မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေ မရောက်အောင် တားဆီးရေး ကြားဖြတ်ဆောင်ရွက်ချက်တွေကို ICJ နိုင်ငံတကာတရားရုံးက ချမှတ်ခဲ့ပြီးနောက် တရားရုံးရဲ့ ဒုဥက္ကဋ္ဌ Xue Hanqin ကသူ့ရဲ့သီးခြားသဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။ ကြားဖြတ်ဆောင်ရွက်ချက် အမိန့်ချဖို့ သူ ထောက်ခံခဲ့ပေမဲ့ ဘာကြောင့်ချဖို့လိုတယ်ဆိုတဲ့ အကြောင်းအရင်းတချို့အပေါ်မှာတော့ သူ သိပ် သဘော မတူဘူးဆိုတာကို ရှင်းပြထားတာဖြစ်ပါတယ်။
အဓိကအားဖြင့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစုတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ရှိတာမှန်ပေမဲ့ လူူမျိုးတုံးသတ်ဖြတ်တဲ့အဆင့်မဟုတ်ဘူးလို့ သူကပြောပါတယ်။ တရားစွဲတဲ့ Gambia နိုင်ငံအနေနဲ့ တရားစွဲနိုင်ခွင့်ရှိတယ်ဆိုတာကို Belgium နဲ့ Senegal အမှုကို နမူနာယူပြီး တရားရုံးက ဆုံးဖြတ်ခဲ့တာကို သူသဘောမတူတာကိုလည်း ကြေညာချက်ထဲမှာ ရှင်းထားပါတယ်။ ခုလို သူ့ဘက်က သဘောမ တူတဲ့ကိစ္စတွေကို အပြင် ဆုံးဖြတ်ချက်ချဖို့ ဘာကြောင့် ထောက်ခံခဲ့သလဲဆိုတာကိုလည်း အချက် ၃ ချက်နဲ့ ရှင်းထားပါတယ်။ ကုလ သမဂ္ဂအချက်အလက်ရှာဖွေရေး FFM အဖွဲ့ရဲ့ အစီရင်ခံထဲမှာ ဖော်ပြထားတဲ့ လူ့အ ခွင့်အရေးချိုးဖောက်မှု စွပ်စွဲ ချက်တွေရဲ့ လေးနက်မှုနဲ့ အတိုင်းအတာကို ICJ တရားရုံးက လှစ်လျူရှုလို့ မရ တာကြောင့် မြန်မာနိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန်တွေကို အသေအချာ လိုက်နာအောင် သူ့အနေနဲ့ ကြားဖြတ်ဆောင်ရွက်မှုတွေလုပ်ဖို့ ထောက်ခံတာဖြစ်တယ်။
နောက်တချက်က ရခိုင်ပြည်နယ်ထဲက နယ်မြေရှင်းလင်းမှုတွေမှာ အင်အားအလွန်အကျွံသုံးတာ၊ လူအခွင့် အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတာ တရားရုံးကြားနာပွဲမှာ မြန်မာဘက်က အသိအမှတ်ပြု ပြောခဲ့တာ လည်းရှိခဲ့တယ်။ ရခိုင်ပြည်နယ်မှာ နောက်ထပ် လက်နက်ကိုင်ပဋိပက္ခတွေ ထပ်ဖြစ်နိုင်တယ်။ ဒါကြောင့် ဖြစ် ခဲ့ရင် Provisional measure တွေနဲ့ ထိန်းလို့ရအောင် သူသဘောတူရတာဖြစ်တယ်လို့ ပြောပါတယ်။ သူ သဘောတူရတဲ့ တတိယအချက်ကတော့ လက်ရှိမှာ ရိုဟင်ဂျာတွေဟာ အကာအကွယ်မဲ့တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်။
၇ သိန်းကျော်လောက် အိုးအိမ်ပစ်စွန့်ခွာခဲ့ကြရတာကြောင့် ကြားဖြတ်ဆောင်ရွက်ချက်တွေကို ICJ နိုင်ငံတ ကာတရားရုံးက ချမှတ်ဖို့ သူထောက်ခံခဲ့ရတာဖြစ်တယ်လို့ ICJ တရားရုံး ဒုဥက္ကဋ္ဌ Xue Hanqin ကသူ့ရဲ့ သီးခြားသဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေ မရောက်အောင် တားဆီးရေး ကြားဖြတ်ဆောင်ရွက်ရမယ့် အချက် ၄ ချက်ကို ICJ တရားရုံးက ကြာသပတေးနေ့က ဆုံးဖြတ် ချမှတ်ခဲ့ တာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရက ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မှတ် သားထားတယ်လို့ တုံ့ပြန်ထားပါတယ်။

Link : Here
No comments:
Post a Comment