Friday, December 6, 2019

ဒေါ်အောင်ဆန်းစုကြည်ကို မှားမှားမှန်မှန် ထောက်ခံတာ မဟုတ်ဘဲ အဓိကကျတဲ့အချက်တွေ ထည့်သွင်း အကြံပြု ထား ဟုဆို

B B C
ဘီဘီစီ မြန်မာပိုင်း
05 ဒီဇင်္ဘာ 2019
ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက် ထုချေဖြေရှင်းတယ်ဆိုတာ တိုင်းပြည်အပေါ် တာဝန်ယူမှု တာဝန်သိမှုစိတ်ဓာတ်နဲ့ ကြေညာခဲ့တာ ဖြစ်

အိုင်စီဂျေကို ဦးဆောင်သွားရောက် ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်သားစွာ ထောက်ခံကြိုဆို တယ်လို့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းက ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်စီဂျေမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက် ထုချေ
ဖြေ ရှင်းတယ်ဆိုတာ တိုင်းပြည်အပေါ် တာဝန်ယူမှု တာဝန်သိမှုစိတ်ဓာတ်နဲ့ ကြေညာခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး အပြည်ပြည်ဆိုင်ရာတရားမျှတမှုလူ့စံနှုန်းတွေ၊ အခြေချ နေထိုင်ခွင့်၊ အမည်သညာရရှိပိုင်ခွင့်၊ အသက်ရှင်သန်ပိုင်ခွင့် ဆိုတဲ့ လောကပါလတရားတွေကို အပြည့်အ၀ လိုက်နာနိုင်ဖို့ ကြိုးပမ်းနေတဲ့နိုင်ငံဖြစ်တယ်လို့ ထုတ်ပြန်ချက်အပိုဒ် ၃ မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဂုဏ်သရေရှိတိုင်းပြည်ဖြစ်ဖို့ အခက်အခဲအဟန့်အတားမျိုးစုံကြားကနေ ရုန်းကန်ဆောင်ရွက်နေရ တဲ့ ထွန်းသစ်စနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အမှန်တရားထင်ရှားနိုင်ပါစေ လို့ အဲဒီအဖွဲ့က ဆန္ဒပြုထားပါတယ်။

"ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာ မှားမှားမှန်မှန် ထောက်ခံတာ မဟုတ် ဘူး။ အပိုဒ် ၃ မှာဆိုရင် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များအတိုင်း လူမှန်လို့ရှိရင် အခြေချ နေထိုင်ခွင့်ရှိတယ်။ နာမည်တစ်လုံးရခွင့်ရှိတယ်။ နောက် အသက်ရှင်သန်ခွင့် right to live ဒီအချက်တွေ ကို ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒီအချက်တွေကို ဘယ်တော့မှ ရုတ်သိမ်းလို့မရဘူး လို့ ကျွန်တော်တို့ က ပြောတာ" လို့ ILAM ရဲ့အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါ တယ်။



ဒီလူ့အခွင့်အရေးပဋိညာဉ်စာတမ်းကို တရားရေးဝန်ကြီး ဦးခင်မောင်လတ်က ၁၉၅၆ ခုနှစ်ဝန်းကျင်မှာ လက် မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီစာတမ်းအရ လူသားမျိုးနွယ်စုကိုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံး သတ် ဖြတ်မှုတွေကို မကျူးလွန်ဘူးဆိုတဲ့သဘောဖြစ်တယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့က အိုင်စီဂျေတရားရုံး

တကယ်လို့ ဒီလိုကျူးလွန်မှုတွေ ဖြစ်လာခဲ့လို့ရှိရင်လည်း မြန်မာနိုင်ငံအနေနဲ့ မဖုံးကွယ်ဘူးလို့လည်းယုံကြည် တယ်လို့ ဦးသိန်းသန်းဦးက ဆက်ပြောပါတယ်။

တစ်ဖက် ဂမ်ဘီယာနိုင်ငံဘက်က လိုက်မယ့် ဖိုလီဟော့ဂ်ရှေ့နေအဖွဲ့ဟာ နာမည်ကြီးတဲ့ ရှေ့နေအဖွဲ့ ဖြစ်ပြီး ရှေ့နေပေါင်း ၂၅၀ လောက်ရှိတဲ့အဖွဲ့ဖြစ်တယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဒါ့အပြင် ဒီအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာရေပိုင်နက်အငြင်းပွားတဲ့ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ဘက်က လိုက်ပါ ဆောင်ရွက်ပြီး အနိုင်ရအောင် ရှေ့နေလိုက်ပေးတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ လန် ဒန် မစ်ဒယ်ဆက်က်တက္ကသိုလ်က ဥပဒေပညာရှင် ပါမောက္ခ မစ္စတာ ဝီလျှံရှဘတ်စ် ရှေ့နေလိုက်မယ်လို့ သ တင်းတွေ ထွက်နေပေမယ့် နှစ်ဖက်လုံးက တရားဝင်သတင်းမထုတ်ပြန်သလို ငြင်းဆိုခြင်း လည်းမရှိပါဘူး။

"မြန်မာဘက်က ဘယ်သူလိုက်မယ်ဆိုတာ တရားဝင် သတင်းမထုတ်ပြန်သေးတော့ မသိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြစ်မှုကျူးလွန်သူကတော့ ကျူးလွန်တဲ့အတိုင်း သွားရမှာပါပဲ။ ဒီနေရာမှာ အဓိကျတာက Intend to destroy ချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာ ဟုတ်မဟုတ်အပေါ်မှာ အဓိကထား ပြီးတော့ ကျွန်တော်တို့ မြန်မာပြည်သူ တစ်ရပ်လုံးဟာ ဘယ်သူ့အပေါ်မှာမှ လူမျိုး၊ အသားအရောင်၊ ကိုး ကွယ် တဲ့ဘာသာ ခွဲခြားပြီးတော့ ချေမှုန်းဖို့ စိတ်ဆန္ဒမရှိဘူး ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ထုချေဖြေရှင်း မယ်လို့ မျှော်လင့်ပါတယ်" လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

တရားခွင်မှာ သွားရောက်ရင်ဆိုင်တဲ့အခါ မြန်မာအစိုးရအတွက် အားနည်းချက် ဖြစ်စေတဲ့ အချက်တွေကို လည်း ဦးသိန်းသန်းဦးက ထောက်ပြခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့အဓိကအကျဆုံးအားနည်းချက်ကတော့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ တာဖြစ်တယ်။ တကယ်တော့ ဒီကိစ္စမှာ ကုလသမဂ္ဂရဲ့ Fact-Finding Mission ကို အဝင်ခံခဲ့ရမှာ။ ကိုယ်က ဘာပြစ်မှုမှ ကျူးလွန်မထားရင် ဘယ်သူ့မှကြောက်စရာမရှိပါဘူး။ ဘယ်သူလာစစ်စစ် အချိန်မရွေး အစစ်ခံ နိုင် တယ်။ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့တဲ့အတွက် သံသယတွေဖြစ်ပြီးတော့ အခုအခြေအနေအထိ ဖြစ်လာ တာပဲ" လို့ သူက ဆိုပါတယ်။

တစ်ဖက်ကသက်သေအထောက်အထားတွေ ဘယ်လောက်ထိခိုင်လုံတယ်ဆိုတာတော့ မပြောနိုင်ဘူး လို့ လည်း ဦးသိန်းသန်းဦးက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာကတည်းက ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် အစိုးရက ပြည်ထောင်စုအဆင့်ကော်မတီ ဖွဲ့ဆောင်ရွက်ခဲ့ပါ တယ်။ ဒါ့အပြင် ၂၀၁၆ မှာ ရခိုင်ပြည်နယ်တွင်းပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သလို နိုင်ငံတကာ သံတမန် တချို့ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ ဆောင်ရွက်ခဲ့တာတွေလည်း ရှိပါတယ်။

ဒါပေမဲ့ ဒီအချက်တွေဟာ အိုင်စီဂျေမှာ ရင်ဆိုင်ဖြေရှင်းရာမှာ ထိရောက်တဲ့သက်သေအထောက်အထား ဖြစ် မယ်လို့မထင်ကြောင်း ဦးသိန်းသန်းဦးက ပြောပါတယ်။

ILAM ရဲ့အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး

"အိုင်စီဂျေကပူးပေါင်းဆောင်ရွက်ဖို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က Fact-finding mission ကိုအဝင် မခံ ဘူး။ အဝင်မခံတော့ တစ်ဖက်သတ် စွပ်စွဲခွင့်ရထားတယ်။ ကိုဖီအာနန်ပဲပါပါ ဘယ်သူပဲပါပါ ပြည်တွင်းမှာ စွပ်စွဲခံရသူထောင်တဲ့ကော်မရှင်ကိုတော့ တစ်ဖက်က ယုံကြည်နိုင်ဖွယ်မရှိဘူးလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို အစ္စလာမစ်ပူး ပေါင်းဆောင် ရွက်ရေးအဖွဲ့ အိုအိုင်စီကိုယ်စား ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေတရားရုံးမှာ တရားလိုပြုလုပ် တရားစွဲထား တာဖြစ်ပါတယ်။

ဒီအမှုကို ဒီဇင်ဘာ ၁၀ ရက်ကစတင်ပြီး နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့က အိုင်စီဂျေတရားရုံးမှာ စတင်စစ် ဆေးတော့မှာဖြစ်ပါတယ်။

လင့်၊https://www.bbc.com/burmese/burma-50682210

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */