B B C
ဘီဘီစီ မြန်မာပိုင်း2020.01.24
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးဖို့ အပါအဝင် မြန်မာလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ဆုံးဖြတ်
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက်ကွန်ဗန်းရှင်းကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆို ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကုလသမဂ္ဂ တရားရုံး အိုင်စီဂျေက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးဖို့ အပါအဝင် မြန်မာလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ကို ဇန်နဝါရီ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အိုင်စီဂျေရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ ကုလသ မဂ္ဂရဲ့ တုံ့ပြန်မှုကို ဖော်ပြလိုက်ပါတယ်။
ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ
သူတို့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကျွန်တော်တို့ကတော့ စောင့်ကြည့်ရုံပဲ ရှိတယ်။
ဒါသူတို့ ဘယ်လိုဆောင်ရွက်ခဲ့လဲပေါ်မှာ မူတည်တာပေါ့။ ကျွန်တော်တို့ ပထမဆုံး ရခိုင်ပြဿနာကို ဖြေရှင်းတဲ့အခါမှာ သူတို့က ကိုဖီအာနန်အစီရင်ခံစာတို့ ဘာတို့ ပေါ်မှာ မူတည်ပြီးမှ လုပ်ခဲ့တာ ရှိတယ်။
ကျွန်တော်တို့ကတော့ ဒေသခံတွေ လွှတ်တော်ကိုယ်စားလှယ်တွေတော့ ပြောခဲ့ပါတယ်။ ဒီကိုဖီအာနန် အစီရင်ခံစာ လုပ်ဖို့အတွက် အဖွဲ့ဖွဲ့ဖို့အတွက် လုပ်တဲ့အခါမှာတောင်မှ ကျွန်တော်တို့ ကန့်ကွက်ပြီးမှ လုပ်ခဲ့တယ် လေ။
ဆိုတော့ ကျွန်တော်တို့ရဲ့ အသံတွေက ဘာမှ မပါဘူး။ သူတို့အစိုးရနဲ့ သူတို့ လုပ်နေတဲ့ဟာပဲ အဓိကပေါ့နော်။ အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ ပြောရမှာပေါ့။ ကျွန်တော်တို့က ဘာမှ ပူးပေါင်းပါဝင်မှု မရခဲ့ဘူးပေါ့
လေ။
ဒါကြောင့် အခုလည်း ဒီအတိုင်းဖြစ်လာတယ်ဆိုတော့ သူတို့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကျွန်တော်တို့ ကတော့ စောင့်ကြည့်ရုံပဲ ရှိတယ်။
တစ်ဖက်ကတော့ ပြောတယ်၊ ဒီကြားဖြတ်ဆုံးဖြတ်ချက် လေးခုကို ချမှတ်တယ်။ အဲဒီအပေါ်မှာ အစိုးရက ဘယ်လို ပူးပေါင်းဆောင်ရွက်လဲ အဲဒီပေါ်မှာ မူတည်ပြီးမှ ဖြစ်လာပါလိမ့်မယ်၊ အကျိုးသက်ရောက်မှုတွေဆိုတာက။
ဒါကြောင့် အစိုးရရဲ့ ချဉ်းကပ်မှု နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။
ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ၊ ဒေါ်အေးနုစိန်
တိကျခိုင်မာတဲ့ တောင်းဆိုချက်တွေကို ကျွန်မတို့ တောင်းခဲ့သင့်တယ်
မြန်မာနိုင်ငံဘက်က တောင်းဆိုချက်က ကျွန်မတို့ အမြင်မှာတော့ ယေဘူယျဆန်တယ်လို့ပဲ ပြောချင်ပါ တယ်။ ဘာလို့လဲဆိုတော့ အဲဒီစွပ်စွဲထားချက်တွေကို ချေဖျက်ပေးဖို့ ကြားဖြတ်အမိန့် ချမပေးဖို့ဆိုတာဟာ အမြင်အားဖြင့်တောင်မှ အမှုဖြစ်လာရင် ငြင်းကြတာပဲ။ မဟုတ်ဘူးလို့ ပြောကြတာပဲ။ ပယ်ဖျက်ပေးပါဆိုတာ ယေဘူယျဆန်တယ်လို့ပဲ ကျွန်မတို့ပြောပါရစေ။
ဒီ့ထက်တိတိကျကျ ခိုင်ခိုင်မာမာ တောင်းဆိုချက်တွေနဲ့ လုပ်ခဲ့သင့်တယ်လို့လည်း ကျွန်မတို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အမှုပယ်ဖျက်ဖို့ တောင်းထားပြီးပြီ၊ ဒီ့ထက်ကြီးကျယ်တာဘာရှိလဲလို့ ပြောစရာရှိတယ်။ ဒါပေမဲ့ ဒီလိုလွယ်လွယ်ကူကူ ယေဘူယျဆန်ဆန်ထက် တကယ်ကို တိကျခိုင်မာတဲ့ တောင်းဆိုချက်တွေကို ကျွန်မတို့ တောင်းခဲ့သင့်တယ်လို့ပဲ ပြောချင်တယ်။
ခြောက်ချက်တောင်းတဲ့ထဲမှာ နှစ်ချက်က ပယ်တယ်ဆိုပေမဲ့လည်း အကျုံးဝင်သလိုပါပဲ။ ဆိုတော့ သူတို့ရဲ့ လိုအင်ဆန္ဒကို အိုင်စီဂျေက ဖြည့်ပေးလိုက်တယ်လို့ပဲ ကျွန်မတို့ မြင်ပါတယ်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ
အိုင်စီဂျေ ဆုံးဖြတ်ချက်ကတော့ ကျွန်မ အမြင်အရတော့ အကြောင်းအရင်း နှစ်ခုပေါ်မှာ အခြေခံတယ်။ ပထမ တစ်ခုက တရားဥပဒေ ဆိုတာထက် နိုင်ငံတကာမှာ လူ့အခွင့်အရေးက ပိုပြီးတော့ ရှေ့တန်းရောက် လာတယ်။
ဒီရှေ့တန်းရောက်လာရတဲ့ အကြောင်းအရင်းကလည်း ထိခိုက်နစ်နာသူတွေ ရှိခဲ့တယ်။ ဒါကြောင့်မို့လို့ သူတို့ အနေနဲ့ ဒီလူသားတွေ ထိခိုက်မှု အပေါ်မှာ အိုင်စီဂျေထဲမှာပါတဲ့ တရားသူကြီးများရဲ့ သူတို့ရဲ့ဆုံးဖြတ်ချက် သူ တို့ ရဲ့ ဆင်ခြင်တုံတရားသည် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အတိတ်သမိုင်းကြောင်းကို သေချာ ဂဃနဏ မလေ့လာခင်မှာပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။ Provisional Measure ချလိုက်တဲ့အကြောင်း အရင်းကနေပြီး တော့ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီအုပ်စုရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့သွားမှု ဒီအခြေအနေမှာ မူတည်ပြီး ဆုံးဖြတ်တယ်လို့ ကျွန်မအနေနဲ့ သုံးသပ် တယ်။
နောက်တစ်ခုက နိုင်ငံတကာရဲ့ နိုင်ငံရေး Trend သည် လူ့အခွင့်အရေးပေါ်မှာ ပိုပြီးတော့ ဇောင်းပေးလာ တယ်။ ကမ္ဘာမှာ ဘယ်လူသား တစ်ယောက်ကိုမှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်လို့မရဘူး။ ဒီ အခြေ အနေပေါ်မှာ အခြေခံတယ်။ Root cause ကို သူတို့ နည်းနည်းလေ့လာဖို့ လိုအပ်သေးတယ်လို့ ယူဆတယ်။
ဒါကြောင့်မို့လို့ သူတို့တွေသည် လူသားတွေ ထိခိုက်နစ်နာတဲ့ အပေါ်မှာ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့ အကြောင်းအရာလို့ပဲ သုံးသပ်တယ်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်
အစွန်းထွက်နေတဲ့ တချို့အဖွဲ့အစည်းတွေက ဘာပဲဖြစ်ဖြစ် ဒါတွေ အစွန်း ထွက်လို့မရဘူးတော့ဘူးဆိုတာ သူတို့ သိတာပေါ့။
နိုင်ငံတကာနဲ့ ပေါင်းသင်းဆက်ဆံရမယ်ဆိုတော့ နိုင်ငံတကာရဲ့ ကျင့်ဝတ်ကတော့ ကျွန်တော်တို့လည်း လေးစားရမှာပေါ့။
နိုင်ငံရေးအနေနဲ့တော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့သွားတဲ့ ခရီး လမ်းမှာ ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေဖို့ဟာကတော့ အဲဒီမှာ အစွန်း ထွက်နေတဲ့ တချို့အဖွဲ့အစည်းတွေက ဘာပဲဖြစ်ဖြစ် ဒါတွေ အစွန်း ထွက် လို့မရဘူးတော့ဘူးဆိုတာ သူတို့ သိတာပေါ့။
အစွန်းထွက်နေရင်သူတို့ကို နိုင်ငံတကာက Watch လုပ်နေ တယ် ဆိုတာပေါ့။ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ပူးပေါင်းပြီး လုပ်ရင်တော့ ကောင်းတာပေါ့။
ဒီ့ထက်တိတိကျကျ ခိုင်ခိုင်မာမာ တောင်းဆိုချက်တွေနဲ့ လုပ်ခဲ့သင့်တယ်လို့လည်း ကျွန်မတို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အမှုပယ်ဖျက်ဖို့ တောင်းထားပြီးပြီ၊ ဒီ့ထက်ကြီးကျယ်တာဘာရှိလဲလို့ ပြောစရာရှိတယ်။ ဒါပေမဲ့ ဒီလိုလွယ်လွယ်ကူကူ ယေဘူယျဆန်ဆန်ထက် တကယ်ကို တိကျခိုင်မာတဲ့ တောင်းဆိုချက်တွေကို ကျွန်မတို့ တောင်းခဲ့သင့်တယ်လို့ပဲ ပြောချင်တယ်။
ခြောက်ချက်တောင်းတဲ့ထဲမှာ နှစ်ချက်က ပယ်တယ်ဆိုပေမဲ့လည်း အကျုံးဝင်သလိုပါပဲ။ ဆိုတော့ သူတို့ရဲ့ လိုအင်ဆန္ဒကို အိုင်စီဂျေက ဖြည့်ပေးလိုက်တယ်လို့ပဲ ကျွန်မတို့ မြင်ပါတယ်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ
လူသားတွေ ထိခိုက်နစ်နာတဲ့ အပေါ်မှာ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့ အကြောင်းအရာလို့ပဲ သုံးသပ်တယ်။
အိုင်စီဂျေ ဆုံးဖြတ်ချက်ကတော့ ကျွန်မ အမြင်အရတော့ အကြောင်းအရင်း နှစ်ခုပေါ်မှာ အခြေခံတယ်။ ပထမ တစ်ခုက တရားဥပဒေ ဆိုတာထက် နိုင်ငံတကာမှာ လူ့အခွင့်အရေးက ပိုပြီးတော့ ရှေ့တန်းရောက် လာတယ်။
ဒီရှေ့တန်းရောက်လာရတဲ့ အကြောင်းအရင်းကလည်း ထိခိုက်နစ်နာသူတွေ ရှိခဲ့တယ်။ ဒါကြောင့်မို့လို့ သူတို့ အနေနဲ့ ဒီလူသားတွေ ထိခိုက်မှု အပေါ်မှာ အိုင်စီဂျေထဲမှာပါတဲ့ တရားသူကြီးများရဲ့ သူတို့ရဲ့ဆုံးဖြတ်ချက် သူ တို့ ရဲ့ ဆင်ခြင်တုံတရားသည် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အတိတ်သမိုင်းကြောင်းကို သေချာ ဂဃနဏ မလေ့လာခင်မှာပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။ Provisional Measure ချလိုက်တဲ့အကြောင်း အရင်းကနေပြီး တော့ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီအုပ်စုရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့သွားမှု ဒီအခြေအနေမှာ မူတည်ပြီး ဆုံးဖြတ်တယ်လို့ ကျွန်မအနေနဲ့ သုံးသပ် တယ်။
နောက်တစ်ခုက နိုင်ငံတကာရဲ့ နိုင်ငံရေး Trend သည် လူ့အခွင့်အရေးပေါ်မှာ ပိုပြီးတော့ ဇောင်းပေးလာ တယ်။ ကမ္ဘာမှာ ဘယ်လူသား တစ်ယောက်ကိုမှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်လို့မရဘူး။ ဒီ အခြေ အနေပေါ်မှာ အခြေခံတယ်။ Root cause ကို သူတို့ နည်းနည်းလေ့လာဖို့ လိုအပ်သေးတယ်လို့ ယူဆတယ်။
ဒါကြောင့်မို့လို့ သူတို့တွေသည် လူသားတွေ ထိခိုက်နစ်နာတဲ့ အပေါ်မှာ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့ အကြောင်းအရာလို့ပဲ သုံးသပ်တယ်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်
နိုင်ငံတကာနဲ့ ပေါင်းသင်းဆက်ဆံရမယ်ဆိုတော့ နိုင်ငံတကာရဲ့ ကျင့်ဝတ်ကတော့ ကျွန်တော်တို့လည်း လေးစားရမှာပေါ့။
နိုင်ငံရေးအနေနဲ့တော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့သွားတဲ့ ခရီး လမ်းမှာ ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေဖို့ဟာကတော့ အဲဒီမှာ အစွန်း ထွက်နေတဲ့ တချို့အဖွဲ့အစည်းတွေက ဘာပဲဖြစ်ဖြစ် ဒါတွေ အစွန်း ထွက် လို့မရဘူးတော့ဘူးဆိုတာ သူတို့ သိတာပေါ့။
အစွန်းထွက်နေရင်သူတို့ကို နိုင်ငံတကာက Watch လုပ်နေ တယ် ဆိုတာပေါ့။ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ပူးပေါင်းပြီး လုပ်ရင်တော့ ကောင်းတာပေါ့။
ကုလသမဂ္ဂ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းပြောပါတယ်။
ကုလသဘောတူညီချက်နဲ့ တရားရုံးရဲ့ စည်းမျဉ်းဥပဒေတွေအရ တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာဆောင် ရွက်ဖို့လိုပြီး မြန်မာကလည်း လိုက်နာမယ်လို့ ယုံကြည်ပါတယ်လို့ ကုလ ပြောခွင့်ရသူ စတက်ဖနီ ဂျာရစ်က ထုတ်ပြန်ချက်ထုတ် ပြောကြားပါတယ်။
Link : Here

တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့လိုပြီး မြန်မာကလည်း လိုက်နာမယ်လို့ ယုံကြည်ပါတယ်။
Link : Here
No comments:
Post a Comment