" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 7, 2019

ထိပ်သီးလေးနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခြင်း

KUMUDRA
ဆောင်းပါးများ ဘကြီးမိုး
7 Nov 2019 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်သည်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ကျင်းပ ခဲ့သည့်  အာဆီယံ  ထိပ်သီးအစည်းအဝေးကို  တက်ရောက်ခဲ့ပြီး  ကမ္ဘာ့ထိပ်သီး လေးနိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယတို့နှင့် တွေ့ဆုံခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် အမျိုးသားလုံ ခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘာရန်နှင့် နိုဝင် ဘာ  ၄   ရက်နေ့တွင် သီးသန့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံခဲ့ရာတွင် အမေရိကန်ဘက်မှ  ရခိုင်ပြည်နယ်မြောက်ပိုင်းမှ  လူ့အခွင့်အရေးနှင့်  ဘင်္ဂလားဒေ့ရှ်တွင်ရောက် ရှိနေသည့်ရိုဟင်ဂျာ   ခုနစ်သိန်းကျော်    နေရပ်ပြန်နိုင်ရေး၊   မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊  နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး   စသည့်အချက်များကို ပြောဆိုခဲ့သည်။  

 ဒေါ်အောင်ဆန်းစုကြည်မှ ရုရှားနိုင်ငံမှ ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင်  အမေရိကန်လို  လူ့အခွင့်အရေးကိစ္စများ ထက်  စီးပွားရေးကိစ္စများကို  အသားပေးဆွေးနွေးမှုများ ရှိခဲ့သည်။

မြန်မာ-ရုရှားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊စွမ်းအင်၊စက်မှု၊မြို့ပြလေကြောင်း၊ပညာရေး ကဏ္ဍအပါ အဝင်  မြန်မာ-ရုရှား ကုန်သွယ်ရေးစသည့် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်  အ စည်း အဝေးကို နေပြည်တော်တွင်   ကျင်းပသွားမည်ဟု  အစိုးရထုတ်ပြန်ချက်တွင်  ဖော်ပြထား သည်များ ကိုဖတ်ရှုရသည်။  မြန်မာရုရှား ကုန်သွယ်ရေးနှင့် စီးပွားရေးကော်မရှင် အစည်းအဝေးကို  နေပြည် တော် တွင် ကျင်းပဖို့ ပြဋ္ဌာန်းသည့်ကိစ္စသည်  အနောက် နိုင်ငံ ဈေးကွက်များကို   မှီခိုနေရမည့်အစား တူရကီ၊  ရုရှားတို့လို ဈေး ကွက်တွေအထိ  တိုးချဲ့ဖို့  ခြေ လှမ်းဖြစ်နိုင်သည်ဟု    ပြန် ကြားရေးဝန်ကြီးဟောင်းကလည်း  သုံးသပ်ထား သည်။

အာဆီယံနိုင်ငံနှင့် အဓိကနိုင်ငံကြီးများ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံအနေနှင့်  အဓိကဖြေရှင်းခဲ့ရသည့်  ပြ ဿနာနှစ်ခု   ရှိ သည်။  

တစ်ခုက မြန်မာနိုင်ငံမှာ  ရင်းနှီးမြှုပ်နှံ မှုများ  ဝင်ရောက်ဖို့   ဖိတ်ခေါ်သည့်   စီးပွားရေးပြဿနာနှင့်  ဒုတိယတစ်ခုမှာ လူ့အခွင့်အရေးပြဿနာနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသည့် ဒုက္ခသည်များ ၏ပြဿနာများ ဖြစ်သည်။

ယင်း ပြဿနာများသည် ဆွေးနွေးပွဲများတွင် ဖြေရှင်းနေကျ ပြဿနာများ ဖြစ်သည်။   

အာဆီယံကုလသမဂ္ဂ  ထိပ်သီး အစည်းအဝေးမှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က  မြန်မာနိုင်ငံအနေနှင့်နေရပ် စွန့်ခွာသူများ  မိမိဆန္ဒအလျောက်  ဘေးကင်း လုံခြုံစွာ ပြန်လာနိုင်ရေးမှာ မြန်မာအစိုးရ၏ တာဝန်ဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်းပြောကြားချက်အပေါ်    နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည် နယ်အရေးဟာ    အလွန်ပဲ သိမ်မွေ့ရှုပ်ထွေးသည့်ကိစ္စဖြစ်သည့် အ တွက်ကြောင့်ကုလသမဂ္ဂ အနေနှင့် သိမ်မွေ့ ရှုပ်ထွေးသည့်အတိုင်းအတာကို အနည်းအကျဉ်းမျှ  သိဖို့  လို အပ် သည်ဟု  ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဟောင်း  ဦးရဲထွဋ်ကလည်း မှန်ကန် ကြောင်း  ထောက် ခံခဲ့သည်။

အိန္ဒိယနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ကြရန်  တိုင်ပင်ဆွေးနွေးကြသည်ဟု  ကြားသိရသည်။  
Author:
မောင်မိုးသူ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */