မဇ္ဈိမ
ဖူးအိအိနွယ်
17 November 2019
ဓာတ်ပုံ - ဖူးအိအိနွယ်
ရန်ကုန်၊ နိုဝင်ဘာ ၁၇။ ။ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာကမ္ဘာ့သဘောတူညီချက်စာချုပ်(UNCAT) တွင် မြန်မာ နိုင်ငံအနေဖြင့် အမြန်ဆုံးလက်မှတ်ထိုးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တောင်းဆိုလိုက်သည်။
"ဒီပြည်သူလူထုကို ဖိနှိပ်တယ်ဆိုတဲ့ ကိစ္စတွေ၊ ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့
ကိစ္စတွေ ကာကွယ်ဖို့ ကျွန်တော်တို့ UNCAT ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ
ကမ္ဘာ့သဘောတူညီစာချုပ်ရှိတယ်။ နိုင်ငံတကာသဘောတူ စာချုပ်ရှိ တယ်။ ဒီဟာကို
အခုထိ ကျွန်တော်တို့ နိုင်ငံက လက်မှတ်ထိုးထားခြင်း မရှိသေးဘူး။ ဒါကို
အမြန်ဆုံးထိုး နိုင် ခြင်းအား ဖြင့် အစိုးရကိုလည်း နိုင်ငံတကာက
ယုံကြည်မှုပိုတိုးလာမှာဖြစ်သလို ကျွန်တော်တို့ တိုင်းသူပြည် သားတွေရဲ့
လုံခြုံမှုနဲ့ တိုင်းသူပြည်သားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်မယ့်
ကတိကဝတ်လည်း ပေးပြီး သားဖြစ်မယ်။ ဒါကြောင့် အနိမ့်ဆုံးအဆင့်တော့ ဒီ UNCAT
လို စာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးဖို့လိုတယ်" ဟုနိုင်ငံရေးအကျဉ်း
သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ အတွင်းရေးမှူး
ဦးတိတ်နိုင်ကပြောသည်။
ချက်ကိုစလိုဗားကီးယား(ချက်သမ္မတနိုင်ငံ)၏
နှစ်၃၀မြောက် ကတ္တီပါတော်လှန်ရေးအထိမ်းအမှတ်နှင့် နိုင်ငံ
ရေးအကျဉ်းသားဟောင်းများ နှိပ်စက်ခံရမှု အစီရင်ခံစာထုတ်ပြန်သည့်
အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့၊ Kafe in Town တွင်
ပြုလုပ်ပြီး ထိုသို့ တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။
စစ်အစိုးရ
လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကြုံတွေ့ခဲ့ရသည့်
နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုး ကို စာရင်းပြုစုရေးသားထားသော
အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများက
၎င်းတို့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည်ပြောပြထားသည့်
ရုပ်သံမှတ်တမ်းကိုလည်း ပြ သခဲ့သည်။
ရုပ်သံမှတ်တမ်းတွင်
စစ်အစိုးရလက်ထက်ကနိုင်ငံရေးအကျဉ်းသားတစ်ဦးအနေဖြင့်မိသားစုဝင်များပခြိမ်းခြောက်
ပြောဆိုမှုများကြုံတွေ့ရကြောင်း၊
နိုင်ငံရေးအကျဉ်းသူဟောင်းများအေနဖြင့်လည်း လိင်ပိုင်းဆိုင်ရာ စော်
ကားမှုများပါကြုံတွေ့ရကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၏
မိသားစုဖြစ်သောကြောင့် ထိခိုက်ခံ စားရမှုများကိုလည်း ကြုံတွေ့ခဲ့ရသူများက
၎င်းတို့၏ အတွေ့အကြုံကို ပြောထားသည်။
"အခုအစီရင်ခံစာက အရှေ့ကို
ဆက်သွားတဲ့အခါမှာ အတိတ်မှာဖြစ်ခဲ့ကိစ္စတွေကို သင်ခန်းစာယူဖို့ ရည်ရွယ်
ပါတယ်။ အကျဉ်းထောင်ထဲမှာကတော့ အဓိက အကျဉ်းသားအခွင့်အရေးပေါ့။ တစ်ချို့ဟာက
လူ့အခွင့် အ ရေးဆိုပေမယ့် လုံခြုံရေးအရ တားမြစ်ထားတဲ့ ကိစ္စမျိုးတွေ
ရှိနိုင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာက သတ် မှတ် ထားတဲ့
ဒီအကျဉ်းသားအခွင့်အရေးကိုပဲ အပြည့်အဝပေးဖို့ လိုတာဖြစ်ပါတယ်။ ဒီအတွက်လည်း
ကျွန် တော်တို့ အကျဉ်း ထောင်ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်ဖို့
တောက်လျှောက် တိုက်တွန်းနေတာပါ။ အခုလည်း အစိုးရဘက်က လုပ်ဆောင်နေတွေ
ရှိပါတယ်။ သို့ပေမယ့်လည်း ကျွန်တော်တို့ အကြံပြု သလောက် တော့ ဖြစ်မလာတဲ့
ကိစ္စတွေလည်း အများကြီးရှိနေပါတယ်" ဟု ဦးတိတ်နိုင်က ပြောသည်။
စစ်အစိုးရလက်ထက်တွင်
ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများသည် လူဂုဏ်သိက္ခာထိ
ခိုက်ခံရခြင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးခြင်း၊
ပြန်လည်လွတ်မြောက်ချိန်တွင်လည်း ပြန်လည် ထူ ထောင်နိုင်ခြင်းမရှိအောင်
ခြိမ်းခြောက်ခြင်းများကို ခံစားခဲ့ရကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။
ဒီမိက ရေ စီရရှိရေးအတွက် တက်ကြွလှုပ်ရှားကြသူများအပေါ်
အဆက်မပြတ်ရိုက်နှက်ညှဉ်းပန်းခြင်းသည် အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးကြေညာချက် သဘောတူညီမှု(UDHR)ကို
ချိုးဖောက်ခြင်းဖြစ်ကြောင်းကို လည်း အဆို ပါအစီ ရင်ခံစာတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်
နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဟောင်း စုစုပေါင်းတစ်သောင်းနီးပါးရှိနေပြီး
ငါးရာခိုင်နှုန်း မှ ခုနစ်ရာခိုင်နှုန်းသည်
နိုင်ငံရေးအကျဉ်းသူဟောင်းများဖြစ်ကြသည်။
Link : Here
No comments:
Post a Comment