Saturday, December 14, 2019

ICJ တရားခွင် နောက်ဆက်တွဲ ဘာမျှော်လင့်နိုင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
14 ဒီဇင်ဘာ၊ 2019 
ICJ မှာ တရားရင်ဆိုင်ပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုမှုမြင်ကွင်း။ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၉)
 
 မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကနေ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာ တ ရားရုံး (ICJ) မှာ အမှုရင်ဆိုင်ခဲ့ရတဲ့ မြန်မာအနေနဲ့ အပြန်အလှန် ကြားနာမှုအပြီး နိုင်ငံတကာတရားရုံး ဘက်က အမြန်ဆုံး ဆုံးဖြတ်ချက် ချနိုင်ခြေ ရှိပါတယ်လို့ နိုင်ငံတကာ ဥပဒေရေးရာ ပညာရှင်တဦးကသုံးသပ် လိုက်ပါတယ်။ ဒီကနေ့မှာတော့ နယ်သာလန်နိုင်ငံ The Hague နိုင်ငံတကာတရားရုံး (ICJ) ကနေ တရားရင် ဆိုင်ပြီး မြန်မာနိုင်ငံကို ပြန်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို နေပြည် တော်မှာ ပြည်သူအများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ အပြည့် အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံကတိုင်ကြား ထားတာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံးမှာ သွားရောက် ရင်ဆိုင် ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ စတင်ခဲ့တဲ့ မြန်မာနဲ့ ဂမ်ဘီယာ နိုင်ငံ ချင်းအလိုက် လျှောက်လဲမှုရော အပြန်အလှန် လျှောက်လဲမှုတွေက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ စနေနေ့မှာတော့ နယ်သာလန်နိုင်ငံ The Hague နိုင်ငံတကာတရားရုံး (ICJ) ကနေ တရားရင်ဆိုင်ပြီး မြန်မာနိုင်ငံကိုပြန်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ပြည်သူအများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ ပါတယ်။

နေပြည်တော် နိုင်ငံတကာလေဆိပ်ကနေ နေအိမ်ကိုပြန်လာနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို လမ်းမဝဲယာတလျှောက်က ပြည်သူတွေ ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေ ကြို ဆိုခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုသူတွေထဲမှာ ပဲခူးကလာခဲ့တဲ့ ကိုမင်းမင်းလည်း ပါဝင်ပါတယ်။

“ကျနော်တို့ရဲ့ နိုင်ငံခေါင်းဆောင် လူထုခေါင်းဆောင် အမေစုဟာ အသက် ၇၅ နှစ်လည်း ဖြစ်နေပါပြီ။ ဒါပေ မယ့် တိုင်းပြည်အတွက် သူ ကမ္ဘာပတ်ပြီး စည်းရုံးတွေလည်း ဆင်း၊ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း လည်း လုပ်တယ်။ အခုလို ICJ ကိစ္စ ဂမ်ဘီယာ ကိစ္စမှာလည်း သူ ရဲရဲဝံ့ဝံ့ ဖြေရှင်းတယ်။ ဒီလို အသက်လည်း ကြီးနေတဲ့ အမေစုကို ကျနော်တို့က အမေပြန်လာတဲ့လမ်းမှာ အမေ့သားသမီးတွေ အနေနဲ့ အမေအမောပြေ ပါစေ ဆိုတဲ့စိတ်နဲ့ အဲဒီရည်ရွယ်ချက်နဲ့ လာကြိုတာပါ။ အမေ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ICJ တရားရုံး အနေနဲ့ကလည်း တရားမျှတတဲ့ စဉ်းစားဉာဏ်ရှိတဲ့ တရားသူကြီးတွေ အနေ နဲ့လည်း မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်အမှန်ကို သေသေချာချာလေး လေ့လာပြီးတော့ ဆုံးဖြတ်နိုင်ပါစေလို့ ကျနော် မျှော်လင့်ပါတယ်။” လို့ ကိုမင်းမင်းက ပြောပါတယ်။

အခုဆိုရင်တော့ နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင် သွားရောက်ရင်ဆိုင် လျှောက်လဲခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ရောက် လာပြီ ဖြစ်ပါတယ်။ နိုင်ငံတကာတရားရုံး (ICJ) ရဲ့အမိန့် တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့တရားစွဲခံရတဲ့ မြန်မာနိုင်ငံရော တရားစွဲဆိုသူ ဂမ်ဘီယာနိုင်ငံဘက်က တရားဥပဒေ လမ်း ကြောင်းအရ စောင့်ဆိုင်းရမယ့် အခြေအနေ အနေအထား အချိန်ကာလနဲ့ ပတ်သက်ပြီး အခြေအနေ ဘယ် လိုရှိနိုင်ပါသလဲ။

နိုင်ငံတကာ ဥပဒေရေးရာ လေ့လာသူ ဥပဒေပညာရှင် ဒေါက်တာမြင့်ဇံက အခုလို သုံးသပ်ပါတယ်။

“တရားရုံး ဆုံးဖြတ်ချက်ကိုတော့ ပြန်ပြောရမယ်ဆိုရင် တရားသူကြီးဥက္ကဋ္ဌ ကိုယ်တိုင်က နောက်ဆုံးမှာ အား လုံး လျှောက်လဲချက်တွေ ပြီးတဲ့အခါမှာ ပြောတာက Order လို့ သုံးပါတယ်၊ ဗမာလို တိုက်ရိုက်ပြန် ရရင်တော့ အမိန့် ပေါ့လေ၊ ဆုံးဖြတ်ချက်လည်း ခေါ်တယ်။ Provisional measures လို့ခေါ်တဲ့ လတ်တလော ဆောင် ရွက်မှုကို သုံးတာ။ ကျနော် သေချာတွေ့ပါတယ်။ We will issue the order as soon as possible အမြန်ဆုံးထုတ်ပြန်မယ်လို့ ပြောတယ်။

“အခု ဘယ်လောက်ကြာမယ် ဆိုတာတော့ ခန့်မှန်းဖို့ ခက်သားပဲ။ တရားသူကြီးတွေကိုယ်တိုင် သူတို့က အ မှုတခုတည်း မဟုတ်ဘူးဗျ။ အခုလောလောဆယ် ဂမ်ဘီယာနဲ့ မြန်မာအမှုမှာ ဂမ်ဘီယာ စတင်တာက နို ဝင်ဘာလ ၁၁ ရက်ဆိုရင် ဒီနေ့ဆိုရင် တလနဲ့သုံးရက် ရှိသွားပါပြီ။ ဒါပေမယ့် မြန်မာက ကြားနာမှုပြီးတာ နှစ် ရက်ပဲရှိပါသေးတယ်။ ဘယ်လောက်ကြာမလဲ ဆိုတာတော့ အတိအကျ မတွက်နိုင်ဘူးခင်ဗျ။ ကျနော့် အ ထင်ကတော့ ခရစ္စမတ်မတိုင်ခင် ဖြစ်ဖို့၊ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။ ဖြစ်ဖို့ အခွင့်အရေးနည်းတယ်၊ နောက် ခရစ္စမတ်ပြီးမှပဲ Provisional measures ICJ ရဲ့အမိန့်ကို ထုတ်လိုက်မယ်လို့ ထင်ပါတယ်။”

မဆုမွန် - အခု အဲလိုမျိုး တကယ်လို့ ဆုံးဖြတ်ချက် ကျပြီဆိုရင်တော့ တရားရုံးကို ပြန်ပြီးတော့ ဂမ်ဘီယာရော မြန်မာရော သွားပြန်ရင်ဆိုင်ရမယ့် အနေအထားလား ဆရာ။

ဒေါက်တာမြင့်ဇံ - “အဲဒါက တရားရုံးက ဘယ်လိုအမိန့်ပေးမလဲဆိုတာ အပေါ်မှာ မူတည်ပါတယ်။ အမိန့်က တကယ်လို့ ဂမ်ဘီယာမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တောင်းတာ နှစ်ခုရှိတယ်။ အမှုကို တခုလုံးကို ဖျက်ပစ်လိုက်ဖို့၊ ဖျက်တယ်ဆိုတာ ဒီအမှုက ရှိတယ်ဆိုတာကို မဟုတ်အောင် စာရင်း ကနေ ဖျက်ပေးဖို့။ အဲဒါ နံပါတ်တစ်အချက်ပါ။ အဲဒါကို အပြည်ပြည်ဆိုင်ရာ တရားရုံးက မပေးဘူးဆိုရင်၊ ခွင့် မပြုဘူးဆိုပါတော့ ဒုတိယအနေ နဲ့ Provisional measures လို့ခေါ်တဲ့ ကြားဖြတ်လုပ်ဆောင်မှုများ လုပ်ဆောင် နေ တဲ့ ဂမ်ဘီယာရဲ့လျှောက် လဲချက်ကို ပယ်ဖို့၊ မပေးဖို့ တင်ပြထားပါတယ်။ အဲတော့ တရားရုံးက အမှုတွဲ ကို ဖြုတ်မယ်၊ မဖြုတ်ဘူးဆိုတာတော့ တချို့၊ အားလုံးကို ခြောက်ခုစလုံးကို ပေးချင်ပေးမယ်၊ ဒါမှမဟုတ် လည်း တရားသူကြီးတချို့က ပထမနှစ်ခုကို ပေးမယ်၊ သဘောပြောပြတာပါ၊ ကျန်တဲ့သုံးခုကို မပေးဘူးဆိုပြီး အများစုမဲနဲ့ ဆုံးဖြတ်ချင်လည်းဖြတ်မယ်။ အဲဒါဆိုရင်တော့ ဆုံးဖြတ်ရန်အဆင့်ကို ရောက်ရင်တော့ ဘယ် လိုဖြစ်မယ် ဆိုတာကတော့ မြန်မာအစိုးရပိုင်း အနေနဲ့ အဲဒါကို ဆက်လျှောက်လဲမလား၊ မလျှောက်လဲ ဘူး လား၊ ဒါကတော့ အခုပြောရင် အနာဂတ်ကိုပြောသလို ဖြစ်နေပါတယ်။”

ဒါကတော့ ICJ တရားရုံးကနေ ဆုံးဖြတ်ချက် ချနိုင်ခြေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားခွင်ရဲ့ အခြေ အနေ ဒေါက်တာမြင့်ဇံ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရင်ဆိုင်အပြီးမှာတော့ နယ်သာလန်နိုင်ငံ ICJ တရားရုံးအထိ သူ့ကို လိုက် လံ ဝန်းရံအားပေးတဲ့ မြန်မာနဲ့ နိုင်ငံတကာက မြန်မာအသိုင်းအဝိုင်းကို နှစ်ကြိမ်တိုင်တိုင် လက်ခံတွေ့ဆုံ ခဲ့ပေ မယ့် သောကြာနေ့က နယ်သာလန် အောက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာ ကတော့ မျှော်လင့်မထားတဲ့ အကြောင်းရင်းတွေကြောင့်ဆိုပြီး ပျက်ခဲ့ရတယ်လို့ နယ်သာလန် အောက်လွှတ် တော်ကို ကိုးကားပြီး နယ်သာလန် သတင်းတွေမှာတော့ ဖော်ပြပါရှိခဲ့ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */