VOA
မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက်သုံးစွဲမှုတားမြစ်ရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက်ကို လိုက်နာမှု မရှိတဲ့အပေါ် စိုးရိမ်မကင်းဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပေမယ့်၊ မြန်မာအနေနဲ့ ဓါတုလက်နက် သိုလှောင်တာ ထုတ်လုပ်တာ ထုတ်ဖို့ ရည်ရွယ်တာမျိုး တခုမှ မရှိဘူးလို့ မြန်မာတပ်မတော် ဘက်က တုံ့ပြန်ထားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ပြောပြမှာပါ။
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
26 နိုဝင်ဘာ၊ 2019
သားညွန့်ဦး
26 နိုဝင်ဘာ၊ 2019
သတင်းဓါတ်ပုံ- ၂၀၁၅ တုန်းက နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့က ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေး အဖွဲ့ဝင် နိုင်ငံတွေရဲ့ ၇၉ ကြိမ်မြောက် အစည်းအဝေးပွဲ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်။
ဓါတုလက်နက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ စိုးရိမ်စရာနိုင်ငံဖြစ်လာတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Thomas DiNanno က နယ်သာလန်နိုင်ငံ the Hague မှာရှိတဲ့ ဓါတုလက်နက်တားမြစ်ရေးဆိုင်ရာအဖွဲ့ကြီးရဲ့ ၂၄ကြိမ်းမြောက်အဖွဲ့ဝင်နိုင်ငံများညီလာခံမှာ ပြောဆို သွားတာပါ။ အဓိ ကအချက်ကတော့ ၁၉၈၀ ခုနှစ်ကာလတုန်းက မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက် အစီ အစဉ်တရပ်လုပ်ခဲ့တဲ့မှတ်တမ်းရှိတာကို ထောက်ပြပြီး၊ အဲဒီကာလတုန်းက ဓါတုပစ္စည်းအကြွင်း အကျန် တွေ ကို ဘယ်လို လုပ်သလဲဆိုတာ ထုတ်ပြန်ပြောဆိုဖို့ မြန်မာဘက်က ပျက်ကွက်နေတယ်ဆိုပြီး ကန် ဒုလက် ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။
“ မြန်မာအနေနဲ့ အဲဒီတုန်းက လုပ်တဲ့ ဓါတုလက်နက်စက်ရုံကို ဖျက်သိမ်းလိုက်ပြီလားဆိုတာနဲ့ အဲဒီ ဓါတု လက်နက်အစီအစဉ်ဟောင်းနဲ့ပတ်သက်လို့ ကြေညာပြောဆိုဖို့ ပျက်ကွက်တာကြောင့် CWC သဘောတူညီ ချက်အတိုင်း လိုက်နာမှုမရှိဘူးလို့ အမေရိကန်ပြည်ထောင်စုက သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၈၀ ကာလတုန်းက ကန့်ပါတဲ့ ဓါတုပစ္စည်းထုတ်လုပ်မှုနဲ့ ဓါတုလက်နက်စက်ရုံအပါအဝင် ဓါတုလက်နက်အစီ အ စဉ် တခုလုပ်ခဲ့တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက သိထားပါတယ်။ မှတ်တမ်းအရရှိတဲ့ ဒီစက်ရုံမှာ ဓါတုပစ္စည်းတွေ အစုအပြုံလိုက်ရှိနေနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုက ဒါကို အလေးအနက်ထား စိုးရိမ်မကင်းဖြစ်ရပါတယ်။”
မြန်မာစစ်တပ်ရဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မြန်မာ့ တပ်မ တော်အနေနဲ့ ဓါတုလက်နက်အပြင် NBC လို့ခေါ်တဲ့ နျူကလီးယား ဇီ၀ လက်နက်တွေ ထုတ်ဖို့ ရည် မှန်းချက် လုံးဝမရှိဘူးလို့ ဗွီအိုအေကို တုံ့ပြန်ခဲ့ပါတယ်။
“ဓါတုလက်နက်နဲ့ ပတ်သက်ပြီး သိုလှောင်တာတွေ၊ အသုံးပြုတာတွေ၊ထုတ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတာတွေ မရှိပါဘူး။ ဓါတုလက်နက်အပြင် NBC ပေါ့လေ ဇီ၀ လက်နက်နဲ့ ပတ်သက်တာတွေ ရော ခုနပြောတဲ့ သိုလှောင် တာ ထုတ်လုပ်တာ ရည်ရွယ်ချက်ရှိတာ၊ အသုံးပြုတာမျိုး မရှိပါဘူး။ ကျနော်တို့အနေနဲ့က ၂၀၁၅ CWC ကို လက်မှတ် ထိုးပြီးသားဖြစ်ပါတယ်။ အဲဒီ လက်မှတ်မထိုးခင် အချိန်ကာလမှာ ၊ လက်မှတ်ထိုးပြီး အချိန်ကာလမှာ ကျနော်တို့ ဆောင်ရွက်ခြင်းမရှိပါဘူး။”
၁၉၈၀ ကာလတုန်းက ဓါတုလက်နက်စက်ရုံနဲ့ပတ်သက်လို့ အချက်အလက်ကတော့ သူ့အနေနဲ့ သိထား တာမရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတော့ သူတို့ရဲ့ စိုးရိမ်မကင်းဖြစ်မှုနဲ့ပတ်သက်လို့ မြန်မာအစိုးရကိုရော မြန်မာစစ်တပ် တာဝန်ရှိသူတွေကို ပါ အသိပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
“ဒီ စိုးရိမ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၁၉ ဖေဖော်ဝါရီလကတည်းကစလို့ မြန်မာ အစိုးရနဲ့ရော မြန်မာစစ်ဘက်နဲ့ပါ တိုက်ရိုက်တွေ့ဆုံပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။ အရင်ကရှိခဲ့တဲ့ ဒီအစီ အစဉ်နဲ့ပတ်သက်လို့ OPCW ကို ကြေညာပြောဆိုဖို့၊ လက်နက်ဖြစ်လာနိုင်တဲ့ ဒီပစ္စည်းတွေကို ဖျက်သိမ်းဖို့ ၊ CWC သဘော တူညီချက်အတိုင်း လိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပါ တယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် မြန်မာအနေနဲ့ နိုင်ငံတကာနဲ့ ပိုပြီး ထဲထဲ ဝင်ဝင်ဆက်ဆံလာနိုင်ဖို့၊ သ ဘောတူညီချက်ကို လိုက်နာဖို့နဲ့ နိုင်ငံတကာလက်နက်ဖျက်သိမ်းရေးကြိုးမမ်းမှုတွေမှာ ပါဝင်ဖို့ အခွင့် အ လမ်း ဖြစ်လာမှာပါ။ ဒီအတွက် မြန်မာဖက်က လုပ်ဆောင်မှုတွေမှာ လိုအပ်တဲ့ နည်းပညာဆိုင်ရာ အကူ အ ညီတွေပေးတာမျိုး အမေရိကန်ဖက်က အကူအညီပေးသွားဖို့ အဆင်သင့်ရှိပါတယ်။”
မြန်မာဘက်က CWC ဓါတုလက်နက်တားမြစ်ရေးဆိုင်ရာသဘောတူညီချက်ကို မလိုက်နာဘူးဆိုတဲ့ အမေရိ ကန်အစိုးရဘက်က စွပ်စွဲချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရကတော့ တစုံတရာ တုံ့ပြန်တာမရှိသေးပါဘူး။ အခုကျင်းပနေတဲ့ OPCW ညီလာခံမှာပဲ မြန်မာကိုယ်စားလှယ်အနေနဲ့ ဒါကိုတုန့်ပြန်ဖြေရှင်းမယ်လို့တော့ မျှော်လင့်ရပါတယ်။ မြန်မာစစ်တပ်ဟာ ဓါတု လက်နက်တွေ ထုတ်လုပ်နေကြောင်း သတင်းရေးသား ခဲ့တာ ကြောင့် ဇူလိုင် ၂၀၁၄ ခုနှစ်တုန်း သတင်းထောက် ၅ ဦးဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရပါ တယ်။ ဒါပေမယ့် တပ်မတော်ပြောခွင့်ရသူကတော့ မြန်မာစစ်တပ်က ဓါတုလက်နက်စက်ရုံ တည်တယ်ဆိုတဲ့ သတင်းမမှန်သလို၊ အဲဒီ ပြစ်ဒဏ်ပေးမှုဟာလည်း ကန့်သတ်နယ်မြေထဲ ကျူးကျော်ဝင်ရောက် တာကြောင့် ဥပဒေအရ အရေးယူတာလို့ ဗွီအိုအေကို တုံ့ပြန်ခဲ့ပါတယ်။

Link : Here
No comments:
Post a Comment