" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 18, 2019

ICJ စစ်တလင်း မြန်မာတို့ ခုခံကာကြယ်နိုင်- မောင်ချစ် (သူရဲသမိန်)

TomorrowNews Journal
၁၈ ဒီဇင်္ဘာလ ၂၀၁၉

နိုဘယ်ဆုရအပြီး၂၈ နှစ် ကြာသောအခါ 

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် ငြိမ်း ချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရ သည်။ ယခု ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်နေ့က မြန်မာနိုင်ငံအား လူမျိုးတုံး သတ် ဖြတ်မှုအတွက် တားမြစ် ရေးဆိုင် ရာနိုင်ငံတကာသဘောတူညီချက် အား ချိုးဖောက်သည်ဆိုကာ အပြည် ပြည်ဆိုင်ရာတရားရုံး၌ ဂမ် ဘီယာ နိုင်ငံ၏ တရားစွဲဆိုမှုအပေါ် မြန်မာ နိုင်ငံဘက်က ဦးဆောင်ရင်ဆိုင် သည့်သူ မှာ လည်း မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ပင် ဖြစ်လေသည်။

သို့ပါ၍ ကမ္ဘာ့သမိုင်းစာမျက် နှာတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်တစ်ဦးအနေဖြင့် အရှေ့နဲ့ အနောက် ပမာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့် လူမျိုးတုံးသတ်ဖြတ် မှုစွပ်စွဲချက်ကို ဆုရပြီး ၂၈ နှစ် အကြာတွင် တ ရားရင်ဆိုင် ရခြင်း က ထူးခြားဖြစ်စဉ်သာဖြစ်နေပါ သည်။

သူ့ဘက်ကိုယ့်ဘက်

တရားရုံး ICJ ၌ ဂမ်ဘီယာ နိုင်ငံ၏ တရားစွဲဆိုမှုအပေါ် ပထမနေ့ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက် အင်္ဂါနေ့ မြန်မာ စံတော်ချိန် မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၆ နာရီ ခွဲထိ ပထမဆုံးကြားနာရာတွင် ဂမ်ဘီယာနိုင်ငံ ကိုယ် စားလှယ် နှင့် ရှေ့နေခုနှစ်ဦးတို့က ၃ နာရီ ကြာ နှုတ်ဖြင့်တင်ပြလျှောက်ထား ခဲ့သည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ မြန်မာစံတော် ချိန် မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၆ နာရီခွဲထိ မြန်မာ နိုင်ငံဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီး များဖြစ်သည့် ဦးကျော် တင့်ဆွေ နှင့် ဦးကျော်တင်၊ မြန်မာနိုင်ငံက ငှားရမ်းထားသော နိုင်ငံတကာ ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ဥပဒေကျွမ်း ကျင် ပညာရှင် ကနေဒါ နိုင်ငံသား ဝီလျံရှာဘတ်စ်နှင့် အ ခြားရှေ့နေနှစ်ဦးတို့ ပါဝင်သည်။ သူ့ ဘက်ကိုယ်ဘက် နိုင်ငံ ကိုယ်စား လှယ်နှင့် ရှေ့နေများသည် နှစ် ဖက်နေရာယူထားမှုကို တရားခွင် တွင် မြင်တွေ့ရသည်။

တရားသူကြီး ၁၅ ဦး

ကမ္ဘာ့တရားရုံး (ICJ)တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ ပေါင်း ၁၅ နိုင်ငံတို့၏ တရားသူ ကြီးများမှာ ဆလိုဗက် ကီးယား၊ ပြင်သစ်၊ မော်ရိုကို၊ ဘရာဇီး၊ အမေရိကန်၊ အီတလီ၊ ယူဂန္ဓာ၊ သြစ တြေးလျ၊ ရုရှား၊ လက်ဘနွန်၊ ဂျပန် နိုင်ငံတို့မှ ဥပဒေပညာရှင်များ ဖြင့် ဖွဲ့စည်းထားသည်။ တရား သူကြီး ၁၅ ဦးအနက် ဆိုမာလီ ယာ(ဥက္ကဋ္ဌ)၊ တရုတ် (ဒုဥက္ကဋ္ဌ)တို့ ဖြစ်သည်။ အထက်ပါ ၁၅ ဦးအပြင် သက်ဆိုင်ရာနိုင်ငံ ၂ နိုင်ငံတို့က တရား သူကြီး တစ်ဦးစီထည့်ဝင် ခွင့်ရှိ၍ စုစုပေါင်းတရားသူကြီး ၁၇ ဦးရှိမည်ဖြစ်သည်။ မြန်မာ ဘက်က အဆိုပြု တရားသူကြီးသည် ဂျာမနီမှ ဥပ ဒေပညာရှင် ပါမောက္ခကလော့စ်ခရက်စ်ဖြစ် ပါသည်။


အထက်ပါ တရားရုံး တွင် တာဝန်ထမ်းဆောင်ကြမည့် တရားသူ ကြီးများကို သုံးနှစ်တစ်ကြိမ် ဆန္ဒမဲပေးရွေး ချယ် ခြင်းဖြစ်ပြီး ICJ တရားရုံးမှာ တရားသူကြီးဖြစ် သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်ကို ပေးအပ်သော တာဝန် များနှင့် တ ရားသူကြီးအာဏာကို ရိုးသား ဖြောင့်မတ်စွာ၊ သစ္စာရှိစွာ၊ ဘက် မလိုက်ဘဲ၊ ကောင်းမွန်သေချာစွာထမ်းဆောင် ပါမည်ဟု အလေး အနက်ကျမ်းသစ္စာကျိန်ဆိုခဲ့ကြရ သည်။

အရည်အချင်း

နိုင်ငံတကာ ICJ တရားရုံး တွင် တရားသူကြီးအဖြစ် ရွေးချယ် ခံရသူများသည် နိုင်ငံတကာတက္က သိုလ်အသီးသီး မှ ဥပဒေပညာ ပါရဂူဘွဲ့၊ နိုင်ငံတကာဥပဒေပညာ နှင့် သက်ဆိုင်သည့်လုပ်ငန်းများ တွင် လုပ်ခဲ့ဖူးသူများ ဖြစ်ပြီး၊ ဥပဒေ ကျောင်းများတွင် ပါမောက္ခ၊ နိုင်ငံ တကာအဖွဲ့အစည်းနှင့် သက်ဆိုင် သည့် အစိုးရများ၏ ဥပဒေဆိုင် ရာလုပ်ငန်းများတွင် ထူးချွန်ကျွမ်း ကျင်စွာ တာဝန်ထမ်းဆောင်ဖူး သူတွေဖြစ်ရမည်ဆိုသည့် အရည်အချင်းသတ် မှတ်ထားခြင်းလည်း ရှိသည်။ လက်ရှိ နိုင်ငံတကာတရား ရုံးတွင် တရားသူကြီးပေါင်း ၁၅ ဦးရှိပြီး အမျိုးသား ၁၂ ဦး၊ အမျိုး သမီး ၃ ဦးပါဝင်ကြောင်း သိရ သည်။

UN Law

ICJ ခေါ် နိုင်ငံတကာတရား ရုံး၏ အဓိကအလုပ်မှာ နိုင်ငံ အချင်းချင်းဖြစ်သည့် ပြဿနာ များနှင့် UN Law ကို ချိုးဖောက်သည့်နိုင်ငံများအား တရားစွဲပြီး ချိုးဖောက်သည့်နိုင်ငံကို တရားစွဲ ပြစ်ဒဏ်ချမှတ်ရသော အလုပ်ဖြစ်ပါ သည်။ ယခု မြန်မာနိုင်ငံအပေါ် စွပ်စွဲမှုမှာ ၁၇၈ မှုမြောက်ဖြစ်ပြီး ဆက်လက်မစစ်ဆေးနိုင်သည့် အမှုက ၂ဝ ရာခိုင် နှုန်းနီးပါးအထိ ရှိနေပါသည်။

ယခုဖြစ်ပေါ်နေသောစွဲဆိုမှု အပေါ် အမှုရှုံးရင် ဘာဖြစ်မလဲ ဆိုသည်ကို မြန်မာတို့ စိတ်ဝင်စား ကြပါသည်။ တရား ရှုံးသူ (ရှုံး တဲ့နိုင်ငံ)အား ပိတ်ဆို့မှုများလုပ် မည်။ လျော်ကြေးသတ်မှတ်မည်။ ပြစ်ဒဏ်တွေ ချမှတ်မည်။အဲဒီတရား ရုံး ၏ ပြစ်ဒဏ်ချမှတ်မှုအပေါ် သေချာစွာလိုက်နာဖို့ ကျခံဖို့ နောက်က တွန်းအားပေးလိုက်လုပ် ရမည့် ရဲတို့၊ စစ် တပ်တို့၊ အာဏာ ပိုင်အဖွဲ့အစည်းတို့ လုံးဝမရှိကြောင်း သိရပြန်သည်။

ဂျီနိုဆိုက်တဲ့လား

မြန်မာပြည်နှင့် ဂျီနိုဆိုက်က အလွန်အလှမ်းကွာဝေးလှသည်။ ပြည်နယ်နှင့် တိုင်း ၁၄ ခုရှိပြီးမည်သည့်ပြည်ထောင် စုသားနှင့်မှ အမျိုးသားရေးဝါဒမပတ်သက်ချေ။ ဘူးသီးတောင်၊ မောင်တောလိုဒေသမျိုးမှ လူသား မျိုးနွယ်စုကို မည်သည့်မြန်မာပြည်သူကမှ လူမျိုး ရေးဝါဒထားဖို့ စိတ်ဝင်စားမှုမရှိ၊ အဆက်အစပ်ဝေး လှ သည်။ လူ မျိုးတုံး သုတ်သင်ရှင်းလင်းမှုစွဲချက် သူတို့သတ်မှတ်ချက်အရ လူပေါင်း ၇ သိန်းကျော်နယ်စပ်ကို ထွက် ပြေးသွားကြသည်။ ဘယ်မှာတုန်း လူမျိုးတုံးသတ်ဖြတ်မှု၊ ထိုဒေသမှာ ပင်ဆက် လက်နေထိုင်ကျန် ရစ် သူ များရှိနေဆဲ၊ နာဇီများက ဂျူးကို သုတ်သင်သလိုရပ်ကွက်များအတွင်း ဂျူးများကို စုပြုံထားသလိုထားရှိ ခြင်းမရှိ၊ မီးလောင်တိုက်သွင်းသည့် အကျဉ်းစခန်းမျိုးလည်းမရှိ အစုလိုက်အပြုံလိုက်ဖမ်းဆီးထိန်း သိမ်းထား သည့် အကျဉ်းစခန်းလည်း မရှိ၊ ဘင်္ဂါလီ လူမျိုးအဖြစ် လက် မှာ လက်ပတ်လေးပတ်ကာနေထိုင် ကျင်လည်ရ မည်ဟူသောအခြေ အနေမရှိ၊ နာဇီတို့ကသာ ဂျူးလူ မျိုးများကို အထက်ပါအတိုင်းခွဲ ခြားသတ်မှတ် စနစ်တ ကျရှင်းလင်း သုတ်သင်ခဲ့ခြင်းဖြစ်သည်။ ဘယ်မှာ လဲ ဂျီနိုဆိုက်ခေါ် လူမျိုးဘာသာအုပ်စုများအား လူမျိုး တုံး သတ် ဖြတ်မှုအရှင်းမရှိခဲ့။

မြန်မာမရှုံးပါ

မြန်မာနိုင်ငံသည် နှစ်ပေါင်းများ စွာ စစ်ခုံရုံး၊ တရားရုံးများနှင့် နှစ် ရှည်တွေ့ကြုံရသည့်အတွက် တရားစီရင် ရေးအ ပိုင်းကို ယုံကြည်မှုအား နည်းနေကြသည်။ ယနေ့နိုင်ငံ တကာတရားရုံးဆိုသည်မှာ တရား ရုံးတွင် တာဝန်ထမ်း ဆောင်သော တရားသူကြီးများသည် မှန်ကန် သောတရားစီရင်ရေးများနှင့် တိကျပြတ်သားစွာ ဆုံး ဖြတ်ကြမည် ဖြစ်၍ တရားရုံးအဆုံးအဖြတ် သည်အမှန်အကန်ဖြစ်တော့မည် ဟူ၍ မြန်မာတို့မျှော် လင့်ကြ သည်။ ဒါကြောင့် မြန်မာမရှုံးပါ။ နှစ်ပေါင်းများစွာ ကမ္ဘာ့သတင်း မီဒီယာများတွင် ငွေကျည်ဆန်ထိ မှန်ထား သော ကမ္ဘာ့မီဒီယာများ ၏ တစ်ဖက်သတ်သတင်းထုတ် ပြန်ချက်သာ ကမ္ဘာက သိရှိနေခဲ့ သည်။ အမှန်ကို ကမ္ဘာကမသိနိုင် ခဲ့။ ဒီကနေ့ နိုင်ငံတကာတရားရုံး တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည် ဦးဆောင် အဖွဲ့ နိုင်ငံတော် ရှေ့နေများနှင့် ဥပဒေပညာရှင်များ၏ လျှောက် လဲချက်များကို နိုင်ငံ တ ကာတရား ရုံးတရားသူကြီးများသာမက ကမ္ဘာသူကမ္ဘာသားများတို့က အမှန်တရားကို သိရှိခွင့်ဖွင့်ချခွင့် ရခဲ့ သောကြောင့် မြန်မာမရှုံးပါ။ ဘယ်သူအမှန် ဘယ်သူအမှားဆို တာ ကမ္ဘာက မျက်ဝါးထင်ထင် တွေ့မြင် ရပြီ ဖြစ်သည်။ အမှန် တရားကို ကမ္ဘာက သိခွင့်ရပြီမို့ မြန်မာမရှုံးပါ။ တစ်ဖန် ယနေ့ပြည်သူ တင် မြှောက်သော အစိုးရအပေါ် ပြည် သူတို့၏ ယုံကြည်ကိုးစားမှုက ပို၍ အားကိုးလာကြသည်ကို တွေ့မြင် ခဲ့ရသည်။ တိုင်း ရင်းသားအပေါင်း တို့သည် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲ ချက်များ ကို အကြောင်းပြု၍ မ ဟုတ်မမှန် လုပ်ကြံသည် ကို သိရှိ နားလည်သဘောပေါက်သော အခါ တိုင်းရင်းသားတို့ ပိုမိုရင်း နှီးချစ်ခင်လာကြသည်ကို တွေ့ရ သည်။ ဤသည်ကား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလွန် အရေးကြီးသော ကိစ္စတစ် ရပ်ကို ဆောင်ရွက်နိုင်သည်ဖြစ်၍ မြန်မာတို့ စည်းလုံးမှုအင်အား အမြတ်ရပါသည်။

အောင်သပြေပန်းနှင့် ကြို

ICJ စစ်တလင်းမှာ ဂမ်ဘီယာနိုင်ငံ၏ စွဲချက်များကို ခုခံဖြေ ရှင်းခဲ့သော ကိုယ်စားလှယ်အဖွဲ့ အား မြန်မာပြည် သူ များက နှစ် ထောင်းအားရသောင်းသောင်းဖြ ဖြကြိုဆိုနေကြပါသည်။ နိုင်ငံတ ကာတရားရုံး၏ မှန်ကန်တိကျ ဘက် မလိုက်သောအကောင်းဆုံးအဆုံး အဖြတ်ကိုရတော့မည်ဟု မြန်မာ ပြည်သူအပေါင်းငံ့လင့်နေကြ ပါသည်။ အမှန်နှင့် အမှား၊ ဓမ္မ နှင့် အဓမ္မဝိရောဓိအကြောင်းများကို ဖြေရှင်းနိုင်ပြီးသောအခါ မြန် မာတို့မျှော် လင့်သလို ဖြစ် လာပါ တော့မည်။


တရားရုံးဆိုသည်မှာ တရားမျှ တမှုကို ဖွင့်ဟတောင်းဆိုရာဌာန ဖြစ်သည်။ ထိုတရားရုံးတွင် အမှန်ကိုတောင်း ဆို သူကိုယ်တိုင်က ထွက်ဆိုစကားများသည် မည်မျှ ထိမှန်ကန်ခြင်း၊ သန့်ရှင်းခြင်းရှိပါသလဲ။ ဂမ်ဘီယာနိုင် ငံသည် ကိုယ်နှင့် တိုက်ရိုက်မသက်ဆိုင် ကိုယ်တိုင်လည်းဆုံးရှုံးမှုမရှိ အမှန်တရားနှင့် ဝေးသောစွပ်စွဲချက် များသည် အချိန် တန်လျှင် ကွယ် ပျောက်သွားရမည်သာဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

မောင်ချစ်(သူရဲသမိန်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */