Tuesday, November 26, 2019

မြန်မာနိုင်ငံမှာ ဓါတုလက်နက်တွေ သိုလှောင်ထားတယ်လို့ အမေရိကန်စွပ်စွဲ

VOM
သည်ဟိဂ်၊ နိုဝင်ဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံဟာ ဓါတုဗေဒလက်နက်တွေကို တားမြစ်ပိတ်ပင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုး ဖောက်နေပြီး ၁၉၈၀ ပြည့်နှစ်တွေအတွင်းက ဓါတုလက်နက်တွေကို သိုလှောင်ထားဖွယ်ရှိတယ်လို့အမေ ရိကန်က နိုဝင်ဘာ ၂၅ ရက်မှာပြောဆိုလိုက်ပါတယ်။

Mustard gas လို့ခေါ်တဲ့ လူ့အရေပြားကိုလောင်ကျွမ်းစေနိုင်တဲ့အရာတွေကိုထုတ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံက သမိုင်း ဝင် စက်ရုံ တစ်ရုံမှ အဲဒီပစ္စည်းတွေရှိနေနိုင်သေးတယ်လို့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာကျင်းပတဲ့  ဓါတုလက် နက် ထိန်း ချုပ်တားမြစ်ရေးအဖွဲ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အမေရိကန်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

မြန်မာနိုင်ငံဟာ ဓါတုလက်တွေ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနဲ့ အသုံးပြုခြင်းတွေကို ပိတ်ပင်ထားတဲ့ ဓါတုလက် နက် ကွန်ဗင်းရှင်း (CWC) ကို ၂၀၁၅ ခုနှစ်မှာ တရားဝင် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဓါတုလက်နက်ထုတ်လုပ်ရေး သမိုင်းဝင်စက်ရုံမှာ ဓါတုလက်နက်တွေ သိုလှောင်သိမ်းဆည်း ထား နိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ လွန်စွာစိုးရိမ်ပူပန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာန ထိပ် တန်းတာဝန်ရှိသူ သောမက်ဒီနန်နိုက အစည်းအဝေးမှာပြောပါတယ်။

ဆာလဖာဓါတ်ငွေ့အစီအစဉ်နဲ့ ဓါတုလက်နက်တွေ ထုတ်လုပ်တဲ့ စက်ရုံအပါအဝင် ၁၉၈၀ပြည့်နှစ်တွေအ တွင်း ဓါတု လက်နက်အစီအစဉ်တစ်ခု ရှိခဲ့တယ်ဆိုတာကို မိမိတို့ သတင်းရရှိထားကြောင်း၊ ယခင်ကရှိထားခဲ့ တဲ့ လက်နက် အစီ အစဉ်ကို မကြေညာခြင်းနှင့် လက်နက်စက်ရုံကို မဖျက်စီးခဲ့တာကြောင့် CWC သဘော တူညီချက်ကို မြန်မာ နိုင်ငံက မလိုက်နာဘူးဆိုတာကို ရရှိထားတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး အမေရိကန်က သတ်မှတ်ထား ကြောင်း သူကပြောပါတယ်။

ဓါတုလက်နက်အသုံးပြုမှုနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေကို ယခင်ကလည်း မြန်မာနိုင်ငံရင်ဆိုင်ခဲ့ရဖူးပါတယ်။ နိုင် ငံမြောက်ပိုင်းက ကြေးနီသတ္တုတွင်းတစ်ခုမှာ ဆန္ဒပြသူတွေကိုဖြိုခွဲရာမှာ ဖော့စ်ဖရက်အသုံးပြုခဲ့ကြောင်း ၂၀၁၃ ခုနှစ် ပါလီမန်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Ref : Japan Time Photo : Reuters
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */