Sunday, December 1, 2019

ICJ အရေးရပ်တည်ချက်မတူတဲ့ မြောက်ပိုင်းအဖွဲ့တွေကြား ဆက်ဆံရေး

B B C
ဘီဘီစီ မြန်မာပိုင်း
01 ဒီဇင်္ဘာ2019 
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ သွားရောက်တရားရင်ဆိုင်မယ့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း မိုင်းလားအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထား တဲ့ သတင်းကို မီဒီယာကနေတစ်ဆင့် သိရပြီး ဒါဟာ မိမိတို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) နဲ့လည်း တစ် စုံတစ်ရာပတ်သက်နေတဲ့ကိစ္စတစ်ရပ်လို့ ဖော်ပြထားပါတယ်။

 ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ချေပမယ့်အပြုအမူကို ထောက်ခံကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးကလည်း မြန်မာနိုင်ငံရဲ့အသံကို နားစွင့် ၊ နားထောင် ပေးကြဖို့ မေတ္တာရပ်ခံတယ်လို့လည်း ပါရှိပါတယ်။

မိုင်းလားအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးကြည်မြင့်နဲ့ ဦးခမ်းမောင်တို့ကို ဘီဘီစီကို ဒီဇင်ဘာ ၁ ရက်မှာ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

မိုင်းလားအဖွဲ့ဟာ ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြည်နယ်အဆင့် ပြည်ထောင်စု အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်သလို မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ရပ်တည်ချက်မတူတဲ့ ထုတ်ပြန်ချက်တွေနဲ့ မြောက်ပိုင်းအဖွဲ့တွေကြားက ဆက်ဆံရေးနိုဝင်ဘာ ၃၀ ရက် မှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီကလည်း ICJ အရေး အစိုးရရပ်တည်ချက်ကို ထောက်ခံတယ်လို့ ကြေညာ ချက်ထုတ်ပြန် ထားပါတယ်။

ဒါပေမဲ့ တပ်မတော်ကို ICC နဲ့ ICJ မှာ တရားစွဲဆိုထားတာကို ထောက်ခံတယ်လို့ ရက္ခိုင့်တပ်တော် AA၊ တ အာင်း၊ ပလောင် TNLA နဲ့ ကိုးကန့် MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီသုံးဖွဲ့ဟာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ပါတယ်။

အိုင်စီဂျေအရေး အစိုးရ ရပ်တည်ချက်ကို ထောက်ခံတယ်လို့ ဝတပ်ဖွဲ့ ကြေညာICJ နဲ့ ICC မှာ တပ်မတော်  တရားစွဲခံရမှုကို ထောက်ခံကြောင်း မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ထုတ်ပြန်ဒီသုံးဖွဲ့ထဲမှာ အေအေနဲ့  TNLA တို့ဟာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

 အခုလို မြန်မာအစိုးရအပေါ် တရားစွဲဆိုထားမှု နဲ့ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြား သဘော ထားကွဲလွဲမှုတွေဟာ အဖွဲ့အတွင်း ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလာနိုင်သလားဆိုတဲ့ မေးခွန်းတွေ လည်း ထွက်ပေါ်လာပါတယ်။

ဒါနဲ့ပတ်သက်လို့ ဝတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးညီရန်းကတော့ နိုင်ငံရေးမဟာမိတ်တွေနဲ့ သီးခြားအမြင်ရှိ တာ သာဖြစ်ပြီး အချင်းချင်း ယုံကြည်မှု ပျက်ပြား မယ်လို့ မမြင်ကြောင်း ပြောကြားထားပါတယ်။

ဒါ့အပြင် အဲဒီအဖွဲ့တွေနဲ့ ဝအဖွဲ့ဟာ နောက်ခံဖြစ်တည်မှုချင်းလည်း ကွာခြားပြီး ဝပြည်နယ်က ငြိမ်းချမ်းရေး ယူလာတာ နှစ် ၃၀ ကျော်လာပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြောက်ပိုင်းစုဖွဲ့မှုထဲမှာပါတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး ကြီး နော် ဘူကတော့ သက်ရောက်မှု တစ်စုံ တစ်ရာရှိနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

"ဘာပဲဖြစ်ဖြစ် သက်ရောက်မှုကတော့ တစ်စုံတစ်ခုတော့ရှိမှာပါ။ ဒါပေမဲ့ ဘယ်လောက်ထိ အကျိုးသက် ရောက် မှု ရှိမှာလား ၊ မရှိဘူးလားဆိုတာတော့ ကျွန်တော်တို့ သုံးသပ်လို့မရဘူး။ ဒါပေမဲ့ ကိုယ့်သဘောထား နဲ့ ကိုယ့်အနေအထားနဲ့ ရပ်တည်တယ်ဆိုတာ သဘောထားထုတ်ပြန်တာတော့ ကောင်းပါ တယ်" လို့ ပြော ပါတယ်။

ICJ မှာ တရားစွဲခံထားရတဲ့ မြန်မာအပေါ် ကေအိုင်အေရဲ့ သဘောထားရပ်တည်ချက်ကိုမေးတဲ့အခါမှာတော့ ဗဟိုကော်မတီအနေနဲ့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

တပ်မတော်ကို တရားစွဲတာ ထောက်ခံကြောင်း ထုတ်ပြန်ထားတဲ့ TNLA အဖွဲ့က ဗိုလ်မှူးမိုင်းအိုက်ကျော် ကတော့ ဒါဟာ နိုင်ငံရေးပြဿနာမဟုတ်ဘဲ ရာဇဝတ်မှုဖြစ်ပြီး ဝနဲ့ မိုင်းလားဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိ သလို မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာ မရှိတဲ့အတွက် သူတို့အဖွဲ့နဲ့ ရပ်တည်ချက်တွေ မတူနိုင်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အချင်း နိုင်ငံရေးအရ ပေါင်းစည်းထားတာဖြစ်ပြီး ဒီတရားစွဲခံရ မှုဖြစ်စဉ် ဟာ နိုင်ငံရေးမဟုတ်ဘဲ ရာဇဝတ်မှုဖြစ် တယ်ဆိုတာ ခွဲခြားမြင်ဖို့လိုတယ်လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြော ပါတယ်။

"နိုင်ငံရေးမဟာမိတ်ဖြစ်တယ်။ ဒါပေမဲ့ မြေပြင်အခြေအနေချင်းက တခြားစီဖြစ်တယ်။ ပုံစံချင်းလည်း ကွာ တယ်။ ကျွန်တော်တို့ လူထု ခံစားနေရ တာကိုအခြေခံပြီး အခုလို ထုတ်ပြန်ထားတာဖြစ်တယ်" လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်ကပြောပါတယ်။

ဒါပေမဲ့ ဒီလိုရပ်တည်ချက်မတူတာဟာ နိုင်ငံရေးမဟာမိတ်အချင်းချင်းကြား ဆက်ဆံရေးကို သက်ရောက်မှု မရှိသလို ဝနဲ့ မိုင်းလားတို့နဲ့ ဆက်ဆံရေး ထိခိုက်မှာကိုလည်း မစိုးရိမ်ဘူးလို့လည်း သူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတာကို နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့မှာ ရှိတဲ့ ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဦးဆောင် သွားရောက် ရင် ဆိုင်မှာဖြစ်ပါတယ်။

ရုံးချိန်းတွေကို ဒီဇင်ဘာ ၁၀ ရက်မှာစတင်မယ်လို့ ICJ ဘက်က ထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */