" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 12, 2019

ကြားဖြတ်အရေးပေါ်အစီအစဉ် လိုအပ်ကြောင်း ဂမ်ဘီယာ လျှောက်လဲ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 ဒီဇင်ဘာ၊ 2019
ဂမ်ဘီယာနိုင်ငံက တရားရေးဝန်ကြီး Aboubacarr Tambadou
 ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ ICJ နိုင်ငံတ ကာ တရားရုံးမှာ ဒီကနေ့ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ၂ ဘက်အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းနေကြပါတယ်။

ICJ မှာ တရားလိုလုပ် တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက ဥပဒေ အကျိုးဆောင်တွေကတော့ ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့ကြောင်းနဲ့ ဒါကိုလည်း ခုခံချေပမယ့် မြန်မာဘက်က ကိုယ်စား လှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက လျှောက်လဲချက်ပေးရာမှာ ငြင်းဆန်ခဲ့တာ မရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိခဲ့ကြောင်းလည်း အလေးထား ထပ်မံပြောဆိုခဲ့သလို၊ အခြေအနေတွေကို ဟန့်တားနိုင်ဖို့ အရေးပေါ် အစီအမံတွေ လိုအပ်ကြောင်းလည်း လျှောက်လဲခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း မနေ့တုန်းကပဲ ICJ မှာ လျှောက်လဲချက်ပေးခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီကနေ့ ကြားနာပွဲ အဆုံးမသတ်ခင်မှာ စွပ်စွဲချက်တွေကို ချေပလိမ့်မယ် လို့လည်း ခန့်မှန်းရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်း ရောက် အဖွဲ့က စီးနင်းတိုက်ခိုက်တာကို မြန်မာစစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာမွတ်ဆလင် အများအပြား သေဆုံး ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတဲ့အပေါ် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှား သူတွေက တိုက် တွန်းခဲ့ကြသလို အခုနောက်ဆုံး ICJ အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူနိုင် ဖို့အထိ ကြိုးပမ်းလာကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ခဲ့တာတွေ၊ ဖော်ထုတ်ဖို့ ကြိုးစားနေတာတွေရှိနေပြီး အရေးယူခဲ့တာတွေရှိခဲ့ကြောင်း လည်း ပြောဆိုထားတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */