ELEVEN
16 November 2019
မင်းနိုင်စိုး
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အ ပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရား စွဲဆိုထားမှုနှင့် ပတ်သက် ၍ နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားသည်။
16 November 2019
မင်းနိုင်စိုး
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမဆောင်၌ နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် အိမ်တာ် သတင်းထောက်များနှင့် တွေ့ဆုံသော သတင်း ထုတ်ပြန်သည့် အခမ်းအနားကို တွေ့ရစဉ်
ရခိုင်အရေးနှင့်ပတ်သက်၍ ICJ တွင် တရားစွဲဆိုလာနိုင်ကြောင်းကို နိုင်ငံတော်အ စိုးရအနေဖြင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းကပင် ကြိုတင်ခန့်မှန်းထားမိပြီး ထိုသို့ ခန့်မှန်းမိသည့်အတွက် ဆောင်ရွက်ရန်ရှိသော ကိစ္စများကို ဆောင်ရွက်နေကာ လတ်တလော ပြော၍ရသည်မှာ နိုင်ငံတကာ ဥပဒေကြောင်း အရ စနစ်တ ကျ လေ့လာသုံးသပ်ပြီး တုံ့ပြန်ရ မည့်ကိစ္စဖြစ်သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။
“နောက် ဒီကိစ္စမှာလည်း နိုင်ငံတကာ ကွန်ဗင်းရှင်းတွေ မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ ကွန်ဗင်းရှင်း တွေ နောက်ဒီ ICJ ရဲ့ Mandate ပေါ့နော်။ ပြီးရင် သူ့ရဲ့ Mandate အပြင် သူ့ရဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ထုံးလုပ် နည်းပေါ့နော်။ နိုင်ငံတကာဥပဒေတွေက အများကြီး ဆက်စပ်ပါတယ်။ ဆက်စပ်မှုတွေ ရှိနေတယ်။ ရှိနေတော့ မြန်မာ နိုင်ငံအနေနဲ့ ဒီကိစ္စကို နိုင်ငံတကာဥပဒေကြောင်းအရပေါ့ နော်။ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ပဲ လုပ်သွားမယ် လို့ ဖြေချင်ပါတယ်”ဟု ဦးဇော်ဌေးက ပြော ကြားသည်။
ICJ သည် ကုလသမဂ္ဂ၏ အပြည်ပြည် ဆိုင်ရာတရားရုံးဖြစ်ပြီး ယခုဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် အ ဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စားဖြစ်ကာ ဘင်္ဂါလီမွတ်စလင် များကို မျိုးတုံးသတ်ဖြတ်သည်ဟူသော စွဲချက်ဖြင့် စွဲ ဆိုခြင်းလည်းဖြစ်သည်။
ထို့ပြင် အာဂျင်တီးနားနိုင်ငံတွင် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခဲ့သည့်ကိစ္စရပ်အား အထူးတလည် ဖြေရှင်းရန် မရှိကြောင်း၊ အာဂျင်တီးနားနိုင်ငံတွင် တရားစွဲဆိုထားမှုသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည် နယ်တွင်ဖြစ်ပွားခဲ့သောကိစ္စများ ပါဝင်ကြောင်း၊ အဆိုပါ တရားစွဲဆိုမှုတွင် ယခင်နိုင်ငံတော် သမ္မတ ဦးသိန်း စိန်၊ သမ္မတဟောင်း ဦးထင်ကျော်၊ လက်ရှိနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင် ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ပါဝင်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
ထို့အတူ ရခိုင်အရေးနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဆုံးဖြတ် ခဲ့သောကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားပြီး အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ICC ၏ မြန်မာနိုင်ငံအပေါ်စုံစမ်းစစ်ဆေးမှုသည် နိုင်ငံတကာဥပဒေ များ နှင့် ညီညွတ်မှုမရှိကြောင်း ဖော်ပြခဲ့ကာ လက်ရှိအချိန်အထိ အစိုးရ၏ သဘောထားသည် အဆိုပါ သတင်း ထုတ်ပြန်ချက်အတိုင်းပင်ဖြစ်ကြောင်းလည်း ဦးဇော်ဌေး က ပြောကြားသည်။
ရခိုင်အရေးနှင့်ပတ်သက်၍ အစိုးရအနေ ဖြင့် နိုင်ငံတကာမှ စိတ်ချယုံကြည်ထိုက်သော ပုဂ္ဂိုလ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ တပ်မတော်ကလည်း စုံ စမ်း စစ်ဆေးရေးခုံရုံးဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အဆိုပါ စုံစမ်းစစ်ဆေးမှုများမှ ရခိုင် ပြည် နယ်မြောက်ပိုင်းဖြစ်စဉ်တွင် ချိုးဖောက်မှုများရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကာ အဆိုပါ အချက် သည် အစိုးရ ၏ မူဝါဒဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြား သည်။
Link : Here
No comments:
Post a Comment