VOA
05 ဖေဖော်ဝါရီ၊ 2020ဗွီအိုအေ (မြန်မာဌာန)
ကုလ လုံခြုံရေးကောင်စီ
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်မယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်သွားဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးပါတယ်။
ဒါပေမဲ့လည်း ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ဖို့ အတွက်တော့ သဘောတူညီမှု မရခဲ့ကြပါဘူး။ ဒီအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ဥရောပသမဂ္ဂ (EU) နိုင်ငံတွေကသာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။
ICJ က ချမှတ်ထားတဲ့ ကနဦးဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာဖို့ တိုက်တွန်းကြောင်းနဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေရှေ့မှောက် အရေးယူနိုင်ဖို့ ထပ်မံတောင်းဆိုကြောင်း EU အဖွဲ့ဝင် Estonia နိုင်ငံက ကုလသမဂ္ဂဆိုင် ရာသံအမတ်ကြီး Sven Jürgenson က ကြေညာချက်ကို ဖတ်ပြခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့ သာမက ကချင်နဲ့ ရှမ်းပြည်နယ်က အခြေအနေတွေကို ဖြေရှင်းဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေ ကိုယ့်သဘောဆန္ဒနဲ့ သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ရေး စီစဉ်ဖို့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့လည်း ပါဝင်ပါတယ်။
လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန်မယ့် အစီအစဉ်ကိုတော့ မြန်မာနိုင်ငံနဲ့ အဓိကမဟာ မိတ်လို့ အများကမြင်ကြတဲ့ တရုတ်နိုင်ငံနဲ့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံတို့က ကန့်ကွက်ခဲ့တာလို့လည်း သံတမန်အသိုင်းအဝန်းကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုက စီးနင်းတိုက်ခိုက်တာကို မြန်မာစစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပဋိဉာဉ်ကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့တာကို ICJ က ကနဦးဆုံးဖြတ်ချက်ချရာမှာ လူမျိုးတုံးသတ်ဖြတ်ရာရောက်မယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်သွားဖို့ ပြီးခဲ့တဲ့လထဲမှာပဲ ဆုံးဖြတ်ထားတာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းအောင် လုပ်ခဲ့တာမျိုး မရှိခဲ့ကြောင်း ပြောဆိုထားပေမဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တချို့ရှိခဲ့ကြောင်း မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

Link : Here
No comments:
Post a Comment