B B C
ဘီဘီစီ မြန်မာပိုင်း11 ဒီဇင်ဘာ 2019 နိုင်ငံတကာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ကွန်ဗန်းရှင်းချိုး
ဖောက် တယ်ဆိုပြီး ကြားဖြတ်အစီအမံချမှတ်ပေးဖို့ တောင်းဆိုတာကို မြန်မာဘက်က ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် ရှေ့နေ သုံးဦးက လျှောက်လဲ ချေပခဲ့ပါတယ်။
ကြားဖြတ်အစီအမံ ချမှတ်ဖို့တောင်းဆိုတာကို ကြားနာတဲ့ ပထမနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ဂမ်ဘီယာဘက်က လျှောက်လဲခဲ့ပြီး ဒုတိယနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ မြန်မာဘက်က ချေပ လျှောက်လဲတာ ဖြစ်ပါတယ်။
အဲဒီ ကြားနာမှု ဒုတိယနေ့ ပြောကြားချက်တွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး
မြန်မာအစိုးရ ကိုယ်စားပြုအဖွဲ့ကို ဦးဆောင်သူ
"အမှားလုပ်တယ်လို့ စွပ်စွဲခံရတဲ့ စစ်သားတွေကို စုံစမ်းစစ်ဆေးတာ၊ အရေးယူ အပြစ်ပေးတာတွေလုပ်နေတဲ့ အစိုးရ တရပ်မှာ လူမျိုးတုံးစေတဲ့ ရည်ရွယ်လုပ်ဆောင်မှုမျိုး ရှိနိုင်ပါ့မလား။
ဒီမှာအထူးအာရုံစိုက်ပြီးပြောနေတာက တပ်မတော် တပ်ဖွဲ့ဝင်တွေကိုပါ၊ အရပ်သားကျူးလွန်သူတွေရှိရင်လည်း ဥပဒေအတိုင်း ကျခံရမယ့် အရေးယူဆောင်ရွက်မှု လုပ်မယ်ဆိုတာကို ကျွန်မအနေနဲ့ အာမခံပြီးပြောနိုင်ပါတယ်။
ရခိုင်မှာပဲဖြစ်ဖြစ်၊ မြန်မာပြည်ရဲ့ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းနည်းမှ သည်းခံမှာ မဟုတ်ပါဘူး။"
"ဥက္ကဋ္ဌကြီးရှင် တချို့နေရာတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး ကာကွယ်ရေး အဖွဲ့ဝင်တွေက အင်အားကို အချိုးစားပိုလွန်စွာသုံးခဲ့တယ်ဆိုတာ၊ ဒါမှမဟုတ် သူတို့ဟာ အာဆာလက်နက် ကိုင်တွေနဲ့ အရပ်သားတွေကို ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ခဲ့တာတွေ ရှိတယ်ဆိုတာ ဒါမှမဟုတ် အရပ်သား တွေကို လုယက်တာ၊ တိုက်ခိုက်ပြီး ပစ္စည်းတွေဖျက်ဆီးတာကို မကာကွယ်နိုင်ခဲ့တာတွေ မရှိခဲ့ဘူးလို့ မပြော ပါဘူး။
ဒါပေမယ့် ဒါတွေဟာ ရာဇဝတ်မှု ကိုင်တွယ် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။"
"ဂမ်ဘီယာက ကိုးကားထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး လုပ်ပိုင်ခွင့်တချို့က မြန်မာရဲ့ စစ်တပ်တွင်း တ ရာစီရင်မှုက တာဝန်ခံမှု မပေးနိုင်ဘူးလို့ ညွှန်းတာ ရှိပါတယ်။
ဒါဟာ မြန်မာအခြေခံဥပဒေ ပုဒ်မ ၂၀(ခ)ကို ဆန့်ကျင်နေရုံမက စစ်တပ်နဲ့ အရပ်သားအစိုးရတို့ ပူးပေါင်း ဆောင် ရွက်နိုင်ဖို့ ခက်ခဲတဲ့ကြိုးပမ်းမှုတွေကိုပါ အားနည်းစေပါတယ်။
အဲဒီကြိုးပမ်းမှုကတော့ ဒီမိုကရေစီ အပြည့်အဝရအောင် အခြေခံဥပဒေပြင်နိုင်ဖို့ပါ။"
"ကျွန်မတို့ဟာ အာဆာက ကြိုတင်ပူးပေါင်း တိုက်ခိုက်မှုတွေက စတင်ခဲ့တဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခကို ဖြေရှင်းနေရတာပါ။
ဒါကို မြန်မာ့တပ်မတော်က တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ စိတ်မကောင်းစရာက အဲဒီလက်နက်ကိုင် ပဋိပက္ခ ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၃ ခုက သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက် ပေးခဲ့ကြပါတယ်။"
"ကြားဖြတ်အရေးယူဆောင်ရွက်မှုတွေလို့ ဆိုရင် ဂျီနိုဆိုက် ကွန်ဗင်းရှင်းမှာ ဖော်ပြထားတဲ့အတိုင်း လူမျိုးတုံးအောင် ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာကို ဖော်ပြတဲ့ သက်သေအထောက်အထားတွေ ပြသရမှာဖြစ် ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်တယ် ဆိုတဲ့အချက်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူအမြောက်အမြားအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု စတာတွေနဲ့ ကွဲပြားတယ်ဆိုတာ အလွန်အရေးကြီးပါ တယ်။ လူအမြောက်အမြားအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုကို ဒီတရားရုံးက စီရင်ခွင့်မရှိပါဘူး။"
"အိုင်စီစီနိုင်ငံတကာ ရာဇဝတ်မှုခုံရုံးရဲ့ တရားခွင်အကြိုစစ်ဆေးမှု က အတည်ပြုထားတာကလည်း ၂၀၁၇ ခုနှစ်မှာ လူအများအပြား ထွက်ခွာသွားတာဟာ လူတွေကို တနည်းနည်းနဲ့ ဖိအားပေးနှင်ထုတ်တာလို့ ဆို ထားပါတယ်။
အစိုးရသို့မဟုတ် အဖွဲ့အစည်းရဲ့ မူဝါဒဟာ နှင်ထုတ်ရေးကို ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဖိအားပေးနေရာရွှေ့ ပြောင်းခိုင်းတယ်ဆိုတာဟာ လူမျိုးတုံးအောင်လုပ်မှု မမြောက်ပါဘူး။"

ပါမောက္ခ ဝီလျံရှေဘတ်စ်
မြန်မာအဖွဲ့ကိုယ်စားပြု ရှေ့နေ

ခရစ္စတိုဖာ စတိတ်ကာ၊မြန်မာအဖွဲ့ကိုယ်စားပြု ရှေ့နေ
"ဂမ်ဘီယာနိုင်ငံက ရုံးတော်ကို ဒီအမှု တင်သွင်းလျှောက်ခဲ့တာလို့ ဆိုပေမယ့်လည်း တကယ်မှာ ဒီလိုလုပ် ခဲ့တာဟာ အိုအိုင်စီ ရဲ့ ကိုယ်စား တင်သွင်းခဲ့တာပါ။
ဂမ်ဘီယာက အိုအိုင်စီ ရဲ့ အဖွဲ့ဝင်နိုင်ငံ ၊ အိုအိုင်စီရဲ့ ဌာနတခုအကြီးအကဲ စတဲ့ အနေအထားတွေနဲ့ အိုအိုင်စီ က ပေးအပ်တဲ့တာဝန်ကို လုပ်ဆောင်တာပါ။
ဒီတရားရုံးကိစ္စတွေမှာလည်း အိုအိုင်စီ က ရန်ပုံငွေထုတ်ပေးထားပါတယ်။
အိုအိုင်စီ က ဒီနှစ် မတ်လ ကတည်းက ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ လုပ်နေပြီး ဒီ ဂျီနိုဆိုက် ကွန်ဗင်း ရှင်းနဲ့ ဆိုင်တဲ့ စွပ်စွဲချက် လို့ တရားဝင်ညွှန်းဆိုတာ ကို ကျွန်တော်တို့ အစောဆုံးသိရတာက သြဂုတ်လ ထဲမှာပါ။
နောက်ပြီး အခုတရားရုံးစွဲဆိုချက်နဲ့ ပတ်သက်ပြီး ဂမ်ဘီယာ က မြန်မာဘက်ကို စာပို့တဲ့ အောက်တိုဘာ ၁၁ ရက် နေ့မတိုင်ခင် ရက်သတ္တပတ် စောပြီး အခု တရားလိုရှေ့နေအဖွဲ့ကို ဒီတရားစွဲဆိုရေး ကိစ္စတွေပြင်ဆင်ဖို့ ညွှန်ကြားခဲ့ကြတာပါ။"
Link : Here
No comments:
Post a Comment