ဘီဘီစီ မြန်မာပိုင်း
28 နိုဝင်ဘာ 2019
နယ်သာလန် နိုင်ငံမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ လုပ်မယ့် ကြားနာပွဲဟာ ဂမ်ဘီယာဘက် က ICJ ကို တင် ထားတဲ့အထဲက ကြားဖြတ်အရေးယူဆောင်ရွက်မှု Provisional Measures တွေ မြန်မာဘက်က လိုက်နာ ဖို့ လိုမလို ဆုံးဖြတ်ဖို့ အဓိက ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီမှာ ICJ ကို ဂမ်ဘီယာ ဘက် ကတောင်းထားတာ နှစ်မျိုးဖြစ်ပြီးတော့ အကြမ်းဖက်မှု သတ်ဖြတ်မှု တွေ ရှိရင် ဆက်မလုပ်ဖို့ နဲ့ ဒုတိယ အချက် ကတော့ သက်သေ အထောက်အထားတွေကို မဖျက်ဆီးဘဲ ထိမ်း သိန်း ထားဖို့ ဖြစ်တယ်လို့ Harvard Law School မှာ နိုင်ငံတကာ ဥပဒေတွေကို သင်ကြားပေးနေတဲ့ ကထိက ဒေါ် ရည်မွန်ထွန်းက ဘီဘီစီကို ပြောပါတယ်။
အရပ်သားတွေ အပေါ် ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ အားလုံး မြန်မာနိုင်ငံထဲမှာ ချက်ခြင်းရပ်ရေး အရေး ပေါ် တားဆီးမိန့် တစ်ရပ် ICJ ဘက်က ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာက ထည့်သွင်း လျှောက်ထားခဲ့တာကို ဒီဇင်ဘာ ကြား နာမှုတွေထဲ ICJ က အဓိက အာရုံစိုက် ကြားနာမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။
တရားသူကြီးတွေက ဂမ်ဘီယာဘက်က တင်တာတွေကို ဘာကြောင့်တင်တာတာလဲဆိုတာကို နားထောင် မယ်၊ မြန်မာဘက်က ဒီဟာကို လက်မခံဘူးဆိုရင် ဘာကြောင့် လက်မခံဘူး ဆိုတာကိုလည်း နားထောင် မယ်၊ နောက်ပြီးတော့ ပေးသင့်တယ်ထင်ရင် ပေးလိမ့်မယ်လို့လည်း ဒေါ် ရည်မွန်ထွန်းက ပြောပါတယ်။
အဲဒီ့ ကြားဖြတ်အရေးယူဆောင်ရွက်မှု ကို ဆုံးဖြတ်ဖို့ဟာက ရက်ပိုင်းဖြစ်နိုင်သလို လနဲ့ချီကြာနိုင်ပြီးတော့ တကယ် အမှု ကြီးဖြစ်တဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို မြန်မာ ချိုးဖောက်သလား ဆိုတာကို စစ်ဆေးတာ က တော့ နှစ်နဲ့ချီကြာလိမ့်မယ်လို့ သူကပြောပါတယ်။
အဲဒီ ဒီဇင်ဘာ ကြားနာမှု ၃ ရက် အတွင်းမှာ ဂမ်ဘီယာရော မြန်မာပါ၊ ICJ ရုံးစိုက်ရာ နယ်သာလန် နိုင်ငံ သဟေ့ဂ်မြို့မှာ ရှိတဲ့ ငြိမ်းချမ်းရေးနန်းတော် the Peace Palace ရုံး အဆောက်အအုံမှာ လာရောက် ထွက် ဆိုကြရမှာ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်က ဘယ်အထောက်ထားတွေတင်နိုင်သလဲ
ဂမ်ဘီယာဘက်က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က တွေ့ရှိချက်တွေနဲ့ ဂြိုဟ်တုကရိုက်ထား တဲ့ ဓာတ်ပုံတွေကို တင်ဖို့ရှိပါတယ်။
ဂမ်ဘီယာဘက်ကတင်မယ့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က တွေ့ရှိချက် အချက်အလက်တွေကို မြန်မာက ငြင်းပယ်ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၀၀ ကျော်က လက်ခံထားလို့ တရားရုံးက အလေးအနက်ထားဖို့ ရှိနိုင်တယ်လို့လည်း ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။
မြန်မာဘက်ကလည်း မြန်မာအစိုးရရဲ့ မူဝါဒတွေ အထောက်အထားတွေ ပြည်တွင်းလှုပ်ရှားမှုတွေကို ပြန် လည် တင်ပြလို့ ရနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေမှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူရေး ဆိုင်ရာ နိုင်ငံ တကာ ပဋိညာဉ်ကို မြန်မာ အနေနဲ့ ဝင်ပြီး လက်မှတ်ထိုးခဲ့တဲ့ အချိန်က စလို့ ဒီနေ့အထိ လိုက်နာ ဆောင် ရွက်လျက်ရှိတယ် ဆိုပြီး မြန်မာ နိုင်ငံခြားရေး ဌာနက နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဂမ်ဘီယာက မြန်မာကို တရား စွဲထားတာကို တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ အရေး ကိစ္စဖြစ်တဲ့ အတွက် ပြည်သူလူထု တစ်ရပ်လုံး သွေးစည်း ညီ ညွတ်ကြပါ ဆိုပြီး အဲဒီ ထုတ်ပြန်ချက်ထဲ တိုက်တွန်းထားပါတယ်။

ဂမ်ဘီယာစွဲတဲ့ ဂျီနိုဆိုက်ဆိုတာကို ဘယ်လိုသတ်မှတ်သလဲ
ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေမှု တားဆီးရေးက တကမ္ဘာလုံးနဲ့ ပတ်သက်ပြီးတော့ ဒီအချက်ကို လိုက်နာပါမယ်လို့ မြန်မာနိုင်ငံက လက်မှတ်ထိုးခဲ့ပါတယ်။
လူမျိုးတစ်မျိုးလုံး ပြုန်းအောင် သတ်ဖြတ်မှု တခုတည်းက ဂျီနိုဆိုက် မဟုတ်ပါဘူ၊ လူမျိုးထဲက အရေအ တွက်တချို့ကို သတ်ဖြတ်မှုကလည်း ဂျီနိုဆိုက်ဖြစ်ပါတယ်လို့ ဒေါ်ရည်မွန်ထွန်းက ဘီဘီစီကို ပြောပါတယ်။
၁။ အဖွဲ့အစည်း လူမျိုးတစ်မျိုး အဖွဲ့တစ်ဖွဲ့ ရဲ့ လူတချို့ကိုသတ်ရင်
၂၊ အဲဒီလူမျိုးအစုအဖွဲ့ ကို စိတ်ထိခိုက်နာကျင်အောင်လုပ်ရင်
၃။ တမင်သက်သက်သိလျက်သားနဲ့ အဲဒီလူမျိုးအစုဖွဲ့ တွေ ဘဝရပ်တည်ရေးကို ခက်ခဲအောင်လုပ်ထားရင်၊ ဘဝထူထောင်လို့ ရအောင် မလုပ်ရင်
၄ ။ လူမျိုး မပွားနိုင်အောင် ဥပဒေတွေနဲ့ ချုပ်ထားရင်
၅။ တမင်သက်သက် သူတို့ရဲ့ ကလေးတွေကို သီးခြားခွဲထုတ်ထားရင်
စတဲ့အချက်တွေက ဂျီနိုဆိုက် ဖြစ်တယ်လို့လည်း ဒေါ်ရည်မွန်ထွန်းကပြောပါတယ် ။
အဲဒီသတ်မှတ်ချက်ထဲက အချက်အလက်အချို့ ငြိတာနဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးပြုန်းတီးစေ မှုကို တားဆီးရေးချိုးဖောက်တယ်လို့ ပြောလို့ရတယ်လို့ ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။
ကြားဖြတ်အရေးယူဆောင်ရွက်မှုအနိုင်အရှုံးက ဘယ်တော့လောက်ထွက်မလဲ
ပထမဆုံးထွက်လာမယ့် ကြားဖြတ် အရေးယူ ဆောင်ရွက်မှု အနိုင်အရှုံးကလည်း မြန်မာအတွက် အရေးကြီး ပါတယ်။
အဲဒီမှာ တရားရုံးက သက်သေအထောက်အထားတွေကို မဖျက်ပါနဲ့လို့ပြောရင် မြန်မာဘက်က အဲဒီသက် သေတွေကို ဘယ်လို ထိန်းသိမ်းထားတယ်ဆိုတာကို ၄ လ အတွင်း ပြန်ပြီး တော့ ICJ ကို တင်ပြရဖို့ရှိပါ တယ်။
ပထမဆုံး ထွက်လာမယ့် ကြားဖြတ် အရေးယူ ဆောင်ရွက်မှု အနိုင်အရှုံး ရလဒ်ဟာ ရက်ပိုင်း၊လပိုင်းအတွင်း လည်း ထွက်လေ့ရှိပါတယ်။ အမှုကြီးကတော့နှစ်နဲ့ ချီပြီးကြာလေ့ရှိတယ်လို့ လည်းဒေါ်ရည်မွန်ထွန်း ကပြော ပါတယ်။

Link : Here
No comments:
Post a Comment