VOA
ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရ သက်တမ်းထက် ဆယ်ဆလောက် အဲဒီဒေသမှာ ရှိခဲ့ကြတဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ ရှုပ်ထွေးမှုကို အနည်းအကျဉ်း သိထားဖို့ လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို တုံ့ပြန် ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအ သင်း ASEAN ထိပ်သီးခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အဲဒီဆွေးနွေးပွဲအတွင်း ရခိုင် အရေးကိစ္စအပေါ် စိုးရိမ်ကြောင်း၊ ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းဖို့နဲ့ နေရပ် စွန့်ခွာသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှုနဲ့ သိက္ခာရှိရှိ ပြန်လာနိုင်ရေးက မြန်မာအစိုးရရဲ့ တာဝန်ဖြစ် aကြာင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ပြောဆိုခဲ့တာပါ။
ကာကွယ်ပေးရမယ့်သူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုပေးရေးကို မြန်မာအစိုးရအနေနဲ့ ရှောင်လွှဲမှာ မဟုတ် aကြာင်း၊ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံသွားမယ် ဆိုတာကို မြန်မာဘက်က ကတိပြုထားပြီး ဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှုရှိရှိ ပြန်လာနိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေမှာ ကူညီပံ့ပိုးတဲ့ အတွက် အာဆီယံအဖွဲ့ကို ကျေးဇူးတင် ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရခိုင်ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်မလိုက်ဘဲ မျှမျှတတ ချဉ်းကပ် ကူညီပေးသူတွေရဲ့ အကူအညီနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်မယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
04 နိုဝင်ဘာ၊ 2019
၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး
အစည်းအဝေး တက်ရန် ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား
ထိုင်းဒုတိယဝန်ကြီးချုပ် Anutin Charnvirakul က လေဆိပ်တွင် ကြိုဆိုနေစဉ်။
(နိုဝင်ဘာ ၁၊ ၂၀၁၉)
ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရ သက်တမ်းထက် ဆယ်ဆလောက် အဲဒီဒေသမှာ ရှိခဲ့ကြတဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ ရှုပ်ထွေးမှုကို အနည်းအကျဉ်း သိထားဖို့ လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို တုံ့ပြန် ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအ သင်း ASEAN ထိပ်သီးခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အဲဒီဆွေးနွေးပွဲအတွင်း ရခိုင် အရေးကိစ္စအပေါ် စိုးရိမ်ကြောင်း၊ ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းဖို့နဲ့ နေရပ် စွန့်ခွာသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှုနဲ့ သိက္ခာရှိရှိ ပြန်လာနိုင်ရေးက မြန်မာအစိုးရရဲ့ တာဝန်ဖြစ် aကြာင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ပြောဆိုခဲ့တာပါ။
ကာကွယ်ပေးရမယ့်သူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုပေးရေးကို မြန်မာအစိုးရအနေနဲ့ ရှောင်လွှဲမှာ မဟုတ် aကြာင်း၊ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံသွားမယ် ဆိုတာကို မြန်မာဘက်က ကတိပြုထားပြီး ဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှုရှိရှိ ပြန်လာနိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေမှာ ကူညီပံ့ပိုးတဲ့ အတွက် အာဆီယံအဖွဲ့ကို ကျေးဇူးတင် ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရခိုင်ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်မလိုက်ဘဲ မျှမျှတတ ချဉ်းကပ် ကူညီပေးသူတွေရဲ့ အကူအညီနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်မယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
No comments:
Post a Comment