Tuesday, December 31, 2019

ရခိုင်ပြည်သူ့ အာဏာပိုင်ဖွဲ့စည်းရေး အောင်မြင်နိုင်မလား

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
နေမျိုးထွန်း
2019-12-31
ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
Photo: RFA

ရခိုင့်တပ်တော် AA က လာမယ့် ၂၀၂၀ မှာ ရခိုင်ပြည်သူ့အာဏာပိုင် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ULA/AA ကို အခွန်ပေးဆောင်ရမယ်လို့ ပြောကြားထားတာရှိပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA ရဲ့ ဆောင်ရွက်ချက်တွေဟာ အရင်က ဗမာပြည်ကွန်မြူနစ်ပါတီက ဆောင်ရွက်ခဲ့တဲ့ပုံစံဖြစ်ပြီး တပ်မတော်အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်ရဲ့ တာဝန်နဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။“သူတို့ပြောတဲ့ ပြည်သူ့အာဏာပိုင်အဖွဲ့ ဆိုတာလည်း အရင်တုန်းက တွေ့ရသလောက်ကတော့ သိပ် တော့ လည်း ထူးထူးဆန်း မဟုတ်ဘူးဆိုသော်လည်း မြန်မာပြည် ကွန်မြူနစ်ပါတီ 
 ဆောင်ရွက်ခဲ့တဲ့ ပုံစံပါပဲ။ သူတို့ရဲ့ အာဏာတည်ဆောက် တဲ့ နယ် မြေ ပေါ့၊ အဓိကကတော့ ဒါဘာလုပ်တာ တုန်းဆိုတော့ အစိုးရရဲ့ အုပ် ချုပ် မှုယန္တရားကို သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားနဲ့ အစားထိုး တာပဲ။ အာဏာ သိမ်း တဲ့ သဘောပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တို့ကတော့ သောင်းကျန်းမှု နှိပ်နင်းရေး စစ်ဆင်ရေး ဆောင်ရွက် လျှက် ရှိတယ်။ နိုင်ငံတော်ရဲ့ အစိုးရရဲ့ အချုပ်အခြာ အာဏာ တည် တံ့ခိုင်မြဲရေး၊ နယ် မြေဒေသ လုံခြုံရေးအတွက် ကျွန်တော်တို့က တပ်မတော်ရဲ့ တာဝန်နဲ့အညီ အစွမ်းကုန် ဆောင် ရွက်သွားရမှာ ဖြစ်ပါ တယ်။”                                                                            zawmintun-350.jpg
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင့်တပ်တော် AA ဟာ အတိတ်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ရခိုင် ဘုရင့်နိုင်ငံတော် ပြန်လည်ပေါ်ပေါက်လာရေးအတွက် ရခိုင်ပြည်နယ် လွတ်လပ်ရေး ဒါမှ မဟုတ် ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆောင်ရွက်နေတာကြောင့် တပ်မတော်နဲ့ တိုက် ပွဲ ဖြစ်ပွားနေကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကြားနာပွဲမှာ ထည့်သွင်းပြောဆို ထားပါတယ်။ အဲ ဒီလို ဆောင်ရွက်ချက်ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေကြောင်းလည်း ပြောဆို ထား ပါတယ်။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ရခိုင်နိုင်ငံတော်ကို ပြည်ထူထောင်လိုစိတ်ရှိတာဟာ တကယ် ရှိခဲ့တာကို မျှော်လင့်တာဖြစ်လို့ တရားနည်းလမ်းကျကြောင်းနဲ့ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့” ကို ဖွဲ့စည်း ပြီးတော့ အစိုးရ သဏ္ဍာန် စတင်လိုက်တာဖြစ်တယ်လို့ RFA ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြောဆို ထား ပါတယ်။

ရခိုင်နိုင်ငံတော်ကို ၁၇၈၄ ခုနှစ်မှာ ဗမာအရှင်ဘုရင် ဘိုးတော်မောင်ဝိုင်းက တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ပြည်နယ်အစိုးရအဖွဲ့ အမြင် ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဒီမိုကရေစီဖက် ဒရယ် ပြည်ထောင်စုဆိုတဲ့ မူဘောင်ထဲမှာ ဆိုရင် သူတို့ရဲ့အဆိုကို လေ့လာဆွေးနွေးသွားဖို့ အသင့်ရှိပြီး ပြည် ထောင်စု ပြိုကွဲနိုင်တဲ့ အနေအထားဆိုရင်တော့ လက်မခံနိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စု ဆိုတဲ့ မူဘောင် ထဲမှာ ဆိုရင်တော့ သူတို့ရဲ့ အဆိုပြု ချက်တွေကို လေ့လာဆွေးနွေးဖို့ အသင့်ရှိပါတယ်။ ဒီဘောင် ထက် ကျော် လွန်တဲ့ တောင်း ဆိုမှုမျိုးဆိုရင်တော့ ပြည်ထောင် စုပြို ကွဲနိုင်တဲ့ အနေ အထားရှိရင်တော့ ကျွန်တော်တို့ ဒါဟာ လက်ခံလို့ မရ ပါဘူး။”
drmyonyunt-350.jpg
 
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အာဏာရ ချိန်က တည်း က လက်ရှိအချိန်အထိ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမယ် ဆိုတဲ့ လုပ်ဆောင်ချက်ဟာ လက်ဆုပ် လက် ကိုင် ပြစရာမရှိသေးသလို တိုင်းရင်းသားတွေ ယုံကြည်လာ အောင် လုပ်ဆောင်နိုင်တာမရှိသေးတာ ကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာနဲ့ ပတ် သက်ပြီး သံသယရှိတယ်လို့ ပြောပါတယ်။

“သူတို့ အာဏာရကတည်းက ၂၀၁၉ ခုနှစ်အကုန်အထိပြန်ပြီးတော့ ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် တကယ့် ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုတဲ့ သူတို့ရဲ့လုပ်ဆောင်ချက်ဟာ ဘာမှ ရေရေရာရာ ကိုင်ပြစရာ တစ် ခုမှမရှိသေးဘူး။ ထင်သာမြင်သာ ပြောလို့ရတာကတော့ ကျွန်တော်တို့ ULA/AA ကို အမြစ်ပြတ်ချေမှုန်းဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးထားတာရှိတယ်။ ဒီဟာတွေက နိုင်ငံတကာသိ ကြေညာထား တဲ့ ဟာဖြစ်တယ်။ အခုချိန်အထိ တိုင်းရင်းသားတွေ ယုံကြည်လာအောင် လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်မျိုး ကို ကျွန်တော်တို့ မတွေ့ရသေးဘူး။ အဲဒါကြောင့်မို့လို ကျွန်တော်တို့က သူတို့ပြောနေတဲ့ ဖက်ဒရယ်ပြည် ထောင် စု တည်ဆောက်ရေးဆိုတာနဲ့ပတ်သက်ပြီး အတော်လေး သံသယရှိတာပေါ့ဗျာ။”

ရခိုင့်တပ်တော် AA အနေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနည်းတူ တပ်၊ ပါတီနဲ့ သူတို့ ထိန်း ချုပ်နိုင်တဲ့ ဒေသတွေရှိရင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဗမာ ပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း၊ တိုင်းရင်းသားအရေးနှင့် စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုး က ပြောပါ တယ်။

“လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒေသတစ်ခုကို ထိန်းချုပ် နိုင်ပြီဆိုလို့ရှိရင် သူ့အုပ် ချုပ်ရေး အဖွဲ့ ထူထောင်တာကတော့ သိပ်မထူးဆန်းပါဘူး။ ပြောမယ်ဆိုရင် AA မှ 
လုပ်တာမဟုတ်ဘူး။ KIA လည်းလုပ်တာပဲလေ။ ဥပမာဆိုရင် KIO ဟာ နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သလို KIA က စစ် တပ် ဖြစ်တယ်။ KIC ဟာ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်တယ်။ AA ကျတော့ AA တပ်ကို စဖွဲ့ တယ်။ နောက် ULA ဆိုပြီးတော့ နိုင်ငံရေးအဖွဲ့ အ စည်းဖွဲ့တယ်။ အခု သူ့ဒေသတချို့ ထိန်းချုပ် လာ နိုင်တဲ့ အခါမှာ ဒေသအုပ်ချုပ်ရေး အဖွဲ့ ဖွဲ့စည်းတာပေါ့။ ကျန်တဲ့ လက်နက် ကိုင် အဖွဲ့အစည်းတွေလည်း ဒီလိုပါပဲ တပ်ရှိ တယ်၊ ပါတီရှိတယ်၊ သူတို့ ထိန်းချုပ်လို့ရတဲ့နယ်မြေ ရှိရင် အုပ် ချုပ်ရေးအဖွဲ့အစည်း ဖွဲ့စည်းကြတယ်။ ဒီသဘောပါပဲ တခြား တိုင်းရင်းသားလက် နက် ကိုင်အဖွဲ့တွေ ထက် ပိုထူးခြားတာတော့ မရှိပါဘူး။”                                                                                                                              maungmaungsoe-350.jpg
ဒီကိစ္စဟာ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ စေ့စပ်ညှိနှိုင်းနိုင်မယ်ဆိုရင် ဖြေရှင်းနိုင်မှာဖြစ်သလို မညှိနှိုင်းနိုင်ခဲ့ရင် ပြဿနာပိုဆိုးရွားလာပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ်လို့ ဦးမောင်မောင်စိုးက ဆိုပါ တယ်။

တိုက်ပွဲ အဆက်မပြတ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံအများအပြားကလည်း AA ကို ထောက်ခံကြ တယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ဒီအခြေအနေကို အစိုးရကလည်း သဘောပေါက်ပြီး ဇန်နဝါရီ ၇ ရက်နေ့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရခိုင်တိုင်းရင်းသား တွေအနေနဲ့ AA ကို ထောက်ခံနေတာတွေ ရပ်တန်းက ရပ်ဖို့ သတိပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေဟာ ရခိုင် ပြည် နယ် တောင်ပိုင်း အမ်းနဲ့ ကျောက်ဖြူမြို့နယ်တွေအထိ ကူးစက်လာနေတာပါ။

လက်ရှိအချိန်မှာ တစ်နှစ်ကျော်ကြာမြင့်လာတဲ့ ရခိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ကိုးသောင်းကျော်အထိ မြင့်တက်လာပြီး အရပ်သား ထိခိုက်သေဆုံးမှုဟာ တစ်ရာ ကျော်ထိ ရှိလာနေပြီဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */