ဗွီအိုအေ (မြန်မာဌာန)
မေခ
06 ဖေဖော်ဝါရီ၊ 2020
မေခ
06 ဖေဖော်ဝါရီ၊ 2020
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီစဉ် အောင်မြင်ဖို့ အတွက် လက်ခံရေး ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အချို့ကို ပြင်ဆင် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ လူဦးရေ ၂ သောင်း နီးပါးလောက် ပြန်လက်ခံဖို့ သဘော တူ ထားတယ် လို့လည်းပြော ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မမေခ က စုစည်းတင်ပြ ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က ဒုက္ခသည်စခန်းတွေ အတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထဲက ကိုယ့် ဆန္ဒအလျှောက် နေရပ်ပြန်လိုတဲ့သူတွေကို မြန်မာဘက်က ပြန်လည်လက်ခံရေး အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ပြန်ချိန်နီးမှ ဒုက္ခသည်တွေဘက် က မပြန်လိုဘူးဆိုတဲ့ ပြောဆိုမှုတွေထွက်လာတာကြောင့် နေရပ်ပြန်မယ့် အစီအစဉ်တွေ အခုချိန်ထိ မစတင်နိုင်ဘဲ ဖြစ်နေပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေ အကြိမ် ကြိမ် ဆွေးနွေးခဲ့သလို၊မြန်မာတာဝန်ရှိသူတွေကိုယ်တိုင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်ခဲ့တာပါ။ ဒါပေမယ့် ခုချိန်ထိမအောင်မြင်သေးပါဘူး။
ဒီလိုမအောင်မြင်ဖြစ်နေတာကြောင့် မြန်မာအစိုးရနဲ့ ဘင်္ဂလား ဒေ့ရှ်အစိုးရ တို့ဟာ နှစ်နိုင်ငံပူးတွဲ သဘောတူ ညီချက်တွေကို ပြန်ပြီး ညှိုနှိုင်းနေကြောင်းနဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကပြော ပါတယ်။
“နေခဲ့ဖူးတယ်ဆိုတဲ့ သူတွေပြန်လက်ခံရေးပိုင်းမှာ သူတို့ ရောက်လာရင် ဘယ်ရွာမှာနေရမလဲ ဆိုတာပါ တယ်။ ကျန်တဲ့ သူတို့ အတွက် ဘာတွေလုပ်ထားတယ် ဘာညာပေါ့။ သူတို့ပြန်လာရင် ဘယ်လို စီစဉ်ဆောင် ရွက်ပေးမလဲ ဆိုတာပါ။ ဒီလို Detail Information ဒါတွေကျတော့ လောလောဆယ် ထုတ်ပြောလို့ မရသေး ဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းနေတုန်း ရှိသေးတယ်။ ထုတ်ပြောလို့ မရသေးဘူး။ သူတို့သိချင်တာတွေကို အသေးစိတ်ပြောနိုင်ဖို့ ပြင်ဆင်သွား မယ်။ နောက်ပြီးတော့ အတတ်နိုင်ဆုံးမူလနေရာတွေ နောက်ပြီးတော့ မူလနေရာတွေ မရရင်တောင်မှ မူလ နေရာနဲ့ အနီးဆုံးနေရာတွေ အဲဒီနေရာတွေ ရအောင် ကျနော်တို့ လုပ်ပေးမှာပါ။”
ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေ အကြိမ်ကြိမ် ဆွေးနွေးခဲ့သလို၊ မြန်မာတာဝန်ရှိသူတွေ ကိုယ်တိုင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ခဲ့ တာပါ။ ဒါပေမယ့် ခုချိန်ထိ မအောင်မြင်နိုင်သေးပဲ ဖြစ်နေတာကြောင့် အခုလို ညှိနှိုင်း ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“သူတို့ပေးတာက ပထမဆုံးက ၈၀၀၀ ကျော်ပေးထားတယ်။ ၂သောင်းကျော်၂သောင်းကျော် ၂ခုပို့တယ်။ နောက် ၅သောင်းပေးတယ်။ ပေါင်းဆို ၁သိန်းကျော် လောက်ရှိတယ်။ ကျနော်တို့ ဘက်က အကြောင်းပြန် ထားတာ ၂ သောင်း ကျော်ရှိတယ်။ မြန်မာနိုင်ငံမှာ နေခဲ့တာက ၂ သောင်းကျော်ရှိတယ်။ ကျနော်တို့ စစ် ထားပြီးသား”
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ရက်နေ့တုန်းက နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦး ဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေနဲ့ ပတ် သက်ပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို သူတို့ဆီ သွားရောက် ရှင်းပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ကော့ဘဇားဒုက္ခသည်စခန်းမှာ ရှိတဲ့နေရပ်စွန့်ခွာ သူတွေကတော့ သူတို့ပြန်လာနိုင်ဖို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ထားချက်တွေ အပြင် အချက်တချို့ကိုပါ ထပ်ပြီးလိုက် လျောပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။
တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို မြန်မာအစိုးရက ရိုဟင်ဂျာလို့ အသိအမှတ်မ ပြုပေမယ့် စိ စစ်ပြီး ပြန်လည် လက်ခံသွားမယ်လို့ ကတိပေးထားပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဒီလူတွေ နေရပ်ပြန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက် နေသလို၊ ကုလသမဂ္ဂ နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်နေတာ ပါ။

Link : Here
No comments:
Post a Comment