" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 18, 2019

မြန်မာ့အရေး ရတက်မအေးရပါ- မင်းအောင်(ပန်ဆိုင်း)

TomorrowNews Journal
၁၈ ဒီဇင်္ဘာလ ၂၀၁၉
မြန်မာ့အရေး ရတက်မအေးရပါ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရှေ့နေကြီးများက နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးစီးပွား ကာကွယ်စောင့် ရှောက်ခြင်းအတွက် အကောင်းဆုံး တုံ့ပြန်ချေပခဲ့ကြပြီ ဖြစ်ပါတယ်။ ICJ ၏တရားစီရင်ရေး သမာသ မတ်ကျမှု စံသည် ယုံကြည်စိတ် ချရမှု ရှိမရှိကိုခန့်မှန်းရန် လွယ်ကူ လှသည်မဟုတ်ပါ။ ၎င်းအပြင် ဥပဒေရေးရာသည် ကျွမ်း ကျင်လျှင်ကျွမ်းကျင် သလောက် ကိုးကားဖော်ညွှန်း ဆုံးဖြတ်နိုင်ကြသည် ဖြစ်ရာ နိုင်ငံတော် အကျိုးစီးပွားကို လုံး ဝ ထိခိုက်နစ်နာခြင်း မရှိနိုင်သော ဆုံး ဖြတ်ချက်ထွက်ပေါ်လာရန်အတွက် ရတက်မအေးဖွယ်ရှိလှပါသည်။ဂျီနို ဆိုက် မြောက်ခြင်း မမြောက်ခြင်းထက် အမှန်တကယ် မရှိခဲ့သော လူမျိုးနွယ်စုအား အသိအမှတ်ပြုခြင်းတရားဝင် ရပ်တည်နိုင်ခွင့်ကို အထောက်အပံ့ဖြစ်စေသော ဆုံးဖြတ်ချက်ချမှတ်ခြင်းများသည်ပင်လျှင် မြန်မာအတွက် ကြီး မားသောအရှုံး ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် OIC တို့အတွက် အောင်မြင်မှု၊ အနိုင်ရမှု တို့ဖြစ်ပါ သည်။ တရားစီရင်ရေး သမာသမတ်ကျမှု စံသည် အဂတိတရား မည်မျှကင်းရှင်း သည်ဆိုခြင်းနှင့် သက်ဆိုင်နေပြန်သဖြင့် ဂမ်ဘီယာနိုင်ငံ ၏ နောက် ကွယ်ကြိုးကိုင် ဥှုဃ နှင့် မိတ်ဖက် သို့မဟုတ် အပြန်အ လှန် နားလည် မှုရှိပြီး အင်အားကြီးနိုင်ငံတို့က ှုဃဲ အပေါ် မည်မျှလွှမ်းမိုးထား နိုင်သည်ဆိုသည့် အချက်သည် လည်း အလွန်အရေးပါလှသည်။

သို့သော် မိတ်ဆွေအင်အားကြီး ဗီတိုအာဏာသုံးခွင့်ရ နှစ်နိုင်ငံ၏ တုံ့ပြန်နိုင်မှုသည် ှုဃဲ အပေါ်မည်မျှချေဖျက် နိုင်စွမ်းရှိကြောင်း ခန့်မှန်းရန်ခက်ခဲသော်လည်း နောက်ဆုံးမျှော်လင့်ချက်အဖြစ် ကြီးမားစွာ ရှိနေသေး သည်ဟု ယူဆပါသည်။

အိမ်နီးချင်းနိုင်ငံ၏ နယ်မြေကျဉ်းမြောင်းခြင်းနှင့် လူဦးရေ ပေါက်ကွဲမှုအကြပ်အတည်း ထွက် ပေါက်ရှာဖွေ ခြင်း၊ ကမ္ဘာကို ခြိမ်း ခြောက်လျက်ရှိသော အကြမ်းဖက် အဖွဲ့အစည်းကြီး၏ နယ်မြေ သစ်ရှာဖွေခြင်း၊ ကမ္ဘာ့ အင်အား ကြီးနိုင်ငံကြီးများ၏ သြဇာဖြန့် ကြက်မှုနှင့် အကျိုးစီးပွားအတွက် အားပြိုင်ခြင်းတို့၏ ဆုံမှတ်သည် ယနေ့ ပြည် ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွက် ကြီးမားသော အန္တရာယ်ပင်ဖြစ်နေသည်ဟု သုံး သပ်ရရှိပါသည်။

ပြည်တွင်းမညီညွှတ်မှု၊ မငြိမ်းချမ်းမှုနှင့် ၎င်း၏နောက် ဆက်တွဲဆိုးကျိုး စီးပွားရေးချွတ်ခြုံ ကျမှုတို့သည်လည်း ဖော်ပြပါ အခြေအနေအတွက် ကောင်းစွာ အထောက်အကူ ဖြစ်ပေါ်နေသည် ဟု သုံးသပ်ရမည်ဖြစ်ပါသည်။

ထို့ကြောင့် ....နိုင်ငံတ ကာ ဖွဲ့စည်းပုံအတိုင်း သို့မဟုတ် တစ်သွေးတစ်သားတည်း ရှိမနေ၊ အဆမတန်များပြား လာသော ပါတီများ အသင်းအဖွဲ့များဖြင့် နိုင်ငံရေးဝိဝါဒကွဲပြားနေမှု၊ လက် နက်ကိုင်ပုန်ကုန်မှုများ၊ ပြည်ပ သြဇာ ခံ အင်အားကြီး လက်နက်ကိုင်အဖွဲ့၏ တစ်သီးတခြား တစ်ဗိုလ်တစ်မင်း ရပ်တည်နေမှုနှင့် ၎င်းကို နမူနာထား ကြိုးစားတောင်းဆို လက်နက်ကိုင်တိုက်ပွဲ ဖော်ဆောင်နေမှု၊ နိုင်ငံဝန်ထမ်း အကျင့်ပျက်ခြစား အဂတိလိုက် စား မှုများ၊ ဓနအင်အားတောင့် တင်းသော စီးပွားရေးလုပ်ငန်းရှင် အချို့၏ တစ်ကိုယ်ကောင်း ဆန်ဆန်ရပ်တည်မှု များ၊ ပြည်သူတစ်ဦး ချင်း၏ ဥပဒေစည်းကမ်းများနှင့် အညီ လိုက်နာကျင့်သုံးနေထိုင် နိုင်ခြင်းများစွာ အားနည်း နေမှု၊ တရားဥပဒေစိုးမိုးရေးမရှိ ရာဇ ဝတ်မှုထူပြောနေခြင်းများကို အချိန်တိုအတွင်း သို့မဟုတ် အမြန်ဆုံးပြောင်း လဲ သွားနိုင်ရန် လိုအပ်နေပြီဖြစ်ပါသည်။

သို့မဟုတ်ပါက ပြည်ထောင် စု သမ္မတမြန်မာနိုင်ငံတော် တိုင်း ရင်းသားပြည်သူများ၏ စိုးရိမ်ကြောင့်ကြခြင်းကင်း မဲ့စွာနေထိုင် အသက်မွေးနိုင်မှုအတွက် ငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ သည် ချည့်နဲ့အားပျော့ စွာပင် ရှိ နေဦးမည်သာ ဖြစ်ပါသည်။

မင်းအောင်(ပန်ဆိုင်း)
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */