Monday, February 24, 2020

အင်တာနက် ပြန်ဖွင့်ပေးဖို့ စစ်တွေတက္ကသိုလ် ကျောင်းသား တွေ တောင်းဆို

VOA   
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင် 
24 ဖေဖော်ဝါရီ၊ 2020  
ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ရေး မနှစ် ဒီဇင်ဘာလအတွင်းက တောင်းဆိုဆန္ဒပြနေသူများ။ (ဒီဇင်ဘာ ၂၄၊ ၂၀၁၉)


 မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရက ပိတ် ပင်ထား တဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ ဖေဖော်ဝါရီ ၂၂ ရက်က စစ်တွေမြို့မှာ ကျောင်းသားတွေနဲ့ သံဃာတော်တွေ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ AFP သတင်းပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်ကတင်ပြေ ပးထားပါတယ်။

စစ်ရေးပဋိပက္ခ ကြုံနေရတဲ့ ရခိုင်ပြည်နယ် ဒေသတချို့မှာ အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက် ထား တာကြောင့် ကျောင်းသားလူငယ်တွေ အပါအဝင် ဒေသခံတွေ အခက်အခဲ ကြုံလာရတဲ့အတွက် စစ် တွေ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး စနေနေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ 


မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ တနှစ်ကျော် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ရခိုင် ပြည် နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက် ဦး ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ပါဆိုရင် စုစုပေါင်း ၉ မြို့နယ်ကို ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့ ကစပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း ပထမအကြိမ် ဖြတ်တောက်ခဲ့တာပါ။ 
 
ဒီအထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေကို စက်တင်ဘာလ ၁ ရက်နေ့တုန်းက အင် တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပေမယ့် ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ ဒုတိယအကြိမ် ပြန်ပြီး ပိတ်ပစ်ခဲ့ ပါတယ်။

အစိုးရက အခုလို အင်တာနက်လိုင်း ဖြတ်ထားတာကြောင့် ပညာသင်ကြားရေးမှာ လိုအပ်တဲ့ ငွေကြေးမှာယူ ဖို့  အခက်အခဲ ကြုံလာရတယ်လို့ ဆန္ဒပြကျောင်းသူ မစိုးနှင်းမိုးက ပြောပါတယ်။

“ကျမတို့ မိဘတွေနဲ့ရော ညီအစ်ကိုမောင်နှမတွေနဲ့ရော တခုမှ အဆက်အသွယ် မရဘူး။ ကျမတို့ ကျောင်း တက် နေတာ ဒီလိုမျိုး မိဘတွေနဲ့ ဆက်သွယ်မှုမရှိရင် ကျမတို့ ဘယ်ကပိုက်ဆံနဲ့ ပညာဆက်သင်နေရ မှာ လဲ။”

အင်တာနက်ဖြတ်တောက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတမျိုး ဖြစ်တာကြောင့် ရခိုင်နဲ့ ချင်းပြည် နယ်က ၉ မြို့နယ်မှာ လိုင်းတွေပြန်ဖွင့်ပေးဖို့ လူထုအခြေပြု လူမှုအဖွဲ့အစည်း ၁၀၅ ဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ် ထဲမှာပဲ အစိုးရကို တောင်းဆိုခဲ့ပေမယ့် ခုချိန်ထိတော့ ပြန်မဖွင့်သေးပါဘူး။

အင်တာနက်လိုင်း ဖြတ်တောက်မှုကြောင့် ကြုံနေရတဲ့ အခြေအနေကို NLD အစိုးရက သိစေချင်ပြီး နိုင်ငံတ ကာ မီဒီယာတွေကိုလည်း လွတ်လပ်စွာ သတင်းယူခွင့် ပြုစေချင်တယ်လို့ ဆန္ဒပြပွဲက ကျောင်းသားခေါင်း ဆောင် ကိုတိုးတိုးအောင်က ပြောပါတယ်။

“ဒီလို ခွင့်မပြုပေးတဲ့ ဆိုးကျိုးတွေ ကျနော်တို့ အခုခံစားနေရတယ်။ ဒါကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တကွ လက်ရှိ အာဏာရပါတီကို ကျနော်တို့ ပြောချင်တယ်၊ တောင်းဆိုချင်တယ်။”

အခုဆိုရင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ၉ မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာ ရက်ပေါင်း ၂၅၀ လောက်ရှိလာပြီး ဒေသခံ ၈ သိန်းလောက်ရဲ့ နေ့စဉ်ဘ၀ လုံခြုံမှု၊ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်း မာရေးကိစ္စတွေမှာ ဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ 

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */