Monday, February 17, 2020

ပါမောက္ခ ဝီလီယံ ရှဘတ်စ် မြန်မာအစိုးရနဲ့အဆက်ဖြတ်ဖို့ ဖိအားပေးခံရ

လွတ်လပ်တဲ့အာရှအသံ( RFA ) 
မြန်မာဌာန | သတင်းများ
Feb 17, 2020
ပါမောက္ခ ဝီလီယံ ရှဘတ်စ်


ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံဘက်က ရှေ့နေလိုက်ပေးနေတဲ့ ပါမောက္ခ ဝီလျံရှဘတ်စ်ကို “မြန်မာ နဲ့ အဆက်ဖြတ်” ဖို့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှု လေ့လာရေးအဖွဲ့ (IAGS) ဥက္ကဋ္ဌတာဝန်ထမ်းဆောင် ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်‌လေးဦးနဲ့ လက်ရှိဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

ပါမောက္ခ ဝီလျံရှဘတ်စ်ဟာ IAGS ဥက္ကဋ္ဌအဖြစ် ၂ဝဝ၉ ကနေ ၂ဝ၁၁ အထိ သုံးနှစ်ကြာ ဆောင်ရွက်ခဲ့ သူဖြစ်ပြီး၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ဦးဆောင်ဦးရွက် ပြုခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ် ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ မြန်မာအတွက် ရှေ့နေလိုက်ပေးဖို့ ဝီလျီယံရှဘတ်စ်က ဆုံး ဖြတ်ခဲ့တဲ့အပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့ အသင်းဥက္ကဋ္ဌ ငါးဦးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှေ့နေကြီး ရှဘတ်စ်အနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲနေတာကို အဆုံးသတ်ပြီး၊ ရိုဟင်ဂျာတွေအပေါ် လူ မျိုးတုံးသတ်ဖြတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ထပ်မဖြစ်အောင် ကာ ကွယ်ပေးမယ့် နိုင်ငံတကာဥပဒေ ရေးရာတွေ ခိုင်မာလာအောင်သာ အားထုတ်ဖို့လည်း ဥက္ကဋ္ဌ ငါးဦးက တောင်းဆိုလိုက်ပါတယ်။

FB. 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */