Tuesday, November 26, 2019

ဓာတုလက်နက်သိုလှောင်မှု စွပ်စွဲချက် တပ်မတော် ငြင်း

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သန့်ဇင်ဦး
2019-11-26
၂၀၁၆ ခုနှစ် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြနေစဉ်
Photo: RFA
 

မြန်မာနိုင်ငံထဲမှာ သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဓာတုလက်နက်တွေ သိုလှောင်ထားတာ ရှိကောင်းရှိ နိုင်တဲ့အတွက် စိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန်အစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးက မနေ့ကပြုလုပ် တဲ့ ဓာတုလက်နက်ဆိုင်ရာတားဆီးရေး သဘောတူစာချုပ် OPCW နှစ်ပတ်လည်အစည်းအဝေးမှာ ပြောဆို လိုက် ပါတယ်။

တပ်မတော်ဘက်ကတော့ ဓာတုလက်နက်တွေသိုလှောင်တာရော အသုံးပြုတာရောမရှိဘူးလို့ တုံ့ပြန်လိုက် ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာပြဌာန်းခဲ့တဲ့ ဓာတုလက်နက်တွေ ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုတာကို တား မြစ်တဲ့ သဘောတူစာချုပ် CWC ကို ၂၀၁၅ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထားထားတဲ့ ၁၉၁ နိုင်ငံမြောက် နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၈၀ လောက်ကတည်းက နိုင်ငံထဲမှာ ဓာတုလက်နက်တွေ သိုလှောင်ထားတာဖြစ်နိုင်ခြေရှိ တယ် လို့ အမေရိကန်အစိုးရရဲ့အကြီးတန်းအရာရှိက သောမတ်ဒီနန်းနိုက ပြောဆိုခဲ့တာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဓာတုဗေဒ ပစ္စည်းတွေ သိုလှောင်ထားလည်းမရှိသလို ထုတ်လုပ်ဖို့လည်းမရှိကြောင်းနဲ့ အသုံးပြုတာလည်းမရှိဘူးလို့ ပြောပါတယ်။

သောမတ်ဒီနန်းနိုကတော့ မြန်မာနိုင်ငံအနေနဲ့ ဓာတုလက်နက်ပစ္စည်းတွေကို ဖျက်ဆီးလိုတယ်ဆိုရင် အမေ ရိကန်နိုင်ငံက ကူညီဖို့အသင့်ရှိကြောင်း ပြောပါတယ်။

အခုလိုစွပ်စွဲတာတွေဟာ အမေရိကန်နိုင်ငံရဲ့ အစီအစဉ်တွေထဲက နိုင်ငံရေးအရ ဖိအားပေးမှုတစ်ရပ် သာဖြစ် တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆိုပါတယ်။

ဓာတုလက်နက်တွေရှိလား မရှိလား မသိတဲ့အတွက် မှတ်ချက်ပေးဖို့ ခက်ပေမယ့် စစ်မြေပြင်မှာသုံးတဲ့ အထောက် အထားမတွေ့ဘဲ စွပ်စွဲရုံလောက်နဲ့တော့ ဘာမှမဖြစ်နိုင်ဘူးလို့ နိုင်ငံရေး စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

စစ်အစိုးရလက်ထက် ကရင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို တိုက်ခိုက်ခဲ့တုန်းကလည်း ဓာတုဗေဒ လက် နက်တွေကို အသုံးပြုခဲ့တယ်လို့ လန်ဒန်အခြေစိုက် ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့က ၂၀၀၅ ခုနှစ်မှာ စွပ်စွဲခဲ့ဖူးပါတယ်။

ဒါအပြင် ၂၀၁၃ ခုနှစ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြမှုဖြစ်စဉ်မှာ ဆန္ဒပြသူတွေရဲ့ အရေ ပြားတွေ မီးလောင်အောင် ဓာတုဗေဒပစ္စည်း ဖော့စရက်တွေအသုံးပြုပြီး ဖြိုခွင်းခဲ့တယ်လို့ စွပ်စွဲခံထားရသလို ၂၀၁၄ ခုနှစ်မှာလည်း ပေါက်မြို့မှာ ဓာတုဗေဒလက်နက်စက်ရုံ တည်ဆောက်နေတယ်ဆိုပြီး သတင်းဖော် ထုတ် ရေးသားခဲ့တဲ့ ယူနတီသတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တဲ့အတွက် နိုင်ငံတကာ ရဲ့ဝေဖန်မှုနဲ့ သံသယဖြစ်မှုတွေနဲ့ ကြုံတွေခဲ့ရဖူးပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */