Tuesday, January 28, 2020

ICJ ဆုံးဖြတ်ချက်အကောင်ထည်ဖော်ဖို့ အကဲဆတ်တဲ့ ကိစ္စ တွေ ကိုင်တွယ်ဖြေရှင်းဖို့လို

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2020-01-28



အပြည်ပြည်ဆိုင်ရာတရုံး ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီမံချက် လေးချက်ကိုဆောင်ရွက်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ အကဲဆတ်တဲ့ကိစ္စရပ်တွေကိုပါ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ် ရှားသူတွေက ပြောလိုက်ပါတယ်။

ICJ က မြန်မာအစိုးရကို ကြားဖြတ်စီမံချက် လေးချက်ကို ချက်ချင်းလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ က အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီ ကြားဖြတ်စီမံချက်တွေထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်အတွင်းကို ကျရောက်စေတဲ့ ကိစ္စတွေမှန်သမျှကို ကာကွယ်ပေးရမယ် တားဆီးပေးရမယ်ဆို တဲ့အချက်တွေ ပါဝင်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့အတွက် မြန်မာအစိုးရက ဘာတွေလုပ် ဆောင်ဖို့လိုအပ်ပါလဲ- တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ....

“ ရောမသဘောတူစာချုပ်အပိုဒ် ၆ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပါတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိတယ်။ နံပါတ်တစ်ကတော့ ... ရည်ရွယ်ချက်နဲ့သတ်တာ ကိုယ်စိတ်ဆင်းရဲမှုဖြစ်အောင်လုပ်တာ မျိုးမပွားနိုင်အောင် တားတာ ကလေးသူငယ်တွေကိုတားတာ အဲဒါတွေကိုမလုပ်ဖို့ လိုအပ်တာပေါ့။ မြန်မာက ဂျီနိုဆိုဒ်ကို ငြင်း ထားတာ၊ မလုပ်ဘူးဆိုရင်လဲ ကာကွယ်ရမှာပေါ့ ဒီအချက်တွေ၊ နောက် ကွန်ဗင်းရှင်းမှာ ကိုယ်လဲပါတာ။ လူမျိုးတုံးသတ်ဖြတ်မှုရှိတယ်ဖြစ်စေ မရှိတယ်ဖြစ်စေ သူတို့တောင်းဆိုတာ တရားပါတယ် ”

ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားသူ ဦးသာအေးက မြန်မာအစိုးရအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ် နိုင်ဖို့အတွက် အဓိက ဒီလူမျိုးစုတွေကို အသိအမှတ်ပြုဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

“ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့က အဓိကကတော့ ဒီလူမျိုးစုရှိတယ်ဆိုတာ အသိအမှတ်ပြုဖို့လို တယ်။ အဲဒါအပြင် ဒီလူမျိုးစုတွေကို တခြားလူမျိုးစုတွေနဲ့ရောနှောပြီးတော့ integration လုပ်ဖို့လိုတယ် သီးခြားမဖြစ်အောင်လုပ်ဖို့လိုတယ်။ နောက်တခုက ဒီလူမျိုးစုက သူ့ကိုယ်သူ ရိုဟင်ဂျာခေါ်တာ ကိုခွင့် ပြုသင့် တယ်။ နောက် လုံခြုံရေးကိုလဲ တာဝန်ယူပေးဖို့လိုတယ်။ ဒါတွေလုပ်ပေးလိုက်ရင် ပိုအဆင်ပြေ သွားမယ်”

NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကတော့ ICJ က ချမှတ်လိုက်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တား ဆီးကာကွယ်ရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ ပြောပါ တယ်။

“ကျနော်တို့က ပါတီကဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေကို တာဝန်ယူတဲ့ အုပ်ချုပ်ရေးပိုင်းက ကြေညာချက် တွေကို နားထောင်ပြီးမှ ပြောလို့ရမှာဖြစ်ပါတယ်။ ခုလောလောဆယ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် ချက်က ဒီ ICJ ရဲ့ ကြားဖြတ်အစီအမံတွေကို သူတို့ အသိအမှတ်ပြုတဲ့သဘော ရှိပါတယ်။ ဘယ်လိုနည်းနဲ့ စီမံဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်”

ICJ က ချမှတ်ခဲ့တဲ့ ကြားဖြတ်စီမံချက်တွေထဲမှာ မြန်မာစစ်တပ် ပြည်သူ့စစ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက ဂျီနိုဆိုက်ကို ထပ်မကျူးလွန်ရေး မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားပေးဖို့ဆိုတဲ့အချက်လဲ ပါဝင်ပါတယ်။

ICJ က ကြားဖြတ်စီမံချက်ချမှတ်ခဲ့တဲ့ အဲဒီနေ့မှာပဲ ရခိုင်မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး ICJ ကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန်မနေဘဲ အစိုးရရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဒုတိယစစ် ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါ တယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */