Sunday, January 12, 2020

အိုင်စီဂျေမှာ မြန်မာကို တရားစွဲထားတဲ့ကိစ္စ တပ်မတော် ဘယ်လို ရပ်တည်သလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.12
 ဒီနှစ်နှောင်းပိုင်းမှာ ဝါရှင်တန်မှာလုပ်ဖို့ရှိနေတဲ့ အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးအတွက် ဖိတ်ကြားထားတာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ် ကြီး စကော့မာစီရယ်က ပြောကြားပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှာ ပြုလုပ်တဲ့ အမေရိကန်-မြန်မာ ဆက် ဆံရေးနဲ့ပတ်သက်လို့ အထူးဟော ပြောချက်မှာ သံအမတ်ကြီးက အခုလို ထည့်သွင်းပြောကြားသွား တာပါ။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီရေးရှင်သန်ခိုင်မာရေး၊ ပညာရေး၊ ကျန်းမာ ရေး စတဲ့ ရေရှည်ကတိကဝတ်တွေကို အကောင်အထည် ဖော်ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံ အစိုးရအဆင့်မြင့် အရာရှိကြီးတွေကြား တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်လို့ သူကပြောပါတယ်။

"လက်ရှိမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံခေါင်းဆောင်တစ်ဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ သမ္မတထရမ့်က ဖိတ်ကြားထားပါတယ်။ ဒီနှစ်ကျင်းပမယ့် အာဆီ ယံအမေရိကန်ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက်ပါ။ တစ်ချိန် တည်းမှာပဲ မြန်မာနိုင်ငံအတွက် သိသာထင်ရှားတဲ့ အကူအညီအထောက်အပံ့တွေ ပေးအပ်ဖို့ လျာထားတာကိုလည်း ကြေညာသွားဖို့ရှိ ပါ တယ်။ မြန်မာ ပြည်သူတွေအတွက် ဒီမိုကရေစီရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရခိုင် အရေး စတဲ့ကဏ္ဍတွေမှာ ကူညီပံ့ပိုးပေးဖို့အတွက်ပါ" လို့ သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားခဲ့ပါတယ်။

 မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး စကော့မာစီရယ်

ဒါ့အပြင် မကြာသေးခင်က သမ္မတ ထရမ့် လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ ဘတ်ဂျက်အသစ်အရ မြန်မာ နိုင် ငံအပေါ် အကူအညီအထောက်အပံ့တွေကို သိသိသာသာတိုးမြှင့်ထားပြီး မြန်မာအပေါ် လျာထားတဲ့ အကူအညီပေးရေးဘတ်ဂျတ်ပမာဏဟာ အရှေ့တောင်အာရှနိုင်ငံတွေအနက် အများဆုံး လျာ ထား ချက် လည်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးကို အာဆီယံဆယ်နိုင်ငံက ခေါင်းဆောင်တွေကို သမ္မတ ထရမ့် က ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကတည်းက ဖိတ်ကြားထားတာဖြစ်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကတော့ လက် ခံထားကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်းပင်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

သမ္မတထရမ့်က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုကိုဖိတ်ကြားထားတာ ဟုတ်မှန် ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုပါတယ်။

"ဖိတ်ထားတယ်ဆိုတာ သမ္မတ ထရမ့်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင် တွေအကုန်လုံးကို မတ်လထဲမှာ အမေရိကန် အာဆီယံထိပ်သီးအစည်းအဝေး အမေရိကမှာလုပ်ဖို့ ဖိတ်ထား တာရှိပါတယ်။ တက်ရောက်ဖို့ရှိမရှိကတော့အာဆီယံ ဆယ်နိုင်ငံရဲ့ခေါင်းဆော်ငတွေအားလုံးရဲ့ ဘုံသဘော ထားပေါ်မူတည်ပါတယ်။ အများတက်မယ်ဆိုရင်တော့ ကျွန်တော်တို့လည်းတက်မှာပါ။ ဆယ်နိုင်ငံလုံး အ ဆင်ပြေရင်တော့ တက်မှာပါ။ အာဆီယံအစည်းအဝေးတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦး ဆောင်ပြီးတက်တာဆိုတော့လေ။ နိုင်ငံ့အကြီးအကဲတွေကို ဖိတ်ထားတာတော့ရှိပါတယ်။ ဒါက နှစ်နိုင်ငံ bilateral visit တော့မဟုတ်ဘူးပေါ့" လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးအောင်ကို က ဘီဘီစီကိုပြောပါတယ်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ သိသာထင်ရှားတဲ့ပြုပြင်ပြောင်းလဲရေးတွေကို တွေ့မြင်ခဲ့ရပြီး အမေရိကန်ပြည်ထောင်စု အစိုးရအနေနဲ့ ကြိုဆိုကြောင်းနဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရွေး ကောက်ပွဲ တွေပေါ်ပေါက်လာတာ၊ ဆင်ဆာစနစ်အဆုံးသတ်ပြီး သတင်းမီဒီယာ လွတ်လပ် ခွင့် ၊ အရပ်ဖက် အဖွဲ့အစည်းတွေ ဖွံ့ဖြိုးလာတာ ၊ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ စတဲ့အပြောင်းအလဲတွေကို မြင်တွေ့ခဲ့ရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

၂၀၁၅ မှာ အန်အယ်လ်ဒီအစိုးရက ရွေးကောက်ပွဲအနိုင်ရပြီး အာဏာလွှဲပြောင်းရယူနိုင်ခဲ့တဲ့အပေါ်လည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုပြီး ၂၀၁၆ နှစ်ကုန်ပိုင်းမှာ မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းပေးခဲ့သလို အထူးကုန်သွယ်မှုအခွင့်အရေး GSP ကိုလည်း ပြန်လည်ပေးအပ်ခဲ့ တယ် လို့ သူက ပြောပါတယ်။

သမ္မတ အိုဘားမားလက်ထက်က ကျင်းပခဲ့တဲ့ အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးတွေကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပိုမိုခိုင်မာရေး၊ အခွင့်အလမ်းတွေပိုမိုရရှိရေး၊ ကြွယ်၀ ပြည့်စုံစေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ ပိုပြီး ထိရောက်ရေး အတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာ့နိုင်ငံမှာ ခက်ခဲတဲ့အခြေအနေတွေကြုံခဲ့ရပြီး ၂၀၁၇ မှာဖြစ်ပွားခဲ့တဲ့ ရခိုင် အရေးက ထောင်သောင်းချီတဲ့ လူတွေကို တိုက်ရိုက်ထိခိုက်ခံစားစေခဲ့ရကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေရဲ့အင်အားသုံးဖြေရှင်းမှုတွေမှာ လူတွေ သေဆုံးခဲ့ရသလို လူခုနစ်သိန်းကျော် နိုင်ငံကနေ ထွက်ပြေးခဲ့ ရကြောင်းလည်း သူက ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဒီလူ့အခွင့်အရေးချိုဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြ သလို ကမ္ဘာလှည့်ခရီးသည်တွေနဲ့ နိုင်ငံတကာကုမ္ပဏီတွေလည်း ဒီအရေးကြောင့် မြန်မာနိုင်ငံကို မလာ သင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ သံအမတ်ကြီးကပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီအကြပ်အတည်းကနေ ရုန်းထွက်စေလိုပြီးရှေ့ကို ဆက်သွား စေချင်ကြောင်းနဲ့ ဒီလို ဒုက္ခတော ထဲမြန်မာရောက် နေတာကိုမပျော်မရွှင်ဖြစ်ရတယ်လို့လည်း သံအ မတ်ကြီး က ပြောပါတယ်။
ဒီလူ့အခွင့်အရေးချိုးဖောက် မှုတွေမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်ဖို့နဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရသူတွေအတွက် တရားမျှ တမှုရရှိဖို့လည်း အမေရိကန်ပြည်ထောင်စုက လိုလားတယ်လို့ သူကဆိုပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေမှာ သွားရောက်ဖြေရှင်းစဉ်မှာ ကတိပြုပြောကြား ခဲ့တာတွေနဲ့အညီ မြန်မာနိုင်ငံအတွက် နောက်ထပ် အရေးကြီး တဲ့ ခြေ လှမ်းတစ်ခုအဖြစ် သိပ်မကြာခင်မှာ ထွက်ရှိလာမယ့် ရခိုင်အရေးလွတ်လပ် တဲ့စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE ရဲ့ နောက်ဆုံးအစီရင်ခံစာပါ အချက်တွေကို အကောင်အထည်ဖော် နိုင်ဖို့ မျှော်လင့်တယ် လို့ သံအမတ်ကြီးကပြောပါတယ်။
အိုင်စီဂျေရောက်ဒေါ်အောင်ဆန်းစုကြည်

ဒီအစီရင်ခံစာမှာ ဘာတွေပါတယ်ဆိုတာ သူမသိရပေမယ့် ရခိုင်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြည့်ပြည့်စုံစုံ ပါဝင်ဖို့ မျှော်လင့်ပြီး အဲဒီမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့လည်း မျှော်လင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်ရဲ့အစီရင်ခံစာကိုလည်း အပြီးသတ် လိုက်နာဆောင်ရွက်ဖို့ သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စုဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ် တန်းစစ်ခေါင်းဆောင် ငါးဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းပိုင်းက ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဒီလို ပိတ် ဆို့မှုဟာ ယခင် မြန်မာတစ်ပြည်လုံးအတိုင်းအတာနဲ့ပိတ်ဆို့အရေးယူတာမျိုး မဟုတ်တဲ့ အတွက်မြန် မာအ တွက် အသက်ရှူချောင်တယ်လို့လည်း သုံးသပ်မှုတွေရှိထားပါတယ်။ဒါပေမဲ့တပ်မတော် ဘက် ကတော့ ဒါဟာ ဂုဏ်သိက္ခာအရ ထိခိက်ပြီး နိုင်ငံရေးအရဖိအားပေးတယ်လို့ တုံ့ပြန်ထားပါတယ်။

 အမေရိကန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်ငါးဦးကို ပိတ်ဆို့အရေးယူထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် ဖိတ်ကြားတာမျိုးထက် အာဆီယံအမေရိကန်ထိပ်သီး အစည်းအဝေး အတွက် ရည်ရွယ်ပြီးဖိတ်ကြား တဲ့သဘောမျိုးဖြစ်တယ်လို့ တကောင်းနိုင်ငံရေးသုတေသနအဖွဲ့ ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ဘီဘီစီကိုပြောပါတယ်။

ဒါပေမဲ့ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကြောင့် မြန်မာကို ပစ်ပစ်ခါခါလုပ်မယ့် အနေအထားအမျိုး မတွေ့ ရဘဲ အလေးထားဆဲအခြေအနေမှာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ဒီခရီးစဉ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း မြန်မာအမေရိကန်ဆက်ဆံရေးအတွက် အခွင့်အလမ်း ကောင်း တစ်ခုဖြစ်ပြီး ၂၀၂၀ နှောင်းပိုင်းဟာ နှစ်နိုင်ငံလုံးအတွက် အရေးပါတဲ့ ရွေးကောက်ပွဲလည်း ရှိနေ တာကြောင့်အခြေ အနေတွေကို သုံးသပ်ပြီး ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်လာမယ့် သဘော လည်းရှိ နိုင်တယ်လို့ သူက ပြောပါတယ်။

မြန်မာအပေါ်ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေနဲ့ပတ်သက်လို့တော့ ဒီခရီးစဉ်မှာ ဆွေးနွေးဖွယ်မရှိလောက်ဘဲ ပိတ် ဆို့မှုတွေထပ်တိုးမလာဖို့ကိုသာ နှစ်ဖက်ကြား ယုံကြည်မှုတည်ဆောက်နိုင်ဖို့အရေးကြီးနေတယ်လို့ ကိုရဲမျိုးဟိန်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို တာဝန်ယူပြီးတဲ့နောက် ၂၀၁၆ နှစ်ကုန်ပိုင်းမှာ အမေရိကန်သမ္မတ အိုဘားမားရဲ့ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုကို တရားဝင်ချစ်ကြည်ရေး ခရီးစဉ် သွားရောက် ခဲ့ပြီး အဲဒီခရီးစဉ်အပြီးမှာပဲ အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့မှုတွေကိုဖယ်ရှားပေးခဲ့ပါတယ်။

အိမ်ဖြူတော်ရောက်ဒေါ်အောင်ဆန်းစုကြည်

အဲဒီနောက် သမ္မတထရမ့်တက်လာချိန်မှာ နှစ်နိုင်ငံကြားအဆင့်မြင့်ခေါင်းဆောင်တွေ အပြန်အလှန် သွား ရောက်တာမရှိတော့ဘဲ အခု ၂၀၂၀ နိုဝင်ဘာလ ဝန်းကျင်မှာကျင်းပမယ့် အာဆီယံအမေရိကန် ထိပ်သီးအ စည်းအဝေးကိုအကြောင်းပြုလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝါရှင်တန်ခရီးစဉ် ပေါ်ပေါက်လာ ဖွယ်ရှိနေ တာ ဖြစ် ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */