Tuesday, January 14, 2020

မြန်မာလူ့အခွင့်အရေးကော်မရှင် ပြန်လည် ဖွဲ့စည်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
15 ဇန္နဝါရီ၊ 2020  
 မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး 
 
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် တရပ်လုံးကို သမ္မတက အသစ် ပြင်ဆင် ဖွဲ့စည်းလိုက် ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့စွဲနဲ့ သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အမိန့်ထဲမှာ အဖွဲ့ဝင် ၁၁ ဦးစာရင်းကို ဖော်ပြထားပါတယ်။
ကော်မရှင်သစ်ရဲ့ ဥက္ကဋ္ဌအဖြစ် အာဆီယံ အစိုးရအချင်းချင်း လူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ် စားလှယ် ဦးလှမြင့်ကို တာဝန်ပေးထားပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အငြိမ်းစား အမြဲတမ်းအတွင်း ဝန် ဒေါက်တာနန္ဒာမွှန်းကို ဒုဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပါတယ်။

ကျန်အဖွဲ့ဝင် ၉ ဦးထဲမှာ ၈ ဦးဟာ အစိုးရ အရာထမ်းဟောင်းတွေချည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာ ဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာမြင့်သူမြိုင်တဦးပဲ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်ဖြစ်ပါ တယ်။ အရင်ကော်မရှင်ထဲက ဘယ်သူ မှ ပြန်မပါပါဘူး။

လူ့အခွင့်အရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုထားကြပြီး လူ့အခွင့် အရေး လုပ်ဆောင်ဖူးတဲ့ နောက်ခံသမိုင်းကြောင်းရှိသူ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက လူ ပုဂ္ဂိုလ်တွေကိုပါ ကော်မရှင်ထဲမှာ ထည့်သွင်း ဖွဲ့စည်းဖို့ အကြံပြုထားကြပါ။

ဒါပေမယ့် အခုကြေညာလိုက်တဲ့ ကော်မရှင်သစ်ရဲ့ အဖွဲ့ဝင်တွေထဲမှာ အဲဒီလို အရပ်ဖက်လူမှုအဖွဲ့ အစည်း တွေက ဘယ်သူမှ ပါဝင် မလာတဲ့အပေါ် အမိန့် ထွက်ပြီးပြီးချင်းမှာပဲ ဝေဖန်ပြောဆိုကြပါတယ်။

အရင်ကော်မရှင်ဟာလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက် ကောင်းမွန်လာအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေး မှူး ပါမောက္ခ ယန် ဟီးလီဟာ ဒီသီတင်းပတ်ကစပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ပြီးတော့ မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကြာမြင့်မယ့် သီတင်းတပတ်ကြာ အခုခရီးစဉ်ဟာ ပါမောက္ခ ယန်ဟီးလီရဲ့ တာဝန်သက်တမ်းမကုန်ဆုံးခင် နောက်ဆုံးအကြိမ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာအစိုးရက ပါမောက္ခ ယန်ဟီးလီကို မြန်မာနိုင်ငံထဲ ဝင်ခွင့်မပေးတဲ့အတွက် အခုလို အိမ်နီးချင်းနိုင်ငံတွေကိုသွားပြီး အချက် အလက်စုဆောင်းတာ၊ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတာတွေ လုပ်မှာဖြစ်တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */