B B C
ဘီဘီစီ မြန်မာပိုင်း2020.02.06
ဆေးရုံကုတင်ပေါ်ကနေ လူမှုကွန်ရက်မှာ ပုံတင်ခဲ့တဲ့ ဒေါက်တာလီ
လူသေစေတဲ့ ကိုရိုနာဗိုင်းရပ်ပိုးအကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ တရုတ် ဆရာဝန် တယောက် ဒီရော ဂါနဲ့ပဲ ကွယ်လွန်သွားပြီလို့ တရုတ် မီဒီယာတွေက ဖော်ပြပါတယ်။
၃၄ နှစ် မှာ ကွယ်လွန်သွားတဲ့ လီဝမ်လျန်း ဟာ ဝူဟန် ဗဟိုဆေးရုံကြီးက မျက်စိဆရာဝန် ဖြစ်ပါတယ်။ ဒီဇင် ဘာလ ၃ဝ ရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီရောဂါအကြောင်း စ သတိပေးခဲ့ပါတယ်။
ရောဂါသတင်းကို ဖုံးထားချင်တဲ့ ရဲက သူ့ကို ဒါတွေ မလုပ်ဖို့ လာသတိပေးပါတယ်။
ဒီဗိုင်းရပ်ကြောင့် တရုတ်ပြည်မှာ သေသူ ၅၆ဝ ကျော်ရှိပြီး လူ နှစ်သောင်းရှစ်ထောင်ကို ကူးစက်ခဲ့ပါတယ်။
လီဝမ်လျန်း ဘယ်သူလဲ
မျက်စိဆရာဝန်က သူ့အကြောင်းကို ဝေဘို ဝက်ဆိုက်ကနေ ရေးသားခဲ့တာပါ။ ဆေးရုံကုတင်ပေါ်က ဖြစ်ပါ တယ်။
၂ဝဝ၃ တုန်းက တရုတ်ပြည်မှာ ဖြစ်ခဲ့ဖူးတဲ့ ဆားစ်ရောဂါနဲ့ တူတဲ့ ဗိုင်းရပ်ရောဂါကူးစက်ခံရသူ ခုနစ်ယောက် ကို ဒေါက်တာလီ စသတိထားခဲ့မိပါတယ်။
ဒီဇင်ဘာလ ၃ဝ ရက်မှာတော့ သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကို ရောဂါမကူးအောင် အကာအကွယ် ဝတ်စုံတွေ ဝတ်ကြဖို့ အင်တာနက်ကနေ သူ သတိပေးခဲ့ပါတယ်။
နောက် လေးရက်အကြာမှာ သူ့ကို ပြည်သူ့လုံခြုံရေး ဗျူရိုရုံးက ဆင့်ခေါ်ပါတယ်။ အဲဒီမှာ သူ့ကို စာတ စောင်မှာ လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီစာမှာ လူမှုတည်ငြိမ်ရေး ဆိုးဆိုးရွားရွား ထိခိုက်အောင် သတင်း မှားတွေ ဖြန့်တယ် ဆိုပြီး သူ့ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။
သူ့လိုပဲ ကောလာဟလတွေ ဖြန့်တယ်ဆိုပြီး ရဲက စစ်မေးခံရသူ ရှစ်ယောက် ရှိပါတယ်။
နောက်ပိုင်းမှာတော့ ဒေသန္တရအာဏာပိုင်တွေ ဒေါက်တာလီကို တောင်းပန်ခဲ့ကြပါတယ်။
ဇန်နဝါရီလ ၁ဝ ရက်ကစပြီး သူ ချောင်းတွေ စဆိုးတဲ့အကြောင်း ဒေါက်တာလီ ဝေဘိုမှာ ရေးခဲ့ပါတယ်။ နောက်နေ့မှာ သူ စဖျားပြီး နှစ်ရက်အကြာမှာတော့ ဆေးရုံတက်ရပါတယ်။ သူ့မှာ ဗိုင်းရပ်ပိုး ကူးစက်တယ် ဆိုတာကို ဇန်နဝါရီ ၃ဝ ရက်ကမှ အတည်ပြုနိုင်ခဲ့ပါတယ်။
အခုတော့ တရုတ် လူမှုကွန်ရက်တွေမှာ လူတွေက သူသေဆုံးတဲ့အတွက် ပူဆွေးကြောင်း ရေးသားနေကြ ပါတယ်။

ဝူဟန်က အရေးပေါ် ဆေးရုံတခုမြင်ကွင်း

မျက်နှာဖုံးစွပ်တွေ အလုအယက်ဝယ်နေကြ
ဝူဟန် ဗိုင်းရပ် ဘာတွေ ဖြစ်နေသလဲတရုတ်နိုင်ငံမှာ ရောဂါထိန်းချုပ်ရေးအတွက် ပိုပြီး တင်းကျပ်လာပါတယ်။
ဘေဂျင်းမှာ မွေးနေ့နဲ့ မင်္ဂလာဆောင်လို လူသူစုဝေးတဲ့ ပွဲလမ်းတွေ မလုပ်ဖို့ တားမြစ်လိုက်ပြီး ဟန်ကျိုးနဲ့ နန်ချောင်မှာတော့ အိမ်ကနေ အပြင်ထွက်လို့ရတဲ့ လူအရေအတွက်ကို ကန့်သတ်ခဲ့ပါတယ်။
ဗိုင်းရပ်ရောဂါဒဏ် အဆိုးဆုံး ခံရတဲ့ ဟူဘေပြည်နယ်မှာတော့ လူတွေ အပြင်မထွက်အောင် အထပ်မြင့် အဆောက်အအုံတွေက ဓာတ်လှေကားတွေကို ရပ်ပစ်ခဲ့ပါတယ်။
ပြည်နယ် မြို့တော် ဝူဟန်မှာတော့ ဆေးရုံတွေမှာ လူနာထားစရာ ကုတင်နဲ့ ဆေးဝါးပစ္စည်းတွေ ပြတ် တောက် ကုန်ပြီလို့ အရာရှိကြီးတယောက်က ပြောပါတယ်။ ဆေးရုံနှစ်ရုံ အမြန်ဆောက်နေပေမယ့် လူနာ တွေ များလွန်းလို့ ကုစရာနေရာမရှိ ဖြစ်ကုန်တာပါ။
ဝူဟန်မှာ အစိုးရက လူတွေကို တအိမ်တက်ဆင်း အပူချိန် လိုက်တိုင်းပေးနေတယ်လို့လည်း အင်တာနက်မှာ ဖော်ပြပါတယ်။

Link : Here
No comments:
Post a Comment