ဘီဘီစီ မြန်မာပိုင်း
2020-01-16လူမျိုးတုံးသတ်ဖြတ်ဖို့ရည်ရွယ်ချက်မရှိကြောင်း မြန်မာအဖွဲ့က ဦးတည်လျှောက်လဲခဲ့
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိနေလို့ ကြားဖြတ်အရေးယူ ဆောင်ရွက်မှုတွေလုပ်ပေးဖို့၊ ဟန့် တားပေးဖို့ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး အိုင် စီဂျေက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းတုန်းက ဒီအမှုနဲ့ပတ်သက်ပြီး ကြားနာခဲ့ရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဒေါအောင် ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ မြန်မာဘက်က လျှောက်လဲရာမှာ လူမျိုးတုံး သတ် ဖြတ်လိုတဲ့ ရည်ရွယ် ချက် Genocidal Intent မရှိဘူးဆိုတဲ့ အချက်ကို အဓိကထား လျှောက်လဲသွား ခဲ့ပါ တယ်။
ဂမ်ဘီယာဘက်က လျှောက်လဲရာမှာတော့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတဲ့ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းကျင့်မှု စတဲ့ ရာဇဝတ်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့အချက်ကို စွဲချက်တင်နိုင်ဖို့ ကြိုးစားသွားတာ တွေ့ရ ပါတယ်။
ဒီအမှုရဲ့ ထွက်ပေါ်လာနိုင်တဲ့ ရလဒ်အလားအလာနဲ့ပတ်သက်ပြီး ဥပဒေ အထောက်အကူပြု ကွန်ရက် တည်ထောင် သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
Provisional Measures လို့ခေါ်တဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကိုတော့ အိုင်စီဂျေက ဂမ်ဘီယာတောင်းဆိုတဲ့ဘက်ကို အလေးပေး ဆုံးဖြတ်နိုင်တယ်လို့ ဦးအောင်ထူးက သုံးသပ်ပါတယ်။
ဂမ်ဘီယာတောင်းဆိုတဲ့အတိုင်း လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဟန့်တားပေးဖို့၊ သက်သေအထောက်အထား တွေကို မဖျောက်ဖျက်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေကို လိုက်လျောတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။
Genocidal Intent လို့ခေါ်တဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်သလား၊ မကျူးလွန်ဘူးလားဆိုတဲ့ အချက်နဲ့ ပတ် သက်ရင်တော့ ဆုံးဖြတ်ချက်က တမျိုးတမည် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဦးအောင်ထူးကဆိုပါတယ်။ ကြားဖြတ်အရေးယူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာရဲ့ လျှောက်လဲချက် အနိုင်ရသွားနိုင် တယ်လို့ ဘာ့ကြောင့် ဦးအောင်ထူး သုံးသပ်ပါသလဲလို့ ဘီဘီစီက မေးခဲ့ပါတယ်။
ဦးအောင်ထူးက ပြန်လည် ဖြေကြားခဲ့ရာမှာ "ဂျီနိုဆိုက်ဖြစ်သွားတယ်ဆိုတဲ့အထိကို အထောက်အပံ့ပေးတဲ့ အချက် အလက်တွေက အများကြီးရှိခဲ့တာပဲ။ မြန်မာစစ်အာဏာပိုင်တွေဘက်က ကျူးလွန်တာတွေကို သူတို့ကိုယ်တိုင် ဝန်ခံတာတွေလည်း ရှိတယ်။
လက်တွေ့အရ ၇ သိန်းကျော် ၈ သိန်းက ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတာလည်း ရှိတယ်။ သူတို့ထွက်သွား ပြီးတဲ့အခါ ကျန်ခဲ့တဲ့ မြေယာပစ္စည်းတွေ အပေါ်မှာ မတရားစီမံခန့်ခွဲ၊ သိမ်း၊ ဟိုဘက်ချရောင်း ဒီဘက်လုပ် တာတွေလည်း ရှိတယ်။
မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေမှာလည်း စိုးရိမ်သောကတွေရှိနေတယ်ဆိုတဲ့ သက်သေ ခံချက်တွေလည်း ရှိနေတယ်။ ဒါ့ကြောင့် ယာယီဆုံးဖြတ်ချက်ကိုတော့ဖြင့် ဂမ်ဘီယာဘက်ကို ဦးစာပေးပြီးချနိုင်တယ်လို့ ကျွန်တော်သုံးသပ်တာ ဖြစ်ပါတယ်" လို့ဆိုပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု တကယ်ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား ဆိုတဲ့အချက်နဲ့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ် ချက်ရှိမရှိကို အိုင်စီဂျေဘက်က နှစ်ပိုင်းခွဲ စဉ်းစားဖွယ်ရှိတယ်လို့ ဦးအောင်ထူးက ယူဆပါတယ်။
မြန်မာရှေ့နေအဖွဲ့က အိုင်စီဂျေမှာ လျှောက်ထားရာမှာတော့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် မရှိ ဘူးလို့ အဓိက ဦးတည်လျှောက်လဲခဲ့ပါတယ်။ မြန်မာအဖွဲ့ရဲ့ လျှောက်ထားတဲ့ ခုခံရေးနည်းဗျူဟာ ကိုကြည့် ရင် လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မရှိရင် လူမျိုးတုံးသတ်ဖြတ်မှု မမြောက်နိုင်၊ လူမျိုးတုံးသတ်ဖြတ် မှု မမြောက်ရင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ကြားဖြတ်အရေးယူဆောင်ရွက်မှုတွေ လုပ်စရာမလိုဆို တဲ့ စဉ်းစားတွေးခေါ်မှုပေါ်မှာ အခြေခံလျှောက်ထားခဲ့ဟန် ရှိပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သလား၊ မဖြစ်ပွားခဲ့ဘူးလားဆိုတဲ့အချက်နဲ့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ရှိမရှိဆိုတဲ့ အချက်ကို ၂ ပိုင်းခွဲခြား စဉ်းစားမလား၊ တဆက်တစပ်တည်းအဖြစ် မှတ်ယူမလားဆိုတဲ့ အချက်ဟာ ဇန်နဝါရီလကုန် ထွက်လာမယ့် ရလဒ်အတွက် အရေးပါတဲ့အချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ရှေ့နေ ဦးအောင်ထူးကတော့ အခုလိုပြောပါတယ်။
"နှစ်ခုက နည်းနည်းခြားနားချက်ရှိတယ်။ ဆက်စပ်မှုမရှိဘူးလားဆိုတော့ ရှိတယ်။ သို့သော်လည်းပဲ Genocidal Intent လို့ခေါ်တဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တာ မဟုတ်ဘူးဆိုတဲ့ဘက်က ဥပဒေကြောင်းအရ သာတယ်လို့ ပြောလို့ ရချင်လည်း ရမှာပေါ့လေ။ သို့သော် အချက်အလက်အရတော့ သာတယ်လို့ ကျွန် တော်မမြင်ဘူး။ အဲဒါကြောင့် Provisional Measures ကြားဖြတ်အရေးယူဆောင်ရွက်ချက်မှာတော့ ဂမ်ဘီ ယာ ဘက်ကို ဦးစားပေးပြီး ချနိုင်တယ်လို့ ကျွန်တော်က သုံးသပ်ခြင်းဖြစ်ပါတယ်"
ဂမ်ဘီယာဘက်က လျှောက်လဲရာမှာတော့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတဲ့ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းကျင့်မှု စတဲ့ ရာဇဝတ်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့အချက်ကို စွဲချက်တင်နိုင်ဖို့ ကြိုးစားသွားတာ တွေ့ရ ပါတယ်။
ဒီအမှုရဲ့ ထွက်ပေါ်လာနိုင်တဲ့ ရလဒ်အလားအလာနဲ့ပတ်သက်ပြီး ဥပဒေ အထောက်အကူပြု ကွန်ရက် တည်ထောင် သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
Provisional Measures လို့ခေါ်တဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကိုတော့ အိုင်စီဂျေက ဂမ်ဘီယာတောင်းဆိုတဲ့ဘက်ကို အလေးပေး ဆုံးဖြတ်နိုင်တယ်လို့ ဦးအောင်ထူးက သုံးသပ်ပါတယ်။
ဂမ်ဘီယာတောင်းဆိုတဲ့အတိုင်း လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဟန့်တားပေးဖို့၊ သက်သေအထောက်အထား တွေကို မဖျောက်ဖျက်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေကို လိုက်လျောတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။
Genocidal Intent လို့ခေါ်တဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်သလား၊ မကျူးလွန်ဘူးလားဆိုတဲ့ အချက်နဲ့ ပတ် သက်ရင်တော့ ဆုံးဖြတ်ချက်က တမျိုးတမည် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဦးအောင်ထူးကဆိုပါတယ်။
လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှု အပါအဝင် လူမျိုးတုံး သတ်ဖြတ်မှုမြောက်စေတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဂမ်ဘီယာက ဦးတည်လျှောက်လဲဓာတ်ပုံ မူပိုင်REUTERS
ဦးအောင်ထူးက ပြန်လည် ဖြေကြားခဲ့ရာမှာ "ဂျီနိုဆိုက်ဖြစ်သွားတယ်ဆိုတဲ့အထိကို အထောက်အပံ့ပေးတဲ့ အချက် အလက်တွေက အများကြီးရှိခဲ့တာပဲ။ မြန်မာစစ်အာဏာပိုင်တွေဘက်က ကျူးလွန်တာတွေကို သူတို့ကိုယ်တိုင် ဝန်ခံတာတွေလည်း ရှိတယ်။
လက်တွေ့အရ ၇ သိန်းကျော် ၈ သိန်းက ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတာလည်း ရှိတယ်။ သူတို့ထွက်သွား ပြီးတဲ့အခါ ကျန်ခဲ့တဲ့ မြေယာပစ္စည်းတွေ အပေါ်မှာ မတရားစီမံခန့်ခွဲ၊ သိမ်း၊ ဟိုဘက်ချရောင်း ဒီဘက်လုပ် တာတွေလည်း ရှိတယ်။
မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေမှာလည်း စိုးရိမ်သောကတွေရှိနေတယ်ဆိုတဲ့ သက်သေ ခံချက်တွေလည်း ရှိနေတယ်။ ဒါ့ကြောင့် ယာယီဆုံးဖြတ်ချက်ကိုတော့ဖြင့် ဂမ်ဘီယာဘက်ကို ဦးစာပေးပြီးချနိုင်တယ်လို့ ကျွန်တော်သုံးသပ်တာ ဖြစ်ပါတယ်" လို့ဆိုပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု တကယ်ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား ဆိုတဲ့အချက်နဲ့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ် ချက်ရှိမရှိကို အိုင်စီဂျေဘက်က နှစ်ပိုင်းခွဲ စဉ်းစားဖွယ်ရှိတယ်လို့ ဦးအောင်ထူးက ယူဆပါတယ်။
ကြားဖြတ်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ အနိုင်ရနိုင်တယ်လို့ ဦးအောင်ထူးယူဆ
မြန်မာရှေ့နေအဖွဲ့က အိုင်စီဂျေမှာ လျှောက်ထားရာမှာတော့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် မရှိ ဘူးလို့ အဓိက ဦးတည်လျှောက်လဲခဲ့ပါတယ်။ မြန်မာအဖွဲ့ရဲ့ လျှောက်ထားတဲ့ ခုခံရေးနည်းဗျူဟာ ကိုကြည့် ရင် လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မရှိရင် လူမျိုးတုံးသတ်ဖြတ်မှု မမြောက်နိုင်၊ လူမျိုးတုံးသတ်ဖြတ် မှု မမြောက်ရင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ကြားဖြတ်အရေးယူဆောင်ရွက်မှုတွေ လုပ်စရာမလိုဆို တဲ့ စဉ်းစားတွေးခေါ်မှုပေါ်မှာ အခြေခံလျှောက်ထားခဲ့ဟန် ရှိပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သလား၊ မဖြစ်ပွားခဲ့ဘူးလားဆိုတဲ့အချက်နဲ့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ရှိမရှိဆိုတဲ့ အချက်ကို ၂ ပိုင်းခွဲခြား စဉ်းစားမလား၊ တဆက်တစပ်တည်းအဖြစ် မှတ်ယူမလားဆိုတဲ့ အချက်ဟာ ဇန်နဝါရီလကုန် ထွက်လာမယ့် ရလဒ်အတွက် အရေးပါတဲ့အချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ရှေ့နေ ဦးအောင်ထူးကတော့ အခုလိုပြောပါတယ်။
"နှစ်ခုက နည်းနည်းခြားနားချက်ရှိတယ်။ ဆက်စပ်မှုမရှိဘူးလားဆိုတော့ ရှိတယ်။ သို့သော်လည်းပဲ Genocidal Intent လို့ခေါ်တဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တာ မဟုတ်ဘူးဆိုတဲ့ဘက်က ဥပဒေကြောင်းအရ သာတယ်လို့ ပြောလို့ ရချင်လည်း ရမှာပေါ့လေ။ သို့သော် အချက်အလက်အရတော့ သာတယ်လို့ ကျွန် တော်မမြင်ဘူး။ အဲဒါကြောင့် Provisional Measures ကြားဖြတ်အရေးယူဆောင်ရွက်ချက်မှာတော့ ဂမ်ဘီ ယာ ဘက်ကို ဦးစားပေးပြီး ချနိုင်တယ်လို့ ကျွန်တော်က သုံးသပ်ခြင်းဖြစ်ပါတယ်"
ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ကို အိုင်စီဂျေက ကြေညာမယ်ဓာတ်ပုံ မူပိုင်REUTERS
Link : Here
No comments:
Post a Comment