" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 29, 2020

ICJ ကြားဖြတ်စီမံချက်ကြောင့် နိုင်ငံ့အချုပ်အခြာအာဏာ ထိခိုက်ခြင်းမရှိဟုဆို

ဧရာဝတီ
By ဇူးဇူး
29 January 2020
ICJ တရားရုံးတွင် တွေ့ရသည့် နိုင်ငံတော် ၏ အတိုင်ပင်ခံနှင့် အဖွဲ့ / ICJ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးသုဉ်း သတ်ဖြတ် သည်ဟု စွပ်စွဲပြီး ကြားဖြတ်အစီအမံများ ချမှတ်ပေးရန် လျှောက်ထားမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံ အနေဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ဇန်နဝါရီ ၂၃ ရက်က ဆုံးဖြတ် ချမှတ်ခဲ့သည်။
အဆိုပါ ကြားဖြတ်အစီအမံ (Provisional Measures) ၄ ချက်တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိ ခိုက်စေ မည့် အချက်များ (လုံးဝ) မပါဝင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ က ပြောဆိုသည်။

ICJ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ပူးတွဲ ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဝန်ကြီး ဦးကျော်တင့်ဆွေက ဇန်န ဝါရီ ၂၈ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ခဲ့သော “ကြားဖြတ်စီမံ ဆောင် ရွက်ချက် ချမှတ် ခြင်းဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်း” ဆွေးနွေးပွဲ၌ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုအဆင့်သည် ပဏာမအဆင့်သာ ရှိသေးပြီး ကြားဖြတ်စီမံချက်များနှင့် ပတ်သက်၍ မလိုလား၊ မချမှတ် စေ ချင်သော် လည်းပဲ ICJ သည် ဂျီနိုဆိုက်အမှု မှန်သမျှတွင် ကြားဖြတ်စီမံချက် တောင်းတိုင်း ရာခိုင်နှုန်းပြည့် ပေး လေ့ရှိကြောင်း၊ Provisional Measures ချမှတ်ခံရသည့် ကိစ္စတွင် ထိတ်လန့်စရာအချက် တခုမှ မပါ ကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေ က ရှင်းလင်းပြောဆိုသည်။

ဝန်ကြီး ဦးကျော်တင့်ဆွေ က “Provisional Measures ချလိုက်တဲ့အတွက် ကျနော်တို့အနေနဲ့ရှုံးနိမ့်တယ်လို့ပြော လို့မရပါဘူး။ ချလိုက်တဲ့အချက် တွေကလည်း နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမယ့်ဟာမျိုး မဟုတ် ပါ ဘူး။ အဓိက ၂ ချက်ဖြစ်တဲ့ Provisional Measures နှစ်ခုစလုံးဟာလည်း ကျနော်တို့ အနေနဲ့ ကွန် ဗင်းရှင်းဝင်က တည်းက ဒီအတိုင်း လိုက်နာကျင့် သုံးပါမယ်ဆိုတဲ့ commitment တွေကိုပဲ ချမှတ်ခြင်း ဖြစ်ပါ တယ်” ဟု ပြော သည်။

ICJ က ချမှတ်လိုက်သည့် ကြားဖြတ်အစီအမံ ၄ ချက်အနက် ပထမဆုံး ၂ ချက်ကို ၎င်းအနေဖြင့် ဆိုလိုခြင်း ဖြစ် သည်။

နံပတ် ၁ အချက်သည် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် အပိုဒ် (၂) ၌ ဖော်ပြထားသည့် ကျူးလွန်မှုများ (နိုင်ငံတနိုင်ငံရှိ လူမျိုး၊ လူမျိုးစု၊ လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက် သည့် အုပ်စု တခု အပေါ် ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကြီးမားစွာ ထိခိုက်စေခြင်းရည်ရွယ် ချက် ရှိရှိဖြင့် အုပ်စု ၁ စု ကို ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ ထိုအုပ်စုထဲရှိ ကလေးမွေးဖွားမှုကို ပိတ် ပင်တားဆီးခြင်း၊ ထိုအုပ်စုထဲရှိ ကလေးများကို အုပ်စုတခုသို့ အတင်းအကျပ် ပို့ဆောင်ခြင်း) ဖြစ်မလာ စေ ရေး အစီအမံများ ချ မှတ်ဆောင်ရွက်သွားရန် ဖြစ်သည်။

နံပတ် ၂ အချက်သည် မြန်မာနိုင်ငံရှိ တပ်မတော်၊ ပုံမှန်မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ ၎င်းတို့ ၏ ထိန်းချုပ်မှုအောက်ရှိ တိုက်ရိုက် (သို့) သွယ်ဝိုက်ရှိသည့် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်မဆို နံပါတ် ၁ ပါအချက် များ ကို မကျူးလွန်စေရန် (လျှို့ဝှက်ကြံစည်မှု၊ ပြည်သူကိုလှုံ့ဆော်မှု၊ ကြိုးစားအားထုတ်မှု၊ ကြံစည်မှု ၌ အတူပါ ဝင်ခြင်း) ဖြစ်သည်။

ထိုအချက်များကို ICJ က ဆုံးဖြတ်ချက်ချရာတွင် ဂမ်ဘီယာ အဆိုပြုချိန်က နံပါတ် ၁ တွင် အဓမ္မကျင့်ခြင်း၊ လိင် ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း၊ နေအိမ်/ရွာများကို မီးရှို့ခြင်း၊ မြေယာပိုင်ဆိုင်မှုများ ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာမရ အောင် တားဆီးပိတ်ပင်ခြင်း စသည့် စာသားအသစ် ထပ်ထည့်ခြင်းများကို လက်မခံဘဲ ကွန်ဗင်း ရှင်း အပိုဒ် ၂ အ တိုင်းသာ ချမှတ်သွားသလို နံပါတ်နှစ်ကိုလည်းပဲ ကွန်ဗင်းရှင်း အပိုဒ် ၃ အတိုင်းသာချမှတ် သွားကြောင်း ICJ မြန် မာကိုယ်စား လှယ်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က ရှင်းလင်းပြော ဆို သည်။

ဦးချမ်းအေး က “၁ ရော ၂ ရော ကျနော်တို့ လိုက်နာမယ်လို့ ကတိကဝတ် ပြုထားပြီးအတိုင်း လိုက်လည်း လိုက် နာနေတယ်။ ဆက်ပြီးတော့လည်း လိုက်နာရမယ့်ဟာတွေကို ဖော်ပြထားတာ။ စာသားအသစ်တွေလည်း မပါဘူး။ ကျနော်တို့ကို ထိခိုက် စေမယ့်ဟာတွေလည်း မတွေ့ရဘူး။ အချုပ်အခြာအာဏာကို ထိ ပါးစေမယ့် ဟာမျိုး လည်း မတွေ့ရဘူး” ဟု ဆို သည်။

တတိယအချက် ဖြစ်သည့် ဖြစ်ပြီးခဲ့သည့် ကျူးလွန်မှုများမှ ကျန်သည့် သက်သေ အထောက်အထားများကိုမဖျက် ဆီး ရန်၊ ထိန်းသိမ်းပေးရန် ဟူသည့် အချက်နှင့် ပတ်သက်၍လည်း ICJ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်ပြည်ထောင် စုရှေ့နေ ချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန် ဒေါ်သီတာဦးက ရှင်းပြသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၀၁ အရ ကျူးလွန်သူကို ပြစ်ဒဏ်ကျခံရခြင်းမှ အကာကွယ်ပေးရန် အလို့ငှာ ပြစ်မှု ကျူး လွန်ခြင်းနှင့် စပ်လျဉ်းသည့် သက်သေခံချက် အထောက်အထားများကို ဖျောက်ဖျက်ခဲ့မည်ဆို ပါက ထိ ရောက်သည့် ပြစ်ဒဏ်များ ပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။

ဒေါ်သီတာဦး က “သက်သေခံ ဖျောက်ခြင်းနဲ့ ပတ်သက်ပြီး ဥပဒေ အတိအကျ ရှိပြီးသားပါ။အိုင်စီဂျေကနေချမှတ် တဲ့ တတိယချက်က ဂျီနိုဆိုက်ကျူးလွန်ခြင်းရဲ့ သက်သေခံ အထောက်အထားတွေ မဖျောက်ဖျက်ဖို့။ ဒါဟာ ဥပ ဒေပြဌာန်းချက်နဲ့ ရှိပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ရခိုင်ပြည်နယ်အရေးဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသော လွတ်လပ်သည့် စုံစမ်း စစ် ဆေး ရေးကော်မရှင် (ICOE) အစီရင်ခံစာပါ အချက်အလက်များနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးက စစ်ဥပ ဒေချုပ်ရုံး နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ အစီရင်ခံစာပါ ကိစ္စများကို ဆက်လက် စုံ စမ်းဖော် ထုတ်ရန်၊တရား စွဲ ဆို အရေးယူ ခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံး တို့မှလည်း အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းပြသည်။

ICJ ၏ ကြားဖြတ်အစီအမံ မချခင် ရက်ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကြေညာချက်အရ စုံစမ်း အရေး ယူ ဖော်ထုတ်ကာ တရားစွဲမည် ဆိုလျှင်လည်း မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ဥပဒေများအတိုင်းအရေးယူဆောင် ရွက်သွားရမည် ဟု ဒေါ်သီတာဦးက ပြောသည်။

နောက်ဆုံးအချက်ဖြစ်သည့် မြန်မာ၏ စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချသည့်နေ့မှ ၄ လ အတွင်း အစီရင်ခံစာ တင်ရမည်ဖြစ်ပြီး နောက်ပိုင်း၌ ၆ လ တကြိမ်ဖြင့် အမှုမပြီးမချင်း ပုံမှန်အစီရင်ခံစာတင်သွား ရန်ဟူ၍ ဖြစ်သည်။

ထိုအချက်ကို အစိုးရအနေဖြင့် လုပ်ဆောင်ရန်မလိုကြောင်း၊ အချုပ်အခြာအာဏာကို ထိပါးခြင်းသာ ဖြစ် ကြောင်း ဝေဖန် သုံးသပ်မှုများနှင့် ပတ်သက်၍ ထိုသို့ အစီရင်ခံစာ တင်ပြခိုင်းခြင်းသည်မြန်မာနှင့်ဂမ်ဘီယာအမှုတခုတည်း တွင်သာ တင်ခိုင်းခြင်းမဟုတ်ကြောင်း၊ အစီရင်ခံစာတင်ရခြင်းသည်အခွင့်အလမ်းကောင်းတခုဟုသာမြင်ကြောင်း ICJ မြန် မာကိုယ်စားလှယ်အဖွဲ့ဝင် ဥပဒေအကြံပေး ဦးကျော်တင်က ပြောဆိုသည်။

ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ဖောက်ဖျက်ပါသည်ဟု အစွပ်စွဲခံရကတည်းက ရင်နာစရာကောင်းသည့် အခက် အခဲ ဖြစ်ပြီး ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း၊ အစီရင်ခံ တင်ပြခိုင်း မှုမှတ ဆင့် ဂျီနိုဆိုက် မရှိအောင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နေမှုများကို ထိရောက်စွာ တင်ပြနိုင် မည် ဆိုပါက နောက်ပိုင်း အမှု ရင်ဆိုင် သည့်အခါ အမှုနိုင်ရန်အတွက် အထောက်အကူပြုသည့် ခြေလှမ်းတခုဟု ယူဆကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောသည်။

ကြားဖြတ်အစီအမံ ချလိုက်ခြင်းကြောင့် နိုင်ငံအတွက် ဒုက္ခအကြီးအကျယ် ရောက်ပြီဆိုသည့် ပြည်သူကိုကြောက် လန့်အောင် ပြောဆိုနေမှုများ တွေ့ရကြောင်း၊ မမှန်ကန်သည့် အချက်အလက်များဖြင့် ပြည်သူ ကြောက်လန့် အောင် လုပ်မည်ဆိုပါက နိုင်ငံကို ထိခိုက်မည်ဖြစ်ရာ ရည်ရွယ်ချက် ရှိရှိ၊ မရှိရှိ အချက်လက် မမှားယွင်းစေရန် ပြန် လည်လေ့ လာကြရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

ICJ က ချမှတ်လိုက်သည့် ယာယီလုပ်ဆောင်ရမည့် အချက်များကို ကြည့်လျှင် ICJ က တောင်းမှပြောမှ လုပ် ရ မည့် တာဝန်များ မဟုတ်ဘဲ လူ့အခွင့်အရေးကို အမှန်တကယ် လေးစားသည့်၊ ပြည်သူလူထု၏ အခွင့်အရေးကို ကာ ကွယ်ပေးလိုသည့် အစိုးရတရပ် အနေဖြင့် လုပ်ဆောင်ပေးရမည့် တာဝန်ရှိကြောင်း လူ့အခွင့်အရေး တက် ကြွလှုပ်ရှား သူများက သုံးသပ်ပြောဆိုသည်။

၆ လတကြိမ် ပုံမှန်တင်သွင်း အစီရင်ခံရမည့် လုပ်ထုံးလုပ်နည်းသည် အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုး ဖောက် မှု များကို တားဆီးနိုင်ရန် နောက်တခါ တပ်မဖြစ်ရန် မည်သို့ ကာကွယ်ပေးနိုင်သလဲ ဆိုသည်ကို တရားဝင် တင်ပြ ရှင်း လင်းနိုင်မည့်၊ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို သက်သေပြနိုင်မည့် အခွင့်အလမ်း တခုဖြစ်သည်ဟု သုံး သပ်မှုများ လည်း ရှိသည်။

ဆက်စပ်လင့်-

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */