Friday, February 28, 2020

မြန်မာလူ့အခွင့်အရေး ချိုးဖောက်မှု အခြေခံအကြောင်းရင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဖေဖော်ဝါရီ၊ 2020 
၂၀၁၇ စက်တင်ဘာ ၁၅ ရက်နေ့တုန်းက ရိုဟင်ဂျာ ဒုက္ခသည်များကို တွေ့ရစဉ် 
 
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေရတဲ့ အခြေခံအကြောင်းရင်းတွေထဲမှာဒီမိုကေ ရစီ အခြေခံတွေ အားနည်းတာ၊ အပြစ်ကျုးလွန်သူတွေ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတာ၊ တရား ဥပဒေ စိုးမိုးရေး အားနည်းတာ၊ အရပ်ဘက်က ကြီးကြပ်ခွင့် မရတာ စတာတွေအပေါ်မှာ အခြေခံနေေ ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ပြောလိုက်ပါတယ်။
ရာစုဝက်လောက် ကျင့်သုံးခဲ့တဲ့ အစိုးရတွေရဲ့ မူဝါဒတွေ၊ ဥပဒေတွေဟာလည်း ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို အားပေးရာ ရောက်နေတဲ့အကြောင်း ပြောဆိုလိုက်တာပါ။
 
“ဒီမူဝါဒတွေက အကြမ်းဖက်မှုတွေ ကျုးလွန်ခံရအောင်၊ အလွန်အမင်း ဆင်းရဲမွဲတေအောင်၊ ခေါင်းပုံဖြတ်ခံ ရေ အာင်၊ ပိုင်ဆိုင်ခွင့်မရှိအောင် အားပေးရာ ရောက်နေတဲ့အကြောင်း” ကြာသပတေးနေ့က ကုသလမဂ္ဂ လူ့အခွင့် အရေးကောင်စီမှာ ကော်မရှင်နာမင်းကြီး Michelle Bachelet ပြောဆိုသွားတာပါ။
 
အထူးသဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကြောင့် ရိုဟင်ဂျာတွေနဲ့ တခြားမွတ်ဆလင်တွေအတွက် နိုင်ငံ မဲ့တွေ လို အဖြစ်မျိုးကြုံနေရတယ်လို့လည်း ပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ရတဲ့ အေ ကြာင်းရင်းခံပေါင်း စုံရှိနေပြီး၊ ကာလကြာရှည် တည်ရှိနေခဲ့တဲ့ ပြဿနာကို ဖြေရှင်းဖို့ သမိုင်းနောက်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဘက်ပေါင်းစုံကို နားလည်ဖို့ လိုကြောင်းလည်း ပြောဆိုခဲ့တာပါ။
 
လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနကို ဖြေရှင်းဖို့ မြန်မာအစိုးရအနေနဲ့ အားလုံးကို စုစည်းပြီး ဖြေရှင်းနိုင်မယ့် သမိုင်းဝင် အခွင့်အလန်းကောင်းတရပ် ရှိနေကြောင်းလည်း ပြောဆိုသွားပါတယ်။ မြန်မာအစိုးရ ကေ တာ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲ ချက် တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိနေကြောင်း တုံ့ပြန်ထားတာပါ။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */