Wednesday, November 20, 2019

နိုင်င်ငံတကာ တရားစွဲဆိုချက် ပြဿနာဖြေရှင်းပေးမှာ မဟုတ် ကြောင်း ဥပဒေပညာရှင် ထောက်ပြ

VOA 
ဗွီအိုအေ (မြန်မာဌာန
အင်ကြင်းနိုင်
20 နိုဝင်ဘာ၊ 2019  
 ပါကစ္စတန်နှင့် အိန္ဒိယကြား ICJ တွင် တရားရင်ဆိုင်သည့် မြင်ကွင်းတခု။ (ဇူလိုင် ၁၇၊ ၂၀၁၉) (ဓာတ်ပုံ - ICJ) 
 
နိုင်ငံတကာမှာ ဘယ်လို တရားစွဲဆိုမှုကနေမဆို ထွက်လာမယ့် ဥပဒေကြောင်းအရ စစ်ဆေး တွေ့ရှိချက် တ ခုဟာ ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ဘူးဆိုတာ သိရှိနားလည်ထားဖို့ သိပ်အရေးကြီးပါတယ်လို့ နိုင်ငံတ ကာဥပဒေရေးရာကျွမ်းကျင်သူ ဥပဒေ ပါမောက္ခတဦးက ဗွီအိုအေကိုပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတာကို ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ စတင်ကြားနာဖို့ရှိနေချိန်မှာပဲ ပါမောက္ခ Mark Drumbl က အခုလိုပြောတာပါ။ ဆက်သွယ် မေးမြန်းထား တဲ့ မအင်ကြင်းနိုင်က ပြောပြပါမယ်။

နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ICJ နိုင်ငံတကာတရားရုံးမှာ ဒီဇင်ဘာလ (၁၀)ရက်နေ့ကနေ (၁၂) ရက်နေ့ ထိ အများပြည်သူရှေ့ ကြားနာစစ်ဆေးရာမှာ- ဂမ်ဘီယာက အရေးပေါ် တောင်းဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် နောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် ICJ တရားရုံးအနေနဲ့ ယာ ယီ အမိန့်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တားမြစ်ဖို့ ဆိုတဲ့ အချက်ဟာ အဓိကဖြစ်တယ်လို့ တနင်္လာနေ့က ထုတ် ပန်တဲ့ ICJ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို ICJ အနေနဲ့ မြန်မာအစိုးရအပေါ် တားမြစ်တဲ့ ယာယီအမိန့် ထုတ်ပြန်ဖို့ စီရင်ပိုင်ခွင့်ရှိပေမယ့် နိုင်ငံတ ကာတရားရုံးတွေရဲ့ အမိန့်ဆုံးဖြတ်ချက်မျိုးဆိုတာ အကြပ်အတည်း ပြဿနာတွေကို ဖြေရှင်းပေးဖို့ မဟုတ် ဘူး ဆိုတဲ့ အချက်ကို အသိအမှတ်ပြုဖို့က အလွန် အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စု ဗာဂျီးနီး ယားပြည်နယ်က Washington and Lee တက္ကသိုလ် ဥပဒေ ပါမောက္ခ Drumbl က ဗွီအိုအေကို အခုလိုပြော ပါတယ်။

“ICJ နိုင်ငံတကာတရားရုံးအနေနဲ့ ယာယီတားမြစ်မိန့် ထုတ်ပြန်ဖို့ စီရင်ပိုင်ခွင့်ရှိသလို ဒီလို တားမြစ်မယ့် ကိစ္စတွေဟာ အချိန် အကန့်အသတ်နဲ့ဖြစ်ပါတယ်။ ကြီးမားတဲ့အမှုတွေ တင်သွင်းလျောက်ထားချိန် အခုလို မြန်မာကို ဂမ်ဘီယာက တရားစွဲတဲ့ ကိစ္စမှာ ICJ တရားရုံးအနေနဲ့ လူမျိုးတုန်းသတ်ဖြတ် ကျူးလွန်မှု ဖြစ်ခဲ့သ လား မဖြစ်ခဲ့ဘူးလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ ကုစားမှုအများ အပြားထဲက အလွန်သေးငယ်တဲ့ အစိတ်အပိုင်းအဖြစ်ပဲရှိနေတာပါ။ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ် ဆိုတာ တရားရုံးအနေနဲ့ ကြေညာနိုင်ပါတယ်။ သီအိုရီ အရဆိုရင် အပြစ်ကျူးလွန်တဲ့ နိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ထိ ခိုက်မှုတွေ ရင်ဆိုင် ကြုံတွေရနိုင်ပါတယ်။ ဒါပေမယ့် အခု ဒီဇင်ဘာ လ မှာ ပြုလုပ်မယ့် ပဏာမကြားနာစစ်ဆေးမှုမှာတော့ ဒီလို အခြေအနေမျိုး ရောက်လာအုံးမှာ မဟုတ်သေး ပါဘူး။ ကာကွယ်တားဆီးဖို့ဆိုတဲ့ အပိုင်းကိုပဲ တရား ရုံးက စီရင်ဆုံးဖြတ်အုံးမယ်လို့ပဲ ကျနော်ထင်ပါတယ်။ မေးခွန်းမေးတဲ့အထဲမှာ ပါသလိုမျိုး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအတွက်တော့ မျှော်လင့်ချက်ကြီးကြီးမားမား ထားလို့မရဘူးဆိုတာ အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ နိုင်ငံ တကာဥပဒေ ဘက်က လူမျိုးတုန်းသတ် ဖြတ်မှု မြောက်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ သတ်မှတ်ကြေညာပေးဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဒါပေ မယ့် နိုင်ငံတကာ တရားစီရင်ရေးရဲ့ ဥပဒေကြောင်းအရ စစ်ဆေးတွေ့ရှိချက်မျိုးဟာ ပြဿနာ အကြပ်အ တည်း ကို ဖြေရှင်းပေးမှာမဟုတ်ဘူးဆိုတာ နားလည်ထားဖို့ သိပ်အရေးကြီးပါတယ်။ လူ့အခွင့်အရေး ချိုး ဖောက်မှုကို ရင်ဆိုင်ကြုံတွေ့ရတဲ့ နာကျင်မှုအားလုံးကိုတော့ ဖြေရှင်းကျော်လွှားပေးနိုင်မှာ မဟုတ်ပါဘူး။”

အင်ကြင်းနိုင် ။ ။ ဒါဆိုရင် ICJ တရားရုံးက ဂမ်ဘီယာက မြန်မာကို စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တား ဆီး၊ အပြစ်ပေးရေး စာချုပ် ချိုးဖောက်မှုဆိုတဲ့ အမှုကို ဘယ်လိုမျိုး ဆက်လက်ကိုင်တွယ် စီရင်ဖို့ရှိမလဲ။

ပါမောက္ခ Drumbl ။ ။ ဒီနေရာမှာ နောက်ထပ် အလွန်အရေးကြီးတဲ့ မေးခွန်းကတော့ ဒီအမှုမှာ ICJ တရားရုံး အနေနဲ့ လက်တွေ့တရားစီရင်ပိုင်ခွင့် ရှိမရှိဆိုတဲ့အချက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာက ဖြစ်ခဲ့တဲ့ အရေး ကြီးတဲ့ အမှုကို တရားရုံးက စီရင်ခဲ့တာတော့ရှိခဲ့ပါတယ်။ ICJ နိုင်ငံတကာတရားရုံးမှာ ဘော့စနီးယားက ဆာ ဗီးရားနိုင်ငံကို စွဲတဲ့အမှုမှာ ဆာဗီးရားကို ICJ အနေနဲ့ တရားစီရင်ပိုင်ခွင့်ရှိမရှိ အငြင်းပွားခဲ့ဘူးပါတယ်။ ဆာ ဗီးရား အစိုးရအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဘော့စနီးယာက ICJ တရားရုံးမှာ အမှုစွဲ တင်ခဲ့ချိန်က သူ့မှာ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ICJ က ဆုံးဖြတ်ခဲ့တာပါ။ ဒီစီရင်ချက်က လက်ရှိအမှု မတိုင် ခင်ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ တရား ရုံးအစဉ်အလာ တခုဖြစ်တယ်လို့ ပြောရမှာပါ။ ဒါကိုကြည့်မယ်ဆိုရင် လူမျိုး တုန်းသတ်ဖြတ်မှု တားဆီးရေးစာချုပ်ကို ချိုးဖောက်မှုဆိုတဲ့ စွဲချက်အပေါ်မှာ တရားစီရင်ဆုံး ဖြတ်ပိုင်ခွင့်ရှိ တယ်လို့ ICJ တရားရုံးအနေနဲ့ သူကိုယ်တိုင် သတ်မှတ်ထားမယ်လို့ ကျနော်မြင်ပါတယ်။

ICJ တရားရုံးမှာ ဒီဇင်ဘာလ (၁၀) ရက်ကနေ (၁၂)ရက်နေ့ ထိ ပဏာမကြားနာစစ်ဆေးပွဲအတွက် ဘယ်လ်ဂျီ ယန်နိုင်ငံက မြန်မာသံရုံးကနေ နေပြည်တော်မှာရှိတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဆောင်ရွက်နေ ကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ Brussels မှာရှိတဲ့ မြန်မာသံရုံးကနေတဆင့်ပေါ့ ။ သူတို့ အဲဒီဘက်ကနေပြီးတော့ ဆက်ပြီးတော့ လုပ်မယ် ဆိုတော့ ကျနော်တို့ ဒီဘက်ကတော့ ဘာမှ အသေးစိတ်တော့ သိမှာမဟုတ်ဘူးလေ။ ဟိုဘက်ကပဲ ဌာနချုပ်နဲ့ Brussels ကနေတဆင့်လုပ်ဖို့ရှိပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုတဲ့ မြန်မာအစိုးရဘက်က လိုက်ပါဆောင်ရွက်မယ့် နိုင်ငံ တကာရှေ့နေအဖွဲ့အစည်းကို အတိအကျမသိရသေးပေမယ့် အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ကိုယ်စားပြုပြီး အမှုစွဲတင်ထားတဲ့ ဂမ်ဘီယာနိုင်ငံအတွက် အမေရိကန် ဥပဒေအကြံပေးအဖွဲ့ Foley Hoag နဲ့ ဗြိတိန်နိုင်ငံက ရှေ့နေတချို့ လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။ 

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */