" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 23, 2020

ရခိုင့်နိုင်ငံရေး လှည်းဘီး နွံထဲကျွံနေသည်

TheVoiceWeekly Journal
18-Feb-2020


(တစ်)
ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီခန့်က ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်ကြ သော ဘူးသီး တောင် ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို မြန်မာ့ပို့ ဆောင် ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက်သုံး စွဲခွင့် ဒုတိယအ ကြိမ် ပိတ်ပင်လိုက်ကြောင်း သတင်း များထွက် ပေါ်လာခဲ့သည်။ မြန်မာ့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသည် ကုန် လွန်ခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန် လ၂၁ ရက်နေ့မှ စတင် ကာ ရခိုင် ပြည် နယ်ထဲမှ မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးစသော မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် တို့ကို ပထမအကြိမ် အဖြစ် အင် တာ နက်သုံးစွဲခွင့်ကို ဖြတ်တောက် ခဲ့သည်။ ၃ လခန့်အကြာ၊ စက်တင် ဘာလ ၁ ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အင်တာနက်သုံးစွဲခွင့် ပြန်လည် ဖွင့် လှစ်ပေးခဲ့ပြီး ကျန်မြို့ နယ်များကို ဆက်လက်ပိတ်ပင်ထားခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အင်တာနက်သုံးစွဲခွင့် ဖွင့်လှစ်ပေးထားပြီးသော မြို့နယ် ၅ ခုကို ဒုတိယအကြိမ် ထပ်မံပိတ်ပင်ခဲ့ ပြန် သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို အင်တာနက်သုံးစွဲခွင့် ထပ်မံပိတ်ပင်ခြင်းနှင့် ပတ်သက်၍ မြန်မာ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသာဦးက မြန် မာ့တပ်မ တော် နှင့် ရခိုင်အဖွဲ့ AA တို့ တိုက်ပွဲများဖြစ်ပွားနေကြသောကြောင့် ဒေသတွင်းတည်ငြိမ် မှုရရှိစေ ရန် အင်တာ နက်လိုင်းဖြတ်တောက်ရခြင်းဖြစ်ကြောင်း သတင်းဌာနများသို့ဖြေကြားထားသည်ကို တွေ့ရ သည်။ ထို့အပြင် ထို ဒေသများတွင် အင်တာနက်လိုင်းဖြတ်တောက်မှုသည် တရားဥပဒေနှင့်အညီဆောင် ရွက်ခြင်းဖြစ်ပြီးဝန်ကြီးဌာ နအနေနှင့် ဥပဒေကိုကျော်လွန်ကာ ဘာတစ်ခုမျှ လုပ်ဆောင်ခြင်းမရှိကြောင်း ဆိုထားသည်။ ထူးခြားသည်မှာ ပထမအကြိမ် အင်တာနက်လိုင်းသုံးစွဲခွင့်ဖြတ်တောက်ခဲ့စဉ်က ပြန်လည် ဖွင့်လှစ်ပေးမည့်အချိန်ကို အတိအကျ မပြောဆိုခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဖေဖော်ဝါရီလ ၃ ရက်မှ မေလ၂ ရက်နေ့အထိ ၃ လကြာမြင့်မည်ဖြစ် ကြောင်းနှင့် ကြားထဲတွင်တည်ငြိမ် အေးချမ်းလာပါက စော ၍ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းဆိုသည်။

ရခိုင်နှင့် ချင်းပြည်နယ်မှ မြို့နယ် ၉ ခုကို ပထမအကြိမ် အင်တာနက်လိုင်းဖြတ်တောက်ခဲ့စဉ်ကလည်း အများ ပြည်သူတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အပေါ် ထိခိုက်မှုရှိလာနိုင်သောကြောင့် အစိုးရ၏သဘောတူညီချက်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။ မြန်မာ့တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ လူမျိုးရေးမုန်းတီးမှု များ ကိုလျှော့ချရန်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ထိုစဉ်က မှတ်ချက်ပေးခဲ့သည်ကို တွေ့ရှိရသည်။ မည်သို့ပင် ဆိုစေ။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် မှ မြို့နယ်တို့ကို အင်တာနက်လိုင်းဖြတ်တောက်ခဲ့ခြင်းနှင့် ပတ်သက် ၍ ပြည် တွင်း၊ ပြည်ပမှ လူ့အခွင့်အရေးအဖွဲ့အစည်းများက စိုးရိမ်မကင်းထောက်ပြဝေဖန်မှုများ ရှိခဲ့သည်။

(နှစ်)
လက်ရှိရခိုင်ပြည်နယ်၏ အခြေအနေသည် လှည်းဘီးနွံထဲကျွံနေသော အခြေအနေဟုဆိုနိုင်သည်။ရခိုင်ပြည် နယ် နှင့် ရခိုင်လူမျိုးတို့သည် လူမှုဒုက္ခ နွံအိုင်ထဲမှ ရုန်းထွက်နိုင်ရန် နေ့စဉ်နှင့်အမျှ တွေးနေကြရသည်။ မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးဖြစ်သော ရခိုင်ပြည်နယ်ထဲတွင် လူမှုဘဝ၏ အခြေခံလိုအပ်ချက်များ ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးစသော အခြေခံအဆောက်အဦများသည် လည်း လိုအပ်ချက် အပေါင်းနှင့် ယိုင်နဲ့နေသည်။ ထို့အပြင် လက်ရှိအချိန်၌ မြန်မာ့တပ်မတော်နှင့် ရခိုင်အဖွဲ့ AAတို့၏နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသောတိုက်ပွဲများက ရခိုင်ပြည်နယ်နှင့် ရခိုင်လူထုတို့ကိုမီးလောင် ရာ လေပင့် အခြေအနေသို့ဆိုက် ရောက်နေစေသည်။

နှစ်ကာလချီကြာမြင့်လာသောတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ထဲတွင် တိုက်ပွဲရှောင်အရေအတွက် ၁၀၆၆၁၄ ဦးအထိ တိုးပွားလာ ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) မှ ဇန်နဝါရီ လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ ထိုသို့ တိုက်ပွဲရှောင်များ ထဲတွင် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်နှင့် မိ ခင်များ၊ သက်ကြီး ရွယ်အို များနှင့် ကျောင်းနေအရွယ်အများအပြားပါဝင်နေပြီး နေထိုင်စားသောက်ရေး အ ခက် အခဲများရှိကြောင်း ဆိုသည်။ လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားနေရာ ရခိုင်ပြည်နယ်ရှိမြို့နယ်များ၌အင် တာနက်ဆက်သွယ်မှု လိုင်း များ သုံးစွဲခွင့်များကိုပါပိတ်ပင်ထားသဖြင့် ထိုဒေသမှအခြေအနေနှင့် သတင်း အ ချက်အလက်များကို အချိန်နှင့် တစ်ပြေးညီရယူသိရှိနိုင်ရန် ခက်ခဲသောအခြေအနေပင် ဖြစ်သည်။ ထိုသို့ အခြေအနေမျိုးတွင် ရခိုင်လူထုတို့သည် တစ်ဦးကိုတစ်ဦး မကူနိုင်မကယ်နိုင်သောဘဝများဖြင့် နေ့စဉ် ရှင် သန်နေကြရသည်။

(သုံး)
"ရခိုင်ပြည်နယ်ထဲမှာ အင်တာနက်လိုင်းကို ဒုတိယအကြိမ် ပြန်လည်ဖြတ်တောက်ခံရတာနဲ့ပတ်သက်ပြီး တော့ ဖြတ်တောက်ခံရတဲ့ မြို့နယ်တွေက ပြည်သူလူထုအနေနဲ့ စီးပွားရေး၊ ကျန်းမာရေးကအစ တစ်မြို့နယ် နဲ့တစ်မြို့ နယ်ဆက်သွယ်ရေးကိစ္စတွေမှာ အခက်အခဲ ဖြစ်လာတယ်။ ကျွန်တော့်အမြင်ကတော့ ဒီမှာ (ရခိုင် ပြည်နယ်ထဲ မှာ) ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ သတင်းတွေကို အမှောင်ချတဲ့ သဘောလို့ပဲ သုံး သပ်မိပါတယ်"

ရခိုင်ပြည်နယ်ထဲတွင် ဒုတိယအကြိမ် အင်တာနက်သုံးစွဲခွင့် ထပ်မံဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ရခိုင် ပြည် နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက သူ၏သဘောထားအမြင်ကို ပြောပြခြင်းပင်ဖြစ်သည်။ ရ ခိုင်ပြည်နယ် ထဲတွင် အင်တာနက်လိုင်းဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် ပြည်နယ်လွှတ် တော် ထဲတွင် အဆိုတင် သွင်းအောင်မြင်ခဲ့ဖူးသော်လည်း ရခိုင်ပြည်နယ်အစိုးရသည် လွှတ် တော် ၏ အဆိုကို အ လေးအနက်မထားခဲ့ကြောင်း သူကဆိုသည်။ လွှတ်တော်မှ အစိုးရကို ထိန်းကျောင်း၊ ထိန်းညှိရမည်ဟုဖွဲ့စည်းပုံအ ခြေခံဥပဒေထဲတွင်ပါရှိသော်လည်း လက်ရှိအစိုးရသည် NLD အစိုးရဖြစ်၍ လွှတ်တော်ထဲမှ အများစုမှာ ရခိုင်အ မျိုး သားပါတီ (ANP) ဖြစ်နေသဖြင့် တစ်ဖက် နှင့်တစ်ဖက် ထိန်းညှိရန် အခက်အခဲရှိကြောင်းဆိုသည်။ ထိုသို့ ဖြစ် နေရခြင်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကန့်သတ်ထား ၍ ဟုသာဖြစ်ကြောင်း သူက ထောက်ပြသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ဆိုတာ သမ္မတက အမည်စာရင်းတင်ပြီး ရွေးချယ်ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ် ဖြစ်နေတယ်။ ဒီတော့ လွှတ်တော်က ရွေးချယ်ထားတဲ့ဝန်ကြီးချုပ်မဟုတ်တဲ့အတွက်လွှတ်တော်ကိုအလေးမထား ဘဲ သမ္မတကို တာဝန်ခံရမှာဖြစ်တဲ့အတွက် သမ္မတရဲ့ လမ်းညွှန်မှုကိုပဲ သူကခံယူတာတွေ့ ရပါတယ်။ ဒီတော့ ရခိုင်သူ၊ ရခိုင်သား တွေရဲ့ကိုယ်စား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပညာရေး၊ ကျန်းမာ ရေး စတာတွေကို ကူညီဖို့အတွက် တက်လာတဲ့အစိုးရက ဒီလိုအင်တာနက်လိုင်း ပိတ်ပင်တယ်ဆိုတော့ ဒါဟာ လူ့အခွင့်အရေးချိုး ဖောက်ရာတောင်ရောက်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်" ဟု ရခိုင်ပြည်နယ် လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ဦး မြသန်းက ထောက်ရှုဝေဖန်သည်။

(လေး)
"အင်တာနက်လိုင်းကိုပိတ်ပင်တာက လူ့အခွင့်အရေးရှုဒေါင့်က ကြည့်မယ်ဆိုရင် သတင်းအချက် အလက် ရရှိ ရေးကို ပိတ်ပင်လိုက်တာ ဖြစ်တဲ့အတွက် ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ပါတယ်။ ဒီအချက်ကို အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်-၁၉ မှာလည်း ဖော်ပြထားပြီးသားဖြစ်ပါတယ်။ ဘာကြောင့် ပဲဖြစ်နေနေ ဒီလိုပိတ်ပင်လို့မရပါဘူး။ နောက်တစ်ခုက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မပါ ဘဲနဲ့ သူတို့မှာ အာ ဏာရှိတဲ့အတိုင်းလုပ်တယ်လို့လည်း ယူဆလို့ရပါတယ်။ အင်တာနက်လိုင်း ပိတ်မယ် ဆို တာကို ခိုင်လုံတဲ့ အ ကြောင်းပြချက်မရှိဘဲ၊ ပြည်သူလူထုကို ချပြခြင်းမရှိဘဲ လုပ်ပိုင်ခွင့်အာဏာကို အလွဲ သုံး စားလုပ်တယ်လို့လည်း သုံးသပ်မိပါ တယ်"

ဝံလက်ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ကိုခိုင်ကောင်းစံ ပြောပြသောစကားများဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်းမှ အင်တာနက် ဖြတ်တောက်မှုများကို အမုန်းတရားများပြန့်ပွားမှုကိုတားဆီးရေး၊ လုံခြုံရေးနှင့် တည်ငြိမ် အေး ချမ်းရေးအတွက်ဟုဆိုသော်လည်း ထိုထက် ပိုမိုသောအကြောင်းတရားများ ရှိနေလိမ့်မည် ဟုသုံးသပ်မိ ကြောင်း သူကဆိုသည်။လွန်ခဲ့သောအချိန်များက စစ်ဆင်ရေးတွင် ဖြတ် ၄ ဖြတ်ရှိခဲ့ဖူးသကဲ့သို့ လက်ရှိအချိန်တွင် ဖြတ် ၅ ဖြတ်ဖြစ်နိုင်ကြောင်းထောက်ပြသည်။ ထို့ကြောင့် စစ်ရေးအရ အင်တာနက် လိုင်း ဖြတ်ခြင်းဟု သုံးသပ် ကြောင်း သူကဆိုသည်။ ထို့အပြင် ရခိုင်ပြည်နယ်ထဲတွင် အင်တာနက် လိုင်းဖြတ် တောက်ခံရခြင်းနှင့် ပတ်သက် ၍ လူထုက ဆန္ဒပြတောင်းဆိုမှုများ၊ ထုတ်ပြန်ကြေညာချက်များရှိခဲ့သော် လည်း လက်ရှိအစိုးရသည် လူထုအသံ ကို ဥပေက္ခာပြုထားကြောင်း ကိုခိုင်ကောင်းစံက ဆိုသည်။

(ငါး)
ရခိုင်ပြည်နယ်မှာ အင်တာနက်သုံးစွဲခွင့်ပိတ်ပင်ခြင်းသည် တိုက်ပွဲဖြစ်ပွားရာဒေသများကိုသာမက နေရာဒေသ အနှံ့အပြားမှ ရခိုင်လူထု များအတွက် ထိခိုက်မှုရှိသည်ဟုဆိုနိုင်သည်။ ကမ္ဘာ့ရွာဟုဆိုသော IT ခေတ်တွင် ခေတ် နှင့်ရင်ပေါင်တန်းကာ နည်းပညာကိုအသုံးပြုနေ ကြသူများ၊ အွန်လိုင်းဖြင့် ရောင်းဝယ်ဖောက် ကား နေကြသူများ၊ ပညာသင် ကျောင်းသူကျောင်းသားများ၊ ဗဟုသုတနှင့် တိုးတက်လမ်းရှာဖွေနေကြသူ များကို ပိတ်ပင်တား ဆီး လိုက်သကဲ့သို့ ဖြစ်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ အခြားတစ်ဖက်တွင်အချိန် နှင့်အမျှ ဖြစ်ပေါ်ပြောင်း လဲ နေသော သတင်းအချက်အလက်များကို ရခိုင်ပြည်သူများ ရယူသိရှိခွင့် ဆုံးရှုံး သွားခဲ့ရသည်။ မြန်မာတစ်နိုင်ငံလုံး တွင် အင်တာနက်လိုင်းကိုသုံးစွဲခွင့်ရရှိနေကြသော်လည်း ရခိုင်ဒေသအ ချို့ကိုပိတ်ပင်ထားခြင်းမှာ ခွဲခြားဆက်ဆံ ခြင်းဟု ခံစားရကြောင်း ဝံလက်ဖောင်ဒေးရှင်း၏အမှုဆောင် ဒါ ရိုက်တာကိုခိုင်ကောင်းစံက ဆိုသည်။ မည်သို့ ပင်ဖြစ်စေ။ လက်ရှိ ရခိုင်ပြည်နယ်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ငြိမ်းချမ်းရေးတို့ကို တင် ဆောင်ထားသောလှည်းဘီးသည် နွံထဲ၌ နစ်မြုပ်နေသည်။ ပြိုင် တူတွန်းမည့်သူများ လိုအပ်နေသည်မှာလည်း အမှန်ပင်ဖြစ်လေသည်။ ။

ရက္ခ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */