရုပ် သိမ်း ဖို့ အပြီးသတ် ဆုံးဖြတ်ချက်မချခင် ပြန်လည်ဖြေရှင်းချက် ပေးနိုင်ကြောင်း ဒေါ်အောင် ဆန်း စု ကြည်ဆီကို စာရေးသား အကြောင်းကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအပြောင်းအလဲတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရရှိပြောင်းလဲ အောင်ကြိုးစားခဲ့သူဖြစ်တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော်က Honorary Freedom ဂုဏ်ထူးဆောင်ဆုကို ပေးအပ်ခဲ့ပါတယ်။
တချိန်က ကမ္ဘာကတောင် အတုယူလေးစားခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ခုတော့ လူ့အခွင့်အရေး ကိစ္စတွေမှာ လေးစားမှုမရှိတော့ဘူးလို့ မြင်လာမိကြောင်း Mark Farmaner က ထောက်ပြပါတယ်။
“ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို အကူအညီတောင်းခဲ့သလို နိုင်ငံတ ကာက လူအများစုကလည်း ကူညီပံ့ပိုးခဲ့ပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အေ ရး အပေါ် လေးစားလိုက်နာတယ်လို့ မယုံကြည်ကြတော့သလို စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေ တာကိုတောင် သူမက အကာကွယ်ပေးနေတယ်ဆိုပြီး ပြစ်တင်ခံနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတာမှန်ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးနိုင်တာမျိုး၊ လွတ် လပ်စွာ ပြောဆိုခွင့်တွေမှာ ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ဖြေလျှော့ပေးနိုင်တာ ရှိပေမယ့် သူ့အနေနဲ့ ဒါတွေ လုပ်ဆောင်တာ မရှိသေးပါဘူး။ ”
ဒီဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်ရုပ်သိမ်းဖို့ ကောင်စီဝင်တဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နယ်ဖွား ဗြိတိန်နိုင်ငံသား Munsur Ali က အဆိုပြုခဲ့ပြီး၊ Common Council တရားရုံးမှာ အခြေအတင် ဆွေး နွေးခဲ့ပြီးတဲ့နောက် ပြန်ရုပ်သိမ်းသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၉ ထဲ ရုံးတော်က အမိန့်ချခဲ့တာဖြစ်ပါ တယ်။
Honorary Freedom ဂုဏ်ထူးဆောင်ဆုကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Winston Churchill, ဂရုဏာ ရှင်သူနာ ပြုဆရာမ Florence Nightingale အပြင် တောင်အာဖရိကနိုင်ငံက Nelson Mandela နဲ့ ဘုန်းတော်ကြီး Desmond Tutu ၊ သိပ္ပံပါမောက္ခ Stephen Hawking တို့ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Link : Here
No comments:
Post a Comment