ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်
ကိုဉာဏ်ဝင်းအောင်
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံနေသည့် မြန်မာလူထု
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရတဲ့အပေါ် မြန်မာလူထုကြားမှာ သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေကြတဲ့အထဲ ရန်ကုန်မြို့ခံတွေလည်း ပါဝင်ပါတယ်။ AFP သတင်းဌာနက မေးမြန်းထားတဲ့ ရန်ကုန်မြို့ခံတချို့ရဲ့ သဘောထားအမြင် တွေကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၁၀ ရက် ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ နှစ်နိုင်ငံကိုယ်စားလှယ်တွေ လျှောက်လဲချက် ပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်၊ ဆက်ဖြစ်မယ့် အလားအလာတွေလည်း ရှိ တာ ကြောင့် ICJ မှာ တရားရင်ဆိုင်နေစဉ် ကာလအတွင်း ဒီလုပ်ရပ်တွေကို တားဆီးနိုင်ရေးအတွက် ကြား ဖြတ် အရေးယူဆောင်ရွက်ချက်တွေကို ICJ ကချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ပန်ကြားခဲ့တာပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးလျှောက်လဲချက်တွေမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း မသုံးစွဲတာကိုလည်း ဂမ်ဘီယာဘက်က ထောက်ပြပါတယ်။
မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ ICJ မှာ လာရောက်လျှောက်လဲတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၆ မိနစ်စာ နိဂုံးချုပ် လျှောက်လဲချက်ထဲမှာတော့ ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ကိစ္စကို ICJ အမှုစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ် ဂမ်ဘီယာက တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင်ရွက် ချက်ကို ပယ်ချပေးဖို့ တရားရုံးတော်ကို တင်ပြပြောကြားခဲ့တဲ့အပြင်၊ ဒီအမှုက နောက်ထပ် ပဋိပက္ခတွေကို ပြန်ပေါ် လာစေနိုင်တယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။
အသက်(၇၇)နှစ်အရွယ် ရန်ကုန်မြို့ခံ အငြိမ်းစားဝန်ထမ်း ဦးစိုးသိန်းကတော့ ICJ မှာ စွပ်စွဲခံရတဲ့အမှုဟာ အပြစ်ရှိသင့်သလောက် ရှိပေမဲ့ အမှန်တရားဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ICJ တရားရုံး ကြားနာ မှုတွေအပြီး ပြော ဆိုပါတယ်။
“ ကျနော်တို့ဘက်ကတော့ အမှန်တရားဖြစ်လာလိမ့်မယ်လို့ထင်တယ် အပြစ်မရှိဘူးလားဆိုတော့ ရှိသင့် သလောက်တော့ ရှိတာပဲလေ လုံးလုံး ဒေါ်အောင်ဆန်းစုကြည်က ဖုံးကွယ်ထားတာလည်းမဟုတ်ဘူး။ ဒီဖြစ် ပျက်နေတဲ့အချိန်အတွင်းမှာ ဒေါသစိတ်၊ တိုင်းပြည်ကာကွယ်စိတ်နဲ့ လက်လွန်ခြေလွန်တာမျိုးတွေ ရှိသင့် တယ်ဆိုတာကတော့ ပြော ထားတာပဲ၊ ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက် ကအလေး အနက် ထောက်ခံပါတယ်။”
ရန်ကုန်ဒေသခံ နောက်တဦးဖြစ်တဲ့ မခင်ငြိမ်းဦးကတော့ ရခိုင်မြောက်ပိုင်းဖြစ်စဉ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သူမမြင်ကြောင်း ရှင်းပြ ပါတယ်။
“လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုရင် အဲဒီလူမျိုးတွေ တယောက်မှ မရှိပဲနဲ့ နေရမှာပေါ့။ အခုက သူတို့လူမျိုးတွေလည်း အများကြီးပဲလေ တို့နိုင်ငံထဲမှာ ဘယ်နေရာ၊ ဘယ်ဒေသပဲဖြစ်ဖြစ် အဲဒီတနေရာထဲမှာ ရှိတာမှ မဟုတ်တာ ။ အဲဒါကို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ မခံယူဘူး။ နောက်ပြီးတော့ ညီမတို့ဆီမှာ သေသွားတဲ့ အရေအတွက်က လည်း အဲလောက်အထိ အများကြီးမဟုတ်ဘူး။ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ပြောရ လောက် တဲ့အရေအတွက်လည်း မရှိဘူး ။ သူတို့ဘက်က စွပ်စွဲတာကတော့ လူမျိုးတုံးသတ်ဖြတ်တယ်အထိ ပြောလို့တော့မရဘူး။”
ဘတ်စ်ကားဂိတ် ကြီးကြပ်ရေးမှူး ဦးရဲကိုကတော့ ICJ အမှုမှာ မြန်မာဘက်က အနိုင်ရလိမ့်မယ်လို့ မြင်ပါ တယ်။
“ကျနော့်အမြင်ကတော့ မြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ငါတို့ မြန်မာပဲ နိုင်ရမှာပဲ ICJ ဆုံးဖြတ်ချက် က လည်း လက်ရှိအထောက်အထားအရတော့ မြန်မာကို အနိုင်ပေးဖို့ပဲ ၊ နိုင်ကိုနိုင်ရမယ် ဒီလိုပဲ ဆုံးဖြတ်ပါ တယ် ဦးကတော့။”
ရိုဟင်ဂျာတွေ ထွက်ပြေးသွားရတဲ့ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေမှာ လွဲမှားချက်တချို့ ရှိကောင်း ရှိနိုင် မှာဖြစ်ပေမယ့် ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက် မှန်ကန်တယ်လို့ သူ မထင်မိကြောင်း အသက် ၂၆ အရွယ် မလင်းလင်းကြည်က တုန့်ပြန်ပါတယ်။
“စွပ်စွဲချက်ကိုတော့ မှန်တယ်လို့ မထင်ဘူး။ သူတို့ ဒီနိုင်ငံကို ခိုးဝင်လာတယ် ခိုးဝင်လာတဲ့အတွက်ကြောင့်မို့ ဒီနိုင်ငံမှာလည်း စည်းမျဉ်းစည်းကမ်းတွေလည်း ရှိပြီးသား ။ အဲဒီအတွက်ကြောင့် စစ်တပ်ကလည်း လုပ်သင့် လုပ်ထိုက်တာကို လုပ်တယ်။ တချို့သော ကိစ္စတွေမှာတော့ လွဲမှားမှုတော့ ရှိကောင်းရှိမှာပေါ့နော်။ ဒါပေ မယ့် လုပ်သင့်လုပ်ထိုက်လို့ လုပ်တယ်လို့ မြင်ပါတယ်။”
ဂမ်ဘီယာက စွဲတင်ထားတဲ့အမှုကို ICJ က ဆက်လက်ကြားနာနေမယ်ဆိုရင် မြန်မာနိုင်ငံက လူ့အသိုင်း အဝိုင်းနှစ်ခုကြား ပြန်လည်သင့်မြတ် ရေးကို ထိခိုက်စေမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်ကို သတိပေးပြောဆိုခဲ့ပါတယ်။ ICJ တရားရုံးမှာ ကြားနာမှု လတ်တလော ပြီးဆုံးသွား ပြီ ဖြစ်ပြီး၊ ဂမ်ဘီယာရဲ့ပန်ကြားချက်အပေါ် တရားသူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို သင့်လျော်တဲ့အချိန်မှာ ကြေညာ မယ်လို့ ခုံရုံးသဘာပတိက ပြောဆိုထားပါတယ်။

Link : Here
No comments:
Post a Comment